ကွန်မင့်တခု = ဒီနေ့ FM လိုင်းကအသံလွှင်တာ နားထောင်မိလိုက်ပါတယ်ဆရာ သတ်ပုံကြမ်းကို ပြန်ပြင်ထားတယ်ဆိုတဲ့အကြောင်းနဲ့
တ/တစ်
အုံး/ဦး
ကို ကြိုက်ရာသုံးလို့ရတယ်ဆိုတဲ့အကြောင်း ဆရာ့ကို မျက်လုံးထဲလှမ်းမြင်မိတယ်။ ဆရာ့ကျေးဇူးတွေပါလို့ မြန်မာစာမြန်မာစကားအတွက် လေးစားစွာနဲ့ ကျေးဇူးတင်ပါတယ်ဆရာ။
မှတ်ချက်
ဟုတ်။
မုံ့ရွေးစားသလို။
ဘယ်မုံ့စားမလဲ။
အမျိုရခက်တာသာ လူကြိုက်များတယ်။
ဟိုနေ့က တင်ပြလိုက်တဲ့ မုံ့လုံးကြီး တလုံးကာတွန်းလို။
ဦး နဲ့ အုံး လည်း ကြိုသလို မရသင့်ပါ။
ခေါင်းအုံး ကို ခေါင်းဦး မရေးသင့်ပါ။
အုံး နဲ့ အုန်း ကတော့ တခါတခါအဆင်ပြေသလို ရေးပါတယ်။
နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါအုံး။
မုံ့ နဲ့ မုန့် ကတော့ မူကွဲအမှန်တွေဖြစ်ပါတယ်။
တ နဲ့ တစ် က မူကွဲ မဟုတ်ပါ။
ဘာဘဲဆိုဆို တဝက်လောက်တော့ နီးစပ်လာသလိုလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment