မနက်ခင်းတိုင်း
ကမ္ဘာကြီးသည် အသစ် ဖန်ဆင်းခံရသည်။
လိမ္မော်ရောင်တောက်သော နေရောင်ခြည်တန်းများအောက်
ပုံပုံစုစုရှိနေသော ည၏ ပြာပုံများသည်
သစ်ရွက်များအဖြစ်သို့
ပြန်လည် ဖြစ်တည်လာကြသည်။ ။
Morning Poem (Mary Oliver)
နံနက်ခင်းကဗျာသည် ကျွန်ုပ်တို့ ရုန်းကန်လှုပ်ရှားနေရပြီး နာကျင်ကိုက်ခဲနေရသည့် အချိန်များတွင်ပင် ဆက်လက်တည်ရှိနေဆဲဖြစ်သော အသက်ရှင်သန်မှုစွမ်းအားကို ကျွန်ုပ်တို့အား သတိပေးသည်။
ထို့ပြင် အိုလစ်ဗာ၏ ကဗျာများစွာကဲ့သို့ပင် သေခြင်းနှင့် မွေးဖွားခြင်း၊ ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်း၊ စိတ်ဓာတ်ကျဆင်းမှုနှင့် မျှော်လင့်ချက်ဟူသော ဘဝ၏ သံသရာစက်ဝန်းများနှင့် အပြန်အလှန် စကားပြောဆိုနေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment