Skip to main content

ပန်းလက်ဆောင်

 

‘ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ခြင်းခြင်းနီသော်လည်း ငါမညွတ်’ ဟူ၍လည်းအဆိုရှိသည်။ ဤအဆိုသည် ယခုစကားပုံ၏မှန်ကန်မှုကိုပြသော သစ္စာပြဒါးတိုင်ပင်တည်း။ 

‘ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ’ဟူသောစကားစဉ်လာကလည်း ဇွဲသတ္တိကိုကူပံ့ပြန်သည်။ မည်သည့်ကိစ္စကိုမဆို စွဲစွဲမြဲမြဲလုပ်ဆောင်က အောင်မြင်ရမည်။ 

‘ယောက်ျားတံခွန် လူရည်ချွန်’ ပီပီ ‘ကျားကိုခလုတ်၊ သစ်ငုပ်ကိုသင်ဖြူး၊ ဆူးကိုမွေ့ရာ’ ပြုကာ အခက်အခဲတို့ကို ရင်ဆိုင်ရမည်။ ညည်းညူခြင်းမရှိ၊ ဝီရိယသန်သန် ခြေလှမ်းမှန်မှန်ကြိုးစားပါမူ အောင်မြင်ခြင်းသည် လက်ဝယ်ရောက်ရှိလာနိုင်မည်။ အောင်ပန်းဟူသည် လှမ်းမမှီသူ မရှိ၊ မလှမ်းသူသာ မလှမ်းသူ

သာရှိသည်။ 

‘တဆင့်တက်သော်၊ တတောင်ကျော်၊ 

တမှော်ရုံတိုး၊ တခြုံလျှိုး၍ 

တမိုးသောက်လျှင်၊ တနေဝင်၊ 

တပင်မြိုင်ကြီး၊ ဂနိုင်ဆီး’ သည်ပင်ဖြစ်စေ သက်စွန့်ဆံဖျား စွန့်စားဝံရဲ လုံ့လဇွဲဖြင့်အားခဲကြရမည် ‘ယောက်ျားတို့လုုံ့လ သေခါမှလျော့’ ရိုးထုံးစံရှိသည်။ 

အခက်အခဲတည်းဟူသော တောင်ကြီးသည် မည်မျှပင်ကြီးသည်မှန်စေ လုံ့တံခွန်လွှင့်ထူသူ၏ ဖဝါးအောက် ရောက်စမြဲဖြစ်သည်။ 

ဘေးရန်အသွယ်သွယ် အန္တရာယ်အဝတည်းဟူသော ရေလှိုင်းတို့သည် မည်မျှပင်ကြီးသည်မှန်စေ လုံ့လဥသာဟဖြင့် မဆုတ်မနစ်ကြိုးပမ်းမှုဟူသော လှေယာဉ်အောက် ရောက်ရစမြဲဖြစ်သည်။ 

ဇွဲကြီးသူ၏ရှေ့မှောက်၌ ဘေးရန်ပျောက်ရသည်။ နေခြည်ထိကျောက်က နှင်းမြူပျောက်ရသ့ည်ပမာတည်း။ ဆုံးရှုံးမှုများကို  သတ္တိကို မြှော့သွေးစမ်းခြင်းဖြစ်သည်။ လူတဦး၏ ဇွဲသတ္တိကို မှတ်ကျောက်တင်ကြည့်ခြင်းဖြစ်သည်။

ဇွဲညံ့သူကို အရှုံးက အနိုင်ယူသည်။ ဇွဲကောင်းသူကို အောင်မြင်ခြင်းက မျက်နှာသာပေးသည်။ သရဖူအောင်ပန်းကို ဆင်မြန်းခွင့်ရသည်။ 

“ဝီရိယဝတော ကိံ နာမကမ္မံ နသိဇ္ဈတိ” 

(ဝီရိယရှိသူအား အမှုကိစ္စမပြီးပြတ်သည်ဟူ၍မရှိ) 

ဟူ၍လည်း ဆိုထိုက်သည်။ ဝီရိယအကျိုးပွားတိုးမြဲဖြစ်သည်။ 

ဆုံးရှုံးခြင်း အောင်မြင်ခြင်းသည် ကိုယ့်ဝန်တာမဟုတ်။ ဇွဲမလျှော့ အားမလျှော့ဘဲ ကြိုးစားခြင်းသည်သာ ကိုယ့်ဝန်တာဖြစ်သည်။ အကြောင်းတရားကိုသာ မိမိကဖန်တီးရသည်။ ပင်စည် ပင်မ စိုပြေလျှင် အသီးအပွင့် အခက်အလက်တို့ စိုပြေမြိုင်ဆိုင်မြဲဖြစ်သည်။

အကြိမ်ကြိမ်အထပ်ထပ် ကြိုးစားအားထုတ်သူသည် တနေ့တွင် လိုရာပန်းတိုင်ကို ရောက်စမြဲဖြစ်သည်။ ယုန်နှင့်လိပ် အပြေးပြိုင်ပွဲဟူသော ဒန္တာရီကလေးကို ဤနေရာတွင် သတိရရာခုဖြစ်သည်။ ယုန်သည် ဖြတ်လမ်းသမားဖြစ်သည်။ သူ့၌ အပြေးလျင်သော စွမ်းအင်ရှိသည်။ သို့သော် ဇွဲရှိသူမဟုတ်ချေ။ တရေးတမော အိပ်၍ အပန်းဖြေနေသေးသည်။ လိပ်ကား ထိုသို့မဟုတ်။ လှေခွတ်ချည်း ဆန်ရပါစေ၊ အလံမလှဲတတ်’ သည့် ဇွဲသတ္တိသမားဖြစ်သည်။ သို့နှင့် နောက်ဆုံးတွင် ဇွဲသတ္တိသမားလိပ်က သာလျှင် အောင်ပွဲဆင်ကာ ပန်းတိုင်ဝင်လာရသည်။

မှတ်ရန်

သင်ခန်းစာနဲ့အတူ သတ်ပုံကိုပါ လိုက်နာကြပါရန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ