ညနေခင်း လမ်းလျှောက်ယင်း …
ဟိုရက်တွေကထက် တောင်အရပ် အလယ်လောက်မှာ မြင်ခဲ့ရသည်။
ဒီနေ့ အရှေ့ဖက်ကို ရွေ့နေသည်။
လပေါ်က ဆန်းဖွပ်တဲ့အဖိုးအိုကလည်း …
ကမ္ဘာဂြိုဟ် အဖိုးအိုသည် အောက်အရပ် အနောက်ဖက်ဆီ ရွေ့နေပါကလားလို့ ဆိုပေလိမ့်မည်။
သူပြောတာက မှန်သည်။
ကျွန်ုပ်သည် မွေးရပ်မြေကနေ အနောက်စူးစူဘက် ထွက်လာခဲ့ရသူ ဖြစ်ပါသည်။
အနောက်အရပ်သည်ကား နေဝင်ရာတည်း …
ဒေါက်တာတင့်ဆွေ
Comments
Post a Comment