အစဉ်အဆက် ရေးလာခဲ့ကြတုဲ စာလုံးပေါင်း
အခု "စင်ကပူ" တဲ့။
ကင်းစီး ခေါ် (-င်္) ရှာမရရင်လည်း "စင်ကာပူ" က တော်သေး။
"အိုးကမပူ စလောင်းပူ" လို့သာ ရှိတယ်။
အစဉ်အဆက် ရေးလာခဲ့ကြတဲ့ "မန္တလေး" ကို "မန်းလေး" တဲ့။
ပျက်ပျက်လာတာတာတွေ များပြီ။
မြို့အမည်တွေ၊ ဘုရားအမည်တွေပါ ပျက်ကုန်တယ်။
မှားရေးနေတဲ့အမည် သက်သေခံတွေ တင်ပြထားပါတယ်။ အများကြီး။
စာပျက်တော့ တွေးတောဆင်ခြင်မှု ပျက်တယ်။
မှန်အောင်မရေးတတ်သူတွေဘက်ကနေ ဆင်ခြေပေးသူတွေ၊ ရှေ့နေလိုက်ပေးသူတွေကလည်း ပေါတယ်။
အရေးထဲ အမှားထောက်ပြသူကို "တရားအတု" လာပြသူတွေကလည်း မနည်း။
တိုင်းပြည်ပျက်တော့မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment