မျက်စိစွန်နားထိသွားပါတယ်ဆိုတာ မရှင်းပါ။ မျက်စိ + နားကိုထိခိုက်သလိုဖြစ်နေတယ်။ မျက်စိစွန်ရောဂါလည်းရှိတယ်။ စာကိုရှင်းလင်းအောင်ရေးသင့်တယ်။ ပုံအရ မျက်စိအဖြူလွှာမှာဖြစ်တာ မစိုးရိမ်ရ။ Cipro, Gentamycin မျက်စဉ်း တခုခု ၄-၅ ရက်ခတ်နိုင်။ အရည်ကြည်ဖုဆိုတာ ဗိုင်းရပ်စ်တမျိုးမျိုးလို့ ထင်ရ။ အလိုလိုပျောက်နိုင်။ ပါရာစီတမောဆေးကို ကလေးအသက်အရ တိုက်နိုင်။ ယောက်ပြီးလို့မရေးရ။ ရောင်ပြီးလို့ရေးရတယ်။
ယောက်
ချည်ယောက်သည်
ဂယောက်ဂယက်
တယောက် နှစ်ယောက်
ပန်းကန်ခွက်ယောက်
ပုဆိုးကိုလည်မှာ ယောက်သည်
ရက်ဖေါက်ယောက်သည်
ယောက်ခမ
ယောက်ချိုဇွန်း
ယောက်ဖ (ဆွေးမျိုး)
ယောက်ဖခွေးခေါ်ငှက်
ယောက်မ (ဟင်းမွှေစရာ)
ယောက်မ (ဆွေမျိုး)
ယောက်ယက်ခပ်သည်
ယောက်ယက်ဆံ
ယောက်ယား = ယောက်ျား
ယောက်လုံး
ယောက်သွား
ယောက်ျား
ရောင်
ကိုယ်လက်ရောင်ရမ်း
လရောင်
အလင်းရောင်
အရောင်အဆင်း
နေရောင်
ဖေါရောင်သည်
ဖေါရောင်သည်
ရောင်ဆင်းတင့်တယ်
ရောင်ညီး
ရောင်ခြည်တော်
ရောင်ပြန်ဟပ်
ရောင်ရင်ငှက်
ရောင်လျှံတော်
ရောင်ဝှန်
ရောင်ဝါထိန်ညီး
ရောင်အန်း မို့ဖောင်း
ရွှေဘုန်းတော်ရောင်ခြည် ခြောက်ရောင်ကွန့်မြူးသည့်
[ ယင် - ယဉ် - ယျဉ် - ယျဉ် - ယှဉ် ]
ကဝိဓဇသတ်ပုံကျမ်း စာမျက်နှာ ၃၁၁
ရိုက်။ ရိုက်သည်။ ရိုက်ခပ်သည်။ ရိုက်ပုတ်သည်။ ရိုက်မှု။ မြင်းသရိုက်နာ၊ အရိုက်အရာ။ ရိုက်ကြည်း= (မြင်းဟိန်းသည်-ချုန်းသည်) = [ပေ]။ ချုန်းရိုက်ချုန်းရိုက်။ အမှိုက်သရိုက်။
ရိုဋ်။ သင်္သကရိဋ်ဘာသာ= (သက္ကဋဘာသာ)။ ‖
ရိုတ်။ ဒုစရိုတ်။ သုစရိုတ်= (ဒုစရိတ-သုစရိတ)။ ‖
[ ယောက် - ရောက် ]
ယောက်။ ယောက်ယား= (ယောက်ျား)=[ပေ]။ ယောက်ခမ၊ ယောက်မ၊ ယောက်ဖ၊ ယောက်ချို။ ယောက်ယက်ခတ်သည်။ ယောက်သွား။ ယောက်ယီးယောက်ယက်။ ခွက်ယောက်ပန်းကန်။ သယောက်= (လင်စောင်လင်ငယ်)=[ပေ]။ ယောက်စောက်မြို့၊ တညင်းလုံးယောက်၊ ရက်ဖေါက်ယောက်။ တယောက် နှစ်ယောက်။ ယောက်ယက်ဆံ။ ယောက်ဖခွေးခေါ်ငှက်၊ ငသယောက်မြို့၊ ဂယောက်ဂယက်။ ‖
ရောက်။ ရောက်သည်။ ရောက်ရာဘဝ၊ ရောက်ဘူးသည်။ ရောက်အောင်သွား။ ရောက်ပြန်ခရီး။ ရောက်ရာပေါက်ရာ၊ အရောက်အပေါက်။ သွားရောက်လာရောက်။ ကြားရောက်။ အဝေးရောက်မင်း။ ကိုရောက်။ ရောက်ချင်သည်။ ဆိုက်ရောက်သည်။ ရောက်မဆိုက်။ ရောက်စိမ့်ရည်၍။ ‖
[ ယင် - ယဉ် - ယျဉ် - ယျဉ် - ယှဉ် ]
ယင်။ ယင်ကောင်။ ယင်ဘောင်စာငါး။ ယင်ဘောင်ငှက်။ ယင်ပျား။ ယင်ရဲ။ ယင်မမဲရောင်။ ယောင်ယင်ငှက်။ တုန်တုန်ယင်ယင်။
မှတ်ရန်များ
ရက်ဖေါက်ယောက် (ဖောက် သာ မဟုတ်ပါ။ ဖေါက် လို့ရေးလည်း မှန်တယ်)
တယောက် နှစ်ယောက် (စ မသတ်ပါ)
ရောက်ဘူးသည် (ရောက်ဖူး မဟုတ်ပါ)
ကျွန်တော့်ဆီစာရေးရင်တော့ မှန်စေချင်တယ်။ သတ်ပုံမမှားစေချင်ပါ။ အဲလိုမရေးလိုသူတွေက တခြားမှာသာ မေးပါရန်။
ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments
Post a Comment