Skip to main content

ကျ နဲ့ ကြ မှားနေသည်

သတင်းတော့ မသိပါ။ စာရေးတာကိုသာ ပြင်ပါတယ်။

ကြ ကလည်း ဗဟုဝုဒ် အများကိန်းအတွက်သာ သုံးရတယ်။

ဗဟုဝုဒ် (Plural) ဆိုသည်မှာ သဒ္ဒါနည်းအရ အရေအတွက် တခုထက်ပိုခြင်း (နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုခြင်း) ကို ပြဆိုသော ဝုဒ် (Number) ဖြစ်ပါသည်။မြန်မာသဒ္ဒါတွင် ဝုဒ် (၂) မျိုးရှိသည့်အနက် တခုတည်းကိုပြလျှင် "ဧကဝုဒ်" ဟုခေါ်ပြီး၊ တခုထက်ပိုလျှင် "ဗဟုဝုဒ်" ဟု ခေါ်ဆိုပါသည်။

နာမ် သို့မဟုတ် နာမ်စားတခုကို ဗဟုဝုဒ်အဖြစ် ပြောင်းလဲလိုပါက အောက်ပါနောက်ဆက်တွဲပစ္စည်းများကို ထည့်သွင်းအသုံးပြုရပါသည်--များ (အသုံးအများဆုံး)ဥပမာ - လူ များ၊ စာအုပ် များ၊ သူ တို့ များ-တို့ (အစုအဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်များကို ညွှန်းဆိုရာတွင် သုံးသည်)ဥပမာ - ကျွန်ုပ် တို့၊ ကလေး တို့၊ မိဘ တို့-စု (အုပ်စုအလိုက် ဖော်ပြလိုသောအခါ သုံးသည်)ဥပမာ - လူငယ် စု၊ အလုပ်သမား စု။

ဒီသတင်းမှာ 'ကျ' အစား 'ကြ' သုံးလည်း မမှန်သေးပါ။

'ပီ' လည်း မှားတယ်။ 'ပြီ' လို့ရေးရတယ်။

'ပီ' ဆိုတာ စကားပီသ၊ ယောက်ျားပီပီ စသည်။

"ကိုရီးယားက နှင်ထုတ်ပြီ"

ကြ နဲ့ ကျ မှားနေသူတွေကလည်း အများကြီး။

သူငယ်တန်းအဆင့်မြန်မာစာသာ ဖြစ်ပါတယ်။

ကြ နှင့် ကျ https://burmese-spelling.blogspot.com/2026/05/blog-post_291.html

ကျ နှင့် ကြ (၂) https://burmese-spelling.blogspot.com/2025/01/blog-post_276.htmlကျ နဲ့ ကြ ကို အခါ ၂၀ လောက်တင်ပြထားပြီးပြီ https://burmese-spelling.blogspot.com/2025/03/blog-post_832.html

ဒေါက်တာတင့်ဆွေ

၂၁-၉-၂၀၂၅

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ