ဟုတ်။
တိုင်းရင်းမေကဗျာတပုဒ် တင်ပြမယ်။
တခါတုန်းမှာ...
ဆည်းဆာရိပ်ဆွယ်၊၊ ငွေမှင်သွယ်ကြဲ
ရစ်နွှဲစီးဖြာ၊ ယဉ်သီတာမြ
ကမ်းစတခု၊ သဲသောင်နုဝယ်
တွေးမှုရွှင်ကြည်၊ ကဗျာသီမိ။ ။
စိတ်ကူးယဉ်ပွင့်၊ အတွေးလွင့်စဉ်
ရှေ့နှင့်လှမ်းလှမ်း၊ ကမ်းအစဝယ်
ပန်းလှရွှေညို၊ သူကိုက်ချိ၍
တေးသီဆင့်ချေ၊ မေ့ကိုဖြေသညါ
ငှက်ဆွေ ဥကြသလေးပါလား။ ။
'ရွှေရှည်လည်းဆန်း၊ ပန်းနံ့လည်းကြိုင်
လှတခိုင်ကို၊ ပန်းချစ်လိုလို့
ငှက်ပျိုလေးရယ်၊ ပေးခဲ့ကွယ်..." ။ ။
'အို-အို-မလေး၊ ပွင့်ကြူမွှေးကို
ကျွန်ပေးဘို့ရာ၊ ခွင့်မသာ...။
ပွင့်ညှာမြေသက်၊ လှအခက်မှာ
သက်လှယ်တုံ့တင်၊ ကဗျာရှင်က
စေလျင်ပို့ဆက်၊ သူ့ချစ်သက်သို့
ချစ်လက်ဆောင်မွန်၊ ပေးချေကရန်..."။ ။
ငှက်မွန်သူက၊ ခွန်းဆိုသသော်
မယ်ကတွေဝေ၊ ငေးမိပေသည်
ရွှေဝါခက်က၊ ပိုင်သူနှင့်။ ။
မှတ်ရန်
တိုင်းရင်းမေခေတ်က မြန်မာစာကို သတ်ပုံမှန်အောင်ရေးကြတယ်။
အခုတော့ …
တခါတုန်းမှာ မဟုတ်ရတဲ့။
ကမ်းစတခု မဟုတ်ရတဲ့။
လှတခိုင်ကို မဟုတ်ရတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment