Skip to main content

မြန်မာစာ ဖေါ်မြူလာတွေ မှားနေသည်

(မြန်မာစာပုံသေနည်းတွေ မမှန် သို့မဟုတ် ခြွင်းချက်တွေပါနေတယ်)

ကွန်မင့်တခု = ကိန်းဂဏန်းတွေက နာမ်ရဲ့ ဂုဏ်ရည်တွေထဲက အရေအတွက်ကိုပြတဲ့ နာမဝိသေသန တွေဘဲကို တစ်နှစ် တစ်ခါ တစ်ယောက် တစ်ခု တစ်ရက် တစ်ကြိမ် တစ်ပွဲ တစ်နာရီ ဆရာ ရောနေတာက တဖန် (နှစ်ဖန်လို့ မရှိ) တခါတလေ (နှစ်ခါ နှစ်လေ လို့ မရှိ) တတောက််တောက် (နှစ်တောက်တောက်လို့ မရှိ) တပြွတ်တခဲ (နှစ်ပြွတ် နှစ်ခဲလို့ မရှိ) တပုံတပင် (နှစ်ပုံ နှစ်ပင်လို့ မရှိ) တကြိမ်တရံ (နှစ်ကြိမ် နှစ်ရံလို့ မရှိ) အဲ့တာတွေက မှန်တယ်။ ဒါပေမဲ့ တစည်း ဆိုရင်မှားတယ် (နှစ်စည်း၊ သုံးစည်း) တခဲ တသုတ် တစုံ အကုန်မှားတယ်။

ပြန်စာ

ဒီလိုကွန်မင့်မျိုးတွေ အခါ ၁၀၀ (တရာ) လောက်ရပါတယ်။

ခုခေတ် မှားရေး၊ မှားသင်၊ မှားပြီးပုံနှိပ်ထုတ်ဝေနေတာတွေကို သုတေသနသဘော လေ့လာနေတာ ၁၅ နှစ်ရှိပါပြီ။ ရမ်းမရေးပါ။ မစုံသေး၊ အကုန်သေးပါ။ 

ခဏခဏ(ခဏခဏ) တင်ပြထားပါတယ်။ မြန်မာစာမှာ ပုံသေနည်းတွေနဲ့သင်တာ မမှန် သို့မဟုတ် ချွင်းချက်တွေပါနေတယ်။

ဖေါ်မြူလာ ၁ = ရေတွက်လို့ရရင် တစ် - မမှန်ပါ။ ပိုက်ဆံ တပြား၊ တကျပ်၊ တမတ်၊ တဆယ်၊ တရာတန်တွေ တရားဝင်ထုတ်ခဲ့တယ်။

ဖေါ်မြူလာ ၂ = ခငဂဒေပဝ မောက်ချပါ။  ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့အထိကတော့ မှန်သေးတယ်။ ကျန်တာတွေကို မောက်ချနဲ့ မရေးရသလို ထင်ပြီး မှားနေကြတယ်။ 

- ကာတွန်း၊ သတင်းခေါင်းစဉ်နဲ့ ကျောက်ပြားစာတွေမှာ အဆင်သင့်တဲ့ ရေးချကို သုံးပါတယ်။

- အဲဒီ (၆) လုံးထဲမှာ (ဓ) မပါ။ နောက်ထုတ် သတ်ပုံစာအုပ်သစ်တွေမှာ (ဓာ) လို့သာရေးခိုင်းတယ်။ မမှန်ပါ။ ဓါတ်ပုံလို့ ရေးလည်း မှန်တယ်။ ဓါ နဲ့ ဓာ မူကွဲသာဖြစ်တယ်။ ဓါတုဗေဒ၊ ရာဇဓါတုကလျာ။ ဖေါ်မြူလာ = ဖော်မြူလာ။ ရွှေမော်ဓော = ရွှေမော်ဓေါ = ရွှေမေါ်ဓော = ရွှေမေါ်ဓေါ။

ဖေါ်မြူလာ ၃ = မ နောက် ဘဲ လိုက်။ မမှန်ပါ။ ပဲ နဲ့ ဘဲ ကို အဆင်သင့်သလိုသုံးနိုင်တယ်။ 

- ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ (ဇော်ဂျီ)

- သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)။

ဖေါ်မြူလာ ၄ = ကလေးဗူးမှုတ်တာကလွဲရင် ဘူး - မှားတယ်။ ဗူးဘုရား။ ဗူးသီး။

ဖေါ်မြူလာ ၅ = နှစ်မရှိတဲ့အတွက် တ နဲ့ရေး။ ဥပမာ တယူသန် ဘဲရှိတယ်။ နှစ်ယူသန် သုံးယူသန် မရှိ တဲ့။ မဟုတ်ပါ။

ဟိုအရင်ခေတ်က ကလေးတွေ ကစားရင်းနဲ့ စုံဂဏန်းတွေကို ရေတွက်ကြတဲ့အခါ ၂၊ ၄၊ ၆၊ ၈၊ ၁၀ ကို တပြူး၊ တလံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုးလို့ ရေတွက်ကြပါတယ်။ နှစ်ပြူးရှိပါတယ်။ တလံ နောက်မှာ နှစ်လံ၊ သုံးလံ စသည်ရှိပါတယ်။ အဲဒါကြောင့် နှစ်လံမရှိလို့သာ တလံလို့ ရေးရတာ မဟုတ်ပါ။ ဖေါ်မြူလာ မမှန်ပါ။

သက်သေခံအထောက်အထား ရာပေါင်းများစွာတင်ပြထားတယ်။ Blog မှာ စာတွေအကုန်ရှိတယ်။

ပဲ နဲ့ ဘဲ ဋီကာ https://burmese-spelling.blogspot.com/.../blog-post_12.html

နတ်သုဓါ ရွှေမော်ဓေါ ရာဇဓါတုကလျာ ဖေါ်မြူလာ https://burmese-spelling.blogspot.com/.../blog-post_259.html

ပန်းပန်လျက်ပဲ လို့ရေးတာက ဆိတ်အုပ်ကဗျာ https://burmese-spelling.blogspot.com/.../blog-post_60.html

ဒါး နှင့် ဓား https://burmese-spelling.blogspot.com/.../blog-post_3.html

မြန်မာစာရေးတာ ဘာကြောင့်မှားကြသနည်း https://burmese-spelling.blogspot.com/.../blog-post_86.html

အမှားရှောင်တတ်ရင် မြန်မာစာအစစ်ကို တွေ့ပါမယ် https://burmese-spelling.blogspot.com/.../blog-post_620.html

Survey စနစ်ကျတဲ့ဆန်းစစ်မှု မလုပ်အားပါ https://burmese-spelling.blogspot.com/2022/09/survey.html

"သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ" https://burmese-spelling.blogspot.com/.../blog-post_16.html

စုဗူးကလေး https://burmese-spelling.blogspot.com/.../blog-post_540.html

H2O မြန်မာစာ ဖေါ်မြူလာတို့၏ အမှားနှင့် ချွင်းချက်များ https://burmese-spelling.blogspot.com/2023/10/h2o.html

နောက်ထပ်လည်း လင့် တွေ ရှိပါသေးတယ်။

ပုံသေနည်းဆိုတာ အမြဲမှန်နေရတယ်။ ဓါတုဗေဒ၊ ရူပဗေဒနဲ့ သင်္ချာတို့နဲ့ မြန်မာစာ မတူပါ။

ဒါပေမဲ့ လူကြီးများများသဘောတော်မြတ်အတိုင်းသာ ဖြစ်ပါကြောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ