ဂေါ်သဇင်ပန်း ကွန်မင့်များကပေးသော ပန်းအမည်များ1. လှေလှော်ပန်း မွှေးနေတာဘဲ
2. ကောက်ရင်ပန်း (Yam) ကဒူဥ
3. ကောက်ရင်ပေါ်ပန်းလို့ ခေါ်ပါတယ် ဒေသတခုနှင့်တခုတော့ မတူဘူးပေါ့
4. ခွာညိုလို့ခေါ်တဲ့ပန်းနဲ့ တူတယ်ထင်တယ်ဆရာ
5. ဂေါ်သဇင်ပန်း
6. ဒီဇင်ဘာပန်း
7. ဒေသအခေါ် နွားကျောင်းပန်း ပါ
8. လှေလှော်ပန်း
9. လှေလှော်ပန်း @ ကောက်ရင်ပန်း
10. လှေလှော်ပန်းလို့ခေါ်တာပါရှင့်
11. ဝရောင်းပန်းလို့လည်းခေါ်ပါတယ်
12. ဝါးရောင်းခြောက်ပန်း
13. ဝါးရောင်းပန်း လို့ ခေါ်ပါတယ်ရှင့်
14. ဝါးရောင်းပန်းလိုလဲခေါ်ပါတယ်ဆရာ
တယောကင်တမျိုး၊ တယောက်ပေါက်ကတော့ မြန်မာဆန်တယ်။
ဒါပေမဲ့
မမြရင်ရဲ့သီချင်းက မူရင်းအမည်မှန်ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
လေဘာတီမမြရင် (၁၉၀၄ - ၁၉၄၅)
အမည်သစ်ပေးသူတချို့ မမြရင်သီချင်းဆိုစဉ်က မမွေးလောက်ကြသေးပါ။
ကြူကြူမွှေးတဲ့ (ဂေါ်သဇင်) ၂ ထူးလဲထူးတဲ့ (တော်ဝင်) ၂
ချစ်သူကြိုက်သူ ထိုင်သူမှန်ရင် ပျိုဝမ်းသာရဲ့ (မယ်ရင်) ၂
ကြူကြူမွှေးတဲ့ (ဂေါ်သဇင်) ၂ ထူးလဲထူးတဲ့ (တော်ဝင်) ၂
ချစ်သူကြိုက်သူ ထိုက်သူမှန်ရင် ပျိုဝမ်းသာရဲ့ (မယ်ရင်) ၂
(ရွှေသစ္စာ ပန်ဆင် ပန်ဆင် ငွေသစ္စာပန်ဆင်ပန်ဆင်
ဖူးစာပြိုင်မယ်ရှင် မြရင် မြရင် စမ်းသာတဲ့ ပန်းများသဇင်
https://www.youtube.com/watch?v=OoBT-l2QNFM
ဒေါက်တာတင့်ဆွေ

Comments
Post a Comment