အလောတကြီးမပြု၊ စိတ်မသက်မသာလည်း မဖြစ်ကြပါ။
သူတို့သည် မည်သူတွေ သူ့ရှေ့ရောက်နေသည်ကို ဂရုမစိုက်ကြပါ။
တိတ်ဆိတ်ငြိမ်သက်သည်ဖြစ်စေ၊ ရှုပ်ထွေးရုန်းရင်းဆန်ခတ် ဖြစ်သည်ဖြစ်စေ
မိမိလှမ်းစရာရှိသော ခြေလှမ်းကို တလှမ်းချင်း မှန်မှန်လှမ်း၍ ခရီးဆက်ကြပါ၏။
သို့ဖြင့် ကမ်းခြေသို့ အမြဲတမ်း ရောက်ရှိကြလေသည်။
အကြောင်းမူကား တိုးတက်အောင်မြင်မှုကို အရှိန်အဟုန်က ဆုံးဖြတ်သည်မဟုတ်ဘဲ
သည်းခံဇွဲရှိမှုကသာ ဆုံးဖြတ်သောကြောင့် ဖြစ်ပါသည်။
ကိုယ်ပိုင်အကာအကွယ်လည်း ရှိကြသည်။
သင်လည်း သုတ်သုတ်ပြာပြာ အပြေးလှမ်းစရာ မလိုပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment