လူကိုချစ်တာတော့ ဟုတ်ကောင်းဟုတ်ပါမည်။သီချင်းစာသားတော့ မေ့ကုန်ကြပြီ။
မြန်မာစာ အနှစ်တရာမခံရှာ။
တက္ကသိုလ်တွေမှာလည်း စာကိုမှန်အောင် မသင်တော့၊ မရေးကြတော့ပါ။
နှစ် ၁၀၀ ပြည့် ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေအကြောင်းရေးကြတဲ့စာတွေ မှန်တာရှားခဲ့ပါသည်။
ထိုသို့သောပုဂ္ဂိုလ်တွေက ဘာကိုချစ်ကြပါသနည်း။
“ငယ်ကချစ်တော့မမေ့ သာသည်”
ရေး။ ။ ကိုထွန်းမြင့်
ဆို။ ။ သန်းဖေလေး
(ငယ်ကချစ အအနှစ်တရာ မမေ့ သာသည်၊ တည်ကြည်ခိုင်မြဲ ချစ်ခဲ့ကြသည့်မို့လဲ ရေမြေနယ်ခြား ဘဝဆိုတာများ မရေးရာ၊ အခြေအနေခြားတာလဲ ချစ်ခြင်းမေတ္တာ ယုံကြည်ချက်နဲ့ မဆိုင်ပြီ ဒီဘဝဒီကမ္ဘာဆီ အော်...ဒီတယောက်ကိုမှ ချစ်တတ် လေသည် အမြဲ နောင်လဲချစ်လို့ နေမည်) ၂။
ဘဝအကြောင်းဆိုတာတွေ ပြန်ပြောင်းသက်သေထူခဲ့ရင် နေရာဟောင်းဆိုတာ အချစ်စစ်တို့ရဲ့ သစ္စာနယ်မြေဆိုတာများ မေလဲ သိခဲ့သည်။
ရေညိုရစ်ဝိုင်း မှိုင်းပြာရီ ဧဇေယျာ ကမ်းခြေဆီ ပွင့်ပြာပြာရေဝယ်ပြေးကစား ဗေဒါကလေးများအဖြစ်လဲ မပြောင်းလဲသည်။
ဟိုရှေးကာလ ဘဝတွေများမှ ယခုထိတိုင်သာ ဧရာမြစ်ရေယဉ်သည် အမိကမ္ဘာမြေဆီ စီးဆင်းနေမြဲ ဖြစ်သည်။ ဒီအသိတရားနဲ့ သံယောဇဉ်ဖွဲ့နှောင်ချည် ဖြစ်လာသမျှ အရေးအခင်းတွေလဲ တွေးရင်းနဲ့ ဘဲ တဝဲလည်လည်မို့ ငယ်ကချစ်အနှစ်တရာ မမေ့သာသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment