(လယ်တီဆရာတော်)
မျက်မြင်မှာ ဉာဏ်တွဲလို့၊
အနဲနဲ ရှုပါ၊
ငရဲနှင့် လူ့ရွာ၊
ခုအခါ မခြား။
မီးသုံးရပ် ဗလောင်ဆူ၊
အကောင်ပူ သင်းတို့ဖြစ်လား။ ။
စိတ်ရတက် အညစ်ထူ၊
အပြစ်မူ ထွေပြား၊
တထွေထွေ သေလို့သွားရင်လ၊
တဘွားဘွား အောက်မှာ။
ယမနယ် ဘုံအနှုန်း၊
အကုန်လုံး စုကြမည်သာ။ ။
သို့ကလောက် လူငြမ်းဟာကို၊
ရှုစမ်းပါ ညီလှရဲ့၊
မှီသမျှ ဉာဏ်ကုန်မျှော်နော်၊
ရောလို့ မတော်…။
အလိုလိုက်လို့ အငိုက်ချော်လျှင်၊
တဟိုက်ဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။ ။
(လယ်တီဆရာတော်ဘုရားကြီး။)
တပည့်- ဦးသူရိန္ဒအား ဆုံးမသောစာ ဟူ၏။
#ရှေးစာကဗျာများ ကျေးဇူး။
လယ်တီဆရာတော်ကြီး ရေးသားတော်မူတဲ့စာ မူရင်းမှန်ရင် သတ်ပုံလည်းမှန်တယ်။
တထွေထွေ
တဘွားဘွား
တဟိုက်ဟိုက်ဟော်ဟော်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment