Skip to main content

ကိုယ်ကျင့်အဘိဓမ္မာ

 

(အရှင်ဇနကာဘိဝံသ မဟာဂန္ဓာရုံဆရာတော်)

သညာအကြောင်း 

၁၃၃ 

ဤဝေဒနာလည်း ကုသိုလ်ဆိုင်ရာ အရသာကိုလည်း ခံစား၏၊ အကုသိုလ်ဆိုင်ရာ အရသာကိုလည်း ခံစား၏၊ ဤသို့ အကောင်းအဆိုး အာရုံ ၂ မျိုးစုံ၏ အရသာကို ခံစားနိုင်သောကြောင့် “ကာမဂုဏ်စည်စိမ်ကို ခံစားသည်၊ တရားအရသာ ခံစားသည်” ဟု ဆိုရာ၌ ဤ ဝေဒနာသဘောဟု ချည်း မှတ်လေ။ 

သညာအကြောင်း 

မှတ်သားခြင်းသဘောသည် သညာတည်း၊ ထို့ကြောင့် “မှတ်- သညာတည်း” ဟု ဆိုခဲ့သည်၊ ဤ မှတ်သားပုံသဘောသည် အသိဉာဏ်နည်းပါးသူ ဗဟုသုတနည်းပါးသူများနှင့် ထင်ရှား၏၊ ငယ်ရွယ် သောကလေးကို ဆွေမျိုးများက “ဟောဒီလူက အဖေ၊ ဟောဒီ လူက အမေ” ဟု ပြကြ၏၊ ကလေးက ထိုသူများကို “အဖေ- အမေ” ဟု မှတ်လိုက်၏၊ လေယာဉ်ပျံကို ပဌမစ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ” ဟု မှတ်လိုက်၏၊ မရောက်ဖူးသေးသော အရပ်ကို ရောံသွားသောအခါလည်း အထူးအဆန်းဟူသမျှကို မှတ်၏၊ ဤသို့သညာ၏ မှတ်သားမှုတွေ များစွာရှိလေသည်။ 

မှတ်ခြင်း၌ အကျိုး ၂ မျိုး 

သညာ၏မှတ်သားမှု အကျိုး ၂ မျိုးရ၏၊ ဆွေမျိုးများက ကလေးအား “ဤသူဟာ အဖေ” ဟု ပြသောအခါ ကလေး၏သညာက မှတ်သားသည့်အတွက် ထိုခဏ၌ အဖေမှန်းသိရခြင်းအကျိုး၊ နောင်အခါ “ဤ သူဟာ အဖေဘဲ” ဟု မှတ်မိခြင်းအကျိုး၊ ဤသို့ သညာ၏မှတ်သားမှု၌ အကျိုး ၂ မျိုးရလျက်ရှိသည်။ 

၁၃၄ 

မှန်မှန်မှားမှား မှတ်ပုံ

သညာသည် ပညာကဲ့သို့ အမှန်ကိုချည်း သိသည်မဟုတ်၊ အမှားကိုလည်း မှတ်၏၊ အမှန်ကိုလည်း မှတ်၏။ တဆေကြောံသူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို တဆေဟု မှတ်ထင်ရာ၌ အမှားကို မှတ်ခြင်းဖြစ်၏၊ မှားယွင်းသော တရားတွေကို

တရားမှန်ဟု ထင်မှတ်ရာ၌လည်း ဒိဋ္ဌိသုတ္တမ, ဤ မှားသော သညာလည်း ပါဝင်၏၊ မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်ခွဲနေပြီဖြစ်သူကို အမှန်သိအောင် ပြုပြင်ဖို့ ခဲယဉ်းလေ့၏။ 

သညာ နယ်ကျယ်ပုံ 

အမှားကို အမှန်ဟု မှတ်ထင်နေသော သညာသည် လွန်စွာပင် နယ်ကျယ်၏။ သံသရာဝယ် ကြာရှည်စွာ ကျင်လည်နေရမည့် အဓိပ္ပာယ်အတွက်သာမက, ဤသညာ၏ အမှတ်လွဲမှုလည်း ပါဝင်ပေသည်။ ထင်ရှားစေအံ့- မစင်ကို လူတို့က စက်ဆုပ်ဘွယ်ဟု အမှန်အတိုင်း မှတ်ထေား၏၊ ပိုးလောက်တို့ကား အလွန်ကောင်းသော အာဟာရဟု မှတ်ထင်ပေသည်။ ခွေးသေပုပ်ကိုလည်း လင်းတတို့ ထင်မှတ်ရာ၌လည်း ဤနည်းပင်တည်း။ 

ဘုရားရဟန္တာတို့က ကာမဂုဏ်အာရုံတွေကို စက်ဆုပ်ဘွယ်ဟု အမှန်အတိုင်း မှတ်ထင်တော်မူကြ၏၊ ("ဟီနော-အယုတ်တမာတည်း၊ ဂမ္မော-ရွာသူရွာသားတို့ဥစ္စာတည်း၊ ပေါထုဇ္ဇနိကော- မဖြူစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဟာတည်း၊ အနရိယော-ဖြူသူတို့၏ဥစ္စာ မဟုတ်၊ အနတ္ထသံဟိတော- ကောင်းကျိုးနှင့်မစပ်" ဟု ပြတ်ပြတ်သားသား ရှို့ချကဲ့ရဲ့ ထားတော်မူ၏)၊ သို့သော် လူအများကား ထိုတရားတို့ကို နားမဝင်ဘဲ ကာမဂုဏ် အာရုံတွေကို

၁၃၅ 

မရ မနေ ရှာဖွေကြတုန်းပင်ဖြစ်၏၊ ဤသို့လျှင် သညာ၏ အမှတ်မှားမှုကြောင့် သံသရာတွင် ကြာရှည်စွာ ကျင်လည်ကြရပေသည်။ 

သညာက သတိဟန်ဆောင်ပုံ 

ကုသိုလ်ဆိုင်ရာကို ပြန်၍ အမှတ်ရနေ၌ သတိသဘောလည်းပါ၏၊ ကောင်းသော သညာသဘောလည်းပါ၏၊ သတိ အစစ်မှန်လျှင် ကုသိုလ်ကောင်းမှုဆိုင်ရာ၌သာ ဖြစ်၏၊ “ငယ်ချစ် အနှစ် တရာ မမေ့သာ၊ ငယ်ကပေါင်း အနှစ်တသောင်း မမေ့ကောင်း” ဟု ဆိုကြသော မမေ့နိုင်မှုမှာ အကုသိုလ်ဆိုင်ရာ ဖြစ်၍ သတိအစစ် မဟုတ်၊ သတိကဲ့သို့ အမှတ်အသားကောင်းသော ဤ သညာပင် ဖြစ်၏၊ ဤသို့စသည်ဖြင့် သတိအကြောင်းနှင့် ပြခဲ့သော သတိအတုကို ခြုံကြည့်လေ။ 

စေတနာအကြောင်း

မိမိနှင့် အတူဖြစ်ကြသော စိတ် စေတသိက်များကို စေ့ဆော် ခြင်းသည် စေတနာတည်း၊ ထို့ကြောင့် “စေတနာတွင်- စေ့ဆော်ချက်နှင့်” ဟု ဆိုခဲ့သည်၊ ထင်ရှားစေဥုးအံ့- အာရုံတခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို ထိ၏, ဝေဒနာက ခံစား၏၊ သညာက မှတ်၏၊ ဤသို့စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ- ဇီဝိတိန္ဒြေ- မနသီကာရတို့လည်း ဆိုင်ရာတာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် အတူဖြစ်ကြသည်။ လောဘဒေါသ စသော မကောင်းတရား သဒ္ဓါ သတိ စသော ကောင်းသော တရားများလည်း စိတ်က အာရုံကိုယူရာတွင် ပါဝင်ကြလေသည်။

မှတ်ရန်

မူရင်းစာအုပ်ဟောင်းထဲက ဖြစ်ပါတယ်။ 

အဖုံးစာမျက်နှာက တဝက်သာပါလို့ ထုတ်ဝေခုနှစ် ရှာမရပါ။

မောင်ကျော်

နယူးဘားမား ပိဋကစာအုပ်တိုင်

၈၄ လမ်း၊ ကွမ်းခြံ - မန္တလေး

က ထုတ်ဝေပါတယ်။

(ဆဋ္ဌမအကြိမ်)

တွေ့တွေ့သမျှ ပြန်ထုတ်တွေ မူရင်းအတိုင်း မဟုတ်ပါ။ မလုပ်ကောင်းလို့ ထင်ပါတယ်။

ကြောံ နဲပ ဥုး အရေးအသာက ဆရာတော်ကြီးမူဖြစ်ပါတယ်။

“ငယ်ချစ် အနှစ် တရာ မမေ့သာ၊ ငယ်ကပေါင်း အနှစ်တသောင်း မမေ့ကောင်း” လည်း ဆရာတော်ကြီးမူဖြစ်ပါတယ်။

ကူးရေးတာ ကွဲလွဲမှုရှိရင် ကျွန်တော့တာဝန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ