(သူငယ်တန်းဖတ်စာ)
ဦး၊ အုံး နဲ့ အုန်း အသုံးတွေ တင်ပြထားပါတယ်။ တရားသေ မှတ်မရတတ်ပါ။
ဖိုး နဲ့ ဘိုး လည်း မူကွဲ။
ရီ နဲ့ ရယ်လည်း နေရာကျအောင်သုံးရတယ်။
"အဖိုးကြီးအို ခါးကော့ကော့ မသေပါနဲ့တော့"
'တော့' ကို 'ဒေါ့' သံထွက်ရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။
မြန်မာစာမှာ -
မူရင်းစံကိုက်အမှန်
မူကွဲအမှန်
မူပြင်၊ မူလွဲနဲ့ မူမှားတွေရှိတယ်။
အရေး၊ အသံ၊ အဆိုလည်း ကွဲပြားတယ်။
အသံအတိုင်းရေးတာက သတ်ပုံ မဟုတ်ပြန်။
မြန်မာစာဆိုတာ ဘယ်သူကတောင်းတောင်း ပေးတဲ့ လျက်ဆားတတို့နဲ့ မတူပါ။
ဆေးပညာတိုးတက်လာတော့ ဆေးကို လူနာတဦးချင်းနဲ့အံကျဆေးပေးနည်း ပေါ်လာပြီ။
မြန်မာစာကိုတော့ ဆုတ်ယုတ်အောင်လုပ်နေကြလေရဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment