မေတ္တာဆမ်း၊ ဝမ်းပန်းရွှင်မေမေ့သား၊ ယဉ်ယဉ်၊
စာသင်ပါလို့၊ အပြန်လမ်း
မေမေဆီးတဲ့နမ်း။
မျက်ရည်ဆမ်း၊ ဝမ်းပန်းငယ်
သူဖုန်းစား၊ လူမမယ်၊
တနေကွယ် တမိုးသောက်
လမ်းပေါ်လှည့်လည် လျှောက်။
မိုးဆန်းပန်း၊ လန်းဝေဝေ
မြညှာ စိမ်းပြေပြေ၊
ညှင်းလေသုန်သုန် မြိုင်အနှံ့
ကြိုင်လှိုင်မွှေးထုံပျံ့။
နေသင့်ပန်း၊ နွမ်းခွေခွေ
ဧည့်သည် လိပ်ပြာတွေ၊
တနေညိုတော့ ညှာကိုစွန့်
မြေမှာတလွန့်လွန့်။
ပန်းတိုင်းဆန်း၊ လန်းပါစေ
မေသား ဆုပန်ချွေ၊
မိုးရေကြည်ကြည် ဆမ်းစေတော်
လိပ်ပြာနားပါလော့။
မောင်ကြော့ဦး
မှတ်ရန်
တိုင်းရင်းမေခေတ်က မြန်မာစာကို သတ်ပုံမှန်အောင်ရေးကြတယ်။
အခုတော့ …
တနေကွယ် မဟုတ်ရတဲ့။
တမိုးသောက် မဟုတ်ရတဲ့။
တနေညိုတော့ မဟုတ်ရတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment