အတိသယဝုတ္တိအလင်္ကာ ဆိုသည်မှာ အမှန်တကယ် ဖြစ်နိုင်သည်၊ ရှိနိုင်သည်ထက် လွန်လွန်ကဲကဲ၊ အလွန်အကြူး ချဲ့ထွင်၍ သွယ်ဝိုက်ဖွဲ့ဆိုသော မြန်မာစာပေ အလင်္ကာတမျိုး ဖြစ်သည်။
၂။ ကျေးဇူးပြု၍ အလင်္ကာရဲ့အဓိပ္ပါယ်လေး ရှင်းပြပါလားဆရာ။
ကျွန်တော်က နည်းနည်းသာသိတယ်။ စာရေးသားရာမှာ ဝေါဟာရစကားလုံးတွေနဲ့ ဝါကျ ခေါ် စာကြောင်းတွေရေးရတယ်။ ဝါကျတိုင်းဟာ သဒ္ဒါမှန်ရတယ်။ စကားအသုံးအနှုန်းမှန်ရမယ်။ စာစီစာကုံးရေးနည်းကို ကျောင်းတွေမှာသင်ရသလို နိဒါန်း၊ စာကိုယ်၊ နိဂုံးလို့ခေါ်တဲ့ အပိုင်း သုံးပိုင်းပါစေရတယ်။ စာပိုဒ်တွေခွဲသင့်တာ ခွဲရတယ်။
စာကို ကျစ်လျစ်သိပ်သည်းအောင်ရေးတာ ကောင်းတယ်။ ဆိုလိုချင်တာကို စာဖတ်သူနားလည်စေရမယ်။ တန်းကနည်း နားလည်စေတာနဲ့ အချိန်ဆွဲပြီးသိအောင်ရေးတာလို့ ရှိတယ်။ မှန်ကန်၊ ရှင်းလင်း၊ ကျစ်လျစ်၊ ပြေပြစ်နေရင် ကောင်းတယ်။ စာကိုတန်ဆာဆင်ရေးတာကို အလင်္ကာပါတယ်လို့ခေါ်တယ်။ ငါးနည်းရှိတယ်လို့ ဖတ်မှတ်ထားပါတယ်။
၁။ ဝင်္ကဝုတ္တိအလင်္ကာ ခေါ် သွယ်ဝိုက်တန်ဆာဆင်ခြင်း = ပြောလိုတဲ့အချက်အလက်တွေကို လှလှပပ အဖွဲ့အနွဲ့ အလှည့်တွေနဲ့ ရေးနည်းဖြစ်တယ်။
၂။ မြည်သံစွဲအလင်္ကာ ခေါ် မြည်သံကိုစွဲ၍ ပြုဖွဲ့တန်ဆာဆင်ခြင်း = ဇာတ်လမ်းဇာတ်ကွက်ထဲ၊ စာထဲမှာ လိုတဲ့နေရာတွေမှာ စကားပြောဆိုသံ၊ အာမေဋိတ်သံ၊ ပေါက်ကွဲသံ၊ အော်ဟစ်သံ၊ သီချင်းဆိုသံ စတာတွေကိုပါ ထည့်ရေးနည်းဖြစ်တယ်။
၃။ ဥပမာအလင်္ကာ ခေါ် ခိုင်းနှိုင်း အဆင်တန်ဆာဆင်ခြင်း = ကိုယ်ရေးနေတဲ့ ဇတ်ကြောင်းနဲ့မဆိုင်တဲ့ တခြားဇတ်ကိုပါ နမူနာပေးထည့်ရေးနည်းဖြစ်တယ်။
၄။ ရူပကအလင်္ကာ ခေါ် ထပ်တူပြုတန်ဆာဆင်ခြင်း = တခြားဖြစ်ရပ်တခုခုကို ပုံတူပွား ထပ်တူပြုပြီး ထည့်ရေးနည်း ဖြစ်တယ်။
၅။ အတိသယဝုတ္တိအလင်္ကာ ခေါ် လွန်ကဲဖွဲ့အဆင်တန်ဆာဆင်ခြင်း = အမှန်တကယ်ဖြစ်ပျက်နေတာတွေထက် လွန်ကဲပြီး၊ စိတ်ကူးလွန်ပုံရိပ်အဖြစ်အပျက်တွေကိုပါထည့်ရေးနည်းဖြစ်တယ်။ စိတ်ကူးဉာဏ်ကွန့်ရေးသားနည်းဖြစ်တယ်။
ကဗျာသမား၊ စာသမားတွေက ရသ ခေါ် ခံစားမှုကို ပေးနိုင်စေရမယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ ရသတွေ မိုးမွှန်နေတဲ့ကဗျာမျိုးကို မကြိုက်ပါ။ စာဖတ်ပြီး မျက်ရည်တွေဝေ၊ လွမ်းဆွေးနေစေတာမျိုး အားမပေးချင်ပါ။ မရှိတဲ့ ဝကို ဝိလုပ်ရေးတာမျိုးလည်း တန်ဖိုးမထားချင်ပါ။ လူအများစု မသိကြတဲ့စာလုံးတွေထည့်ရေးတာမျိုးလည်း မကြိုက်နိုင်ပါ။
အလင်္ကာတွေနဲ့ တန်ဆာဆင်ရေးတိုင်းတော့ စာရေးကောင်းတယ်လို့ မယူဆပါ။ မော်ဒန်တို့ ဆူပါမော်ဒန်တို့ ပြောကြ ရေးကြတယ်။ ကာရန်မပါတာကို အမွှမ်းတင်လာကြတယ်။ ကျွန်တော်ကတော့ ကာရန်ပါတာရှာပြီး ရေးတတ်သလောက် ရေးတယ်။ ဒိတ်အောက်စာလို့ခေါ်ပေါ့။ Smile!
အတိသယဝုတ္တိအလင်္ကာ (သို့မဟုတ်) အလွန်အကျွံ ပုံကြီးချဲ့ပြောဆိုခြင်းကို အင်္ဂလိပ်လို Hyperbole ဟု ခေါ်ဆိုပါတယ်။
အမှန်တကယ်ထက် ပိုမိုကြီးကျယ်ခမ်းနားအောင်၊ အရေးပါအောင် သို့မဟုတ် လွန်ကဲအောင် ချဲ့ကားပြောဆိုသည့် စာပေအသုံးအနှုန်း (Literary device) တမျိုး ဖြစ်ပါသည်။
ဥပမာ (English): "I'm so hungry I could eat a horse." (ငါ အရမ်းဆာနေတာ မြင်းတကောင်လုံးတောင် စားနိုင်လောက်တယ် - အမှန်တကယ် မြင်းမစားနိုင်ဘဲ အလွန်အကျွံ ဆာလောင်မှုကို ပုံကြီးချဲ့ပြောခြင်း)
"This bag weighs a ton." (Meaning: Very heavy)
"I've told you a million times." (Meaning: Told many times)
"I'm dying of laughter." (Meaning: Laughing very hard)
"I haven't seen you in ages!" (Meaning: It has been a long time)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment