ကွန်မင့်တခု = မြေဇာပင် မြေဇာရွက်လို့လဲ ခေါ်ပါတယ်
မြေစာလို့ ရေးရတယ်။
မြေစာကျွေး
မြေစာပင်
မြေစာမြက်
မြေစာဥ
မြေစာပင် (တင်စားချက် အသုံး) = နှစ်ဖက်ယှဉ်ပြိုင်တိုက်ခိုက်မှုကြားတွင်ဒုက္ခရောက်ရသူ။
မြေစာ၁ - န / မျေဇာ / အဆစ်တိုင်းမှ သေးငယ်သော ရွက်ချွန်းရှည်များထွက် မြေ၌ တွားပေါက်လေ့ရှိသော ဆေးဖက်ဝင် မြက်တမျိုး။
မြေစာ၂ - န / မျေဇာ / တစုံတခုသောနေရာမှ ဖြိုဖဲ့တူးဖော်ရရှိသော မြေသား။
မြေစာကျွေး - ကြိ / မျေဇာကျွေး / သစ်ပင်၏အခြေ၌ မြေသားအုံထပ်၍ အပင်ကို အားစည်အောင်ပြုသည်။
မြေစာပင် - န / မျေဇာပင် / ၁။ မြေစာ၁ - န၊ နှင့်အတူတူ။
၂။ [ဥပစာ] ယှဉ်ပြိုင်သူနှစ်ဦးနှစ်ဘက်ကြားတွင် ရောက်နေသောကြောင့် နှစ်နာသော ကြားလူ။
မြေစာမြက် - န / မျေဇာမျက် / ဝက်မြေဇာဥ - န၊ နှင့်အတူ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment