Skip to main content

မြနန္ဒာ

(တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို)

ရေး-နန်းတော်ရှေ့ဆရာတင်

မူရင်းအဆို-စိန်ပါတီ

ဆို-မာမာအေး

ရက်ရွေးမနေပါနဲ့ ကိုကိုရယ်...

အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့်...

မြနန္ဒာ...မြနန္ဒာ... ရေညိုသန်းတယ်...

မန်း...မန်းတောင်ရိပ်ခို...

တွေးကြပါ ရှေးကစာ ဒီအတိုင်းဆို...

သက်ကလေးရယ် ရှည်စေလို...

မြနန္ဒာ...ရေညိုသန်း...တယ်...

မန်း...တောင်ရိပ်... မန်း...တောင်ရိပ်ခို...

ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့်

မန္တလာအဝေးပြည် ဗဟို

ပျော်ရွင်တဲ့ အမျိုးသမီးများ ထံတျာတေးကိုဆို

ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့်

မန္တလာအဝေးပြည် ဗဟို

ပျော်ရွင်တဲ့ အမျိုးသမီးများ ထံတျာတေးကိုဆို...

ဆိုရပါသကို ကိုကိုကလာမကြို...

ဒီမိုး ဒီမိုး...ဒေဝါ မိုးသည် မိုးဒေ.ဝါဝါ စိုစို...ပြာပြာညိုညို

ငွေလ စန္ဒာ လျှမ်းသလို ရွှေမြနန္ဒာသန်းတယ်

မန္တလေးက တို့တောတေးသံချို

ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့် မန္တလာအဝေးပြည် ဗဟို

ပျော်ရွင်တဲ့ အမျိုးသမီးများ ထံတျာတေးကိုဆို

ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့် မန္တလာအဝေးပြည် ဗဟို

ပျော်ရွင်တဲ့ အမျိုးသမီးများ ထံတျာတေးကိုဆို...ရပါသကို

ကိုကိုကလာမကြို...

ဒီမိုး ဒီမိုး...ဒေဝါ မိုးသည် မိုးဒေ.ဝါဝါ စိုစို...ပြာပြာညိုညို

ငွေလ စန္ဒာ လျှမ်းသလို ရွှေမြနန္ဒာသန်းတယ်

မန္တလေးက တို့တောတေးသံချို

ရွှေနန္ဒာ မြရည်ကညိုညို

သုံးလေပါတော့ မယ်မဒီပျို

မန္တလေးမြို့ တောင်ရိပ်ခိုမယ် ကိုကိုရယ်

စိန်ပါတီလာရင် မောင်တို့ကြို

စိတ်ရွှင်လန်း...ရောင်ရွှင်စိုစို

ဘေးမသန်းဘဲ အေးအေးချမ်းချမ်း တေးအဆန်းကိုဆို

တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို

မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို

တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို

မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို

ဧရာဝတီ အလျှံဝင်းပြောင်ညီးတဲ့

ရန်ကင်းတောင်ကြီးအမြဲ ခို...

ဆရာကို နန်းတော်ရှေ့ တခါရှေ့ခေါင်းဆောင်ပဲ

မြန်မာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို

တကယ်ခေတ်ပြောင်းတော့မယ်

အမှန်ဧဝကန်မှာ တဖန်ရွှေမြနန္ဒာ သန်းသော မန်းရိပ်ခို

စည်မျက်နှာကဲ့သို့ ညီညာပါပေသကို

ဪ...မြို့တော်ကြီး၏ လေးမျက်နှာမှာဖြင့်

တိမ်ပန်း တိမ်ညို သာယာရွှေပြည်စို

စည်မျက်နှာကဲ့သို့ ညီညာပါပေသကို

ဪ...မြို့တော်ကြီး၏ လေးမျက်နှာမှာဖြင့်

တိမ်ပန်း တိမ်ညို သာယာရွှေပြည်စို ဗာရာဏသီပြည်လို

မြန်းကြမြေကိုဆန်းရရွှေဗဟို

နန္ဒာ...ရေညိုသန်း...မန်းရိပ်ခို

တို့မန်းလေး မြို့ကြီးရဲ့ ပတ်လည်တခို

မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို

တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို

မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီမြစ်ညို

ဧရာဝတီ အလျှံဝင်းပြောင်ညီးတဲ့

ရန်ကင်းတောင်ကြီးအမြဲ ခို...

ဆရာကို နန်းတော်ရှေ့ တခါရှေ့ခေါင်းဆောင်ပဲ

မြန်မာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို

တကယ်ခေတ်ပြောင်းတော့မယ်

အမှန်ဧဝကန်မှာ တဖန်ရွှေမြနန္ဒာ သန်းသော

မန်းရိပ်ခို။   ။

(ကူးရေးတာ မှားရင် ကျွန်တော့တာဝန်)

facebook.com/reel/1867283267612450/?s=single_unit

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ