Skip to main content

လက်ရေတပြင်စီး လက်ရည်တပြင်တည်း



(၁)

လက်ရေတပြင်စီး(နေသည်)။ ။ "တစီး ပွားတည်း၊ တအိမ်ထောင်တည်းနေသည်။" ။ ရှေးက ထမင်း စားသောအခါ အိမ်ထောင်စုသားအားလုံးသည် ပန်းကန်ကိုယ်စီ မယူဘဲ ဗျပ်ခေါ် ယွန်းပန်းကန်ပြားကြီးထဲတွင် ကိုယ့်ထမင်းပုံနှင့်ကိုယ် ဝိုင်းဆုံစားသောက်ကြရာ တဖက်က ဆမ်းသော ဟင်းရည်တို့သည် တခြားတဖက်က ဆမ်းသော ဟင်းရည်တို့နှင့် တပြင်တည်း စီးဆုံ ပေါင်းစပ် သွားတတ်လေသည်။ ထို့သို့ လက်ရေ၊ ဟင်းရေ(ရည်) တပြင်တည်း စီးအောင် စားသောက် နေထိုင်ကြသည်ကို တင်စား၍ အိမ်ထောင်စု မခွဲမခြား၊ မောင်ဖွားတို့ စုပေါင်း၊ နေထိုင်လုပ်ကိုင် စားသောက်သည်ကို တင်စား၍ ဆိုသည်။

ဆိပ်ခဲတလင်း(ဖြစ်သည်။) ။ "ကတ္တပလတ်ဖော်မှ လေလွင့်သော မျောက်သည် လိပ်၏ပါးစပ်သို့ မိမိ တန်းဆာကို သွင်းရာမှ လိပ်က (စာမျက်နှာ ဆက်ရန်)

(၂)

လက်ရည်တပြင်တည်း - ကြိဝိ / လက်ယေ တဗျင်ဒီး / ဆိုးတူ ကောင်းဖက်အားဖြင့်။ သာအတူနာအတူ အညီအမျှအားဖြင့်။

လက်ရည်တူ - နဝိ / လက်ယေဒူ / လက်စွမ်းလက်စ အရည်အချင်း ချင်းချင်း တူညီသော။

- န / လက်ယေဒူ / လက်စွမ်းလက်စချင်း တူညီသူ။

လက်ရန်း - န / လက်ယန်း / အပြင်သို့ မကျူးမရောက်စေရန် လက်ကိုင်ရန် ပြုလုပ်ထားသော အကာတန်း။ (သင်္ဘော လက်ရန်း၊ လှေကားလက်ရန်း၊ တံတားလက်ရန်း၊ လှည်း လက်ရန်းစသည် ရှိသည်။)

(၃)

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြပါတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊

https://www.facebook.com/52khinthida46/videos/pcb.10210449548976065/10210449504814961/?type=3&theater

ဇာတိနွယ် (လက်ရည်တပြင်တည်း) တေးရေး နန်းတော်ရှေ့ဆရာတင်

မူရင်းဆို မကြည်အောင် https://www.facebook.com/100022042233499/videos/427552244656180/ မှန်တယ်။

လက်ရည်တပြင်တည်း ဆို - မာမာအေး တီး - စန္ဒရားဂီတလုင် မောင်ကိုကို https://www.youtube.com/watch?v=_d5A0pG92Ww

လက်ရည်တပြင်တည်း https://web.facebook.com/…/pcb.10210449…/10210449504814961/…

ဆို - မာမာအေး။ တီး - စန္ဒရားဂီတလုင် မောင်ကိုကို

သတ်ပုံမှန်နဲ့ တင်တာ အတော်ကိုရှားတယ်။

မှတ်ချက် -

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) စာမျက်နှာ ၁၀၁

လက်ရေတပြင်စီး = လက်ရည်တပြင်တည်း = ဆိုးတူကောင်းဖက်အားဖြင့်။ သာအတူ နာအတူ အတူအညီအမျှအားဖြင့်။

လက်ရေတပြင်စီး နဲ့ လက်ရည်တပြင်တည်း တို့ကသာ မှန်တယ်။

ဒေါင်းလန်းကြီးမှာ ဝိုင်းထိုင်ပြီး အတူတူစားသောက်နေသူတွေဆီကနေ ဟင်းရည်တွေ စီးကျနေတာလို့ အထင်နဲ့ လက်ရေလို့ ယူဆတာ မမှန်ပါ။ ဟင်းရေလို့ မရှိပါ။ သောက်ရေ၊ ဟင်းရည်၊ လက်ရည်လို့သာ ရှိတယ်။

၁။ သီချင်း - လက်ရည်တပြင်တည်း ဆို - မာမာအေး၊ တီး - စန္ဒရားဂီတလုင် မောင်ကိုကို၊ တခေတ်တခါက ရေဒီယိုဓာတ်ပြားတေးများ - မှန်တယ်။

၂။ လက်ရည်တပြင်တည်း - ဆို ကိုဖူးအံ့ https //www.facebook.com/100073432.../videos/774071090479608 - မှန်တယ်။

၃။ လက်ရေတပြင်တည်း (မူရင်း သီချင်းစာသား) - မှန်တယ်။

၄။ လက်ရည်တပြင်တည်း (မာမာအေး) - မှန်တယ်။

၅။ လက်ရေတပြင်တည်း တေးရေး နန်းတော်ရှေ့ဆရာတင်၊ အဆိုအတီး စောင်းအေးစုကျော် စောင်းတေးဂီတ၊ စန္ဒရား ကိုကျော်သူရဝင်း၊ ဒိုး ကိုမင်းထိုက်၊ အုပ်စုံ ကိုရီ၊ နှဲ ကိုသန့်ဇော် - မှန်တယ်။

၆။ လက်ရေတပြင်တည်း မြန်မာသံစဉ်သီချင်းကောင်းများ - မှန်တယ်။

၇။ လက်ရေတပြင်တည်း Kb ဇော်မျိုးဦး - မှန်တယ်။

၈။ မြန်မာသံစဉ် လက်ရေတပြင်တည်း ဂီတမှူး kBကိုချဲ လက်ရာရှင် - မှန်တယ်။

၉။ လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ် https://burmese-spelling.blogspot.com/.../blog-post_168.html

https://web.facebook.com/…/pcb.10210449…/10210449504814961/…

၁။ လက်ရေတပြင်တည်း (မူရင်း သီချင်းစာသား) - မှန်တယ်။

၂။ လက်ရည်တပြင်တည်း (မာမာအေး) - မှန်တယ်။

၃။ လက်ရည်တစ်ပြင်တည်း (စိုင်းထီးဆိုင်၊ ဟေမာနေဝင်း) - မှားတယ်။

၄။ လက်ရေတစ်ပြင်စီး တို့မြန်မာတွေလည်း ဒီလောက်မညစ်ပတ်ပါဘူး။ (တက္ကသိုလ်ဘုန်းနိုင် - လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ)- မှားတယ်။

၅။ လက်ရည်တစ်ပြင်တည်း - ဆိုးတူကောင်းဖက်။ သာတူညီမျှ။ မြန်မာအဘိဓာန် (၁၉၉၁) - မှားနေပါသည်။ 

မှတ်ချက် -

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) စာမျက်နှာ ၁၀၁

လက်ရေတပြင်စီး = လက်ရည်တပြင်တည်း = ဆိုးတူကောင်းဖက်အားဖြင့်။ သာအတူ နာအတူ အတူအညီအမျှအားဖြင့်။ 

လက်ရေတပြင်စီး နဲ့ လက်ရည်တပြင်တည်း တို့ကသာ မှန်တယ်။

ဒေါင်းလန်းကြီးမှာ ဝိုင်းထိုင်ပြီး အတူတူစားသောက်နေသူတွေဆီကနေ ဟင်းရည်တွေ စီးကျနေတာလို့ အထင်နဲ့ လက်ရေလို့ ယူဆတာ မမှန်ပါ။ ဟင်းရေလို့ မရှိပါ။ သောက်ရေ၊ ဟင်းရည်၊ လက်ရည်လို့သာ ရှိတယ်။

လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ် https://burmese-spelling.blogspot.com/.../blog-post_168.html

https://web.facebook.com/…/pcb.10210449…/10210449504814961/…

သီချင်း - လက်ရည်တပြင်တည်း ဆို - မာမာအေး၊ တီး - စန္ဒရားဂီတလုင် မောင်ကိုကို၊ တခေတ်တခါက ရေဒီယိုဓာတ်ပြားတေးများ - မှန်တယ်။

လက်ရည်တပြင်တည်း - ဆို ကိုဖူးအံ့ https //www.facebook.com/100073432.../videos/774071090479608 - မှန်တယ်။

လက်ရေတပြင်တည်း တေးရေး နန်းတော်ရှေ့ဆရာတင်၊ အဆိုအတီး စောင်းအေးစုကျော် စောင်းတေးဂီတ၊ စန္ဒရား ကိုကျော်သူရဝင်း၊ ဒိုး ကိုမင်းထိုက်၊ အုပ်စုံ ကိုရီ၊ နှဲ ကိုသန့်ဇော် - မှန်တယ်။

လက်ရေတပြင်တည်း မြန်မာသံစဉ်သီချင်းကောင်းများ - မှန်တယ်။

လက်ရေတပြင်တည်း Kb ဇော်မျိုးဦး - မှန်တယ်။

မြန်မာသံစဉ်  လက်ရေတပြင်တည်း ဂီတမှူး kBကိုချဲ လက်ရာရှင်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ