ပိုမိုထင်ရှားလာမည့် အချက်တချက်မှာ -
လူတို့သည် ၎င်းတို့၏ ရုပ်ရည် သို့မဟုတ် စကားပြောဆိုပုံကြောင့် လှပကြခြင်း မဟုတ်ပေ။
၎င်းတို့က သူတပါးအပေါ် မေတ္တာထားပုံ၊ ဂရုစိုက်စောင့်ရှောက်ပုံနှင့် ဆက်ဆံပုံတို့ကြောင့်သာ
လှပကြခြင်း ဖြစ်ပေသည်။
ငယ်ငယ်တုန်းက ကိုယ့်ထထ် အရွယ်ကြီးသူတွေ သန်မာသူ၊ မြန်ဆန်သူတွကို အားကျအထင်ကြီးကြတယ်။
အရွယ်လတ်ပိုင်းမှာ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ဓနဂုဏ်ကြီးသူတွေကို အားကျအထင်ကြီးကြတယ်။
အရွယ် အနယ်ထိုင်လာတော့ အမြင်ပြောင်းသွားပြီ။
လူတဦးကို မြင်တာနဲ့၊ ပြောဆိုဆက်ဆံရတာနဲ့ အကဲခတ်တတ်လာပြီ။
အချောအလှတွေ၊ ပညာသနတွေ၊ အပြောကောင်းတာတွေကို ဖယ်ပြီးသိတတ်လာကြပါတော့တယ်။
မျက်စိအမြင်အား မကောင်းတော့သူတွေမှာလည်း အကဲဖြတ်စွမ်းအား ကောင်းနိုင်တယ်။
ကိုယ့်ကိုလည်း အဲလို မြင်ကြပါလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment