ရေး - မြို့မငြိမ်း ဆို - သောင်းသောင်းနု
အရင်က ရှင်တို့ကျမတို့ အမေနဲ့အဖေတွေ ဘိုးအေတွေ ဖွားအေတွေ နှစ်ယောက်ထဲ တွေ့ကြဆဲအခါဝယ် အာကာလွှာပုံပြုလို့ မေရုကလောင်သဖွယ် သမုဒ်မင်ရည်ခြယ်... ။
ချစ်တာတွေ တွင်တွင်ပြောလို့ မေနိုင်ဘူးတဲ့မောင်ရယ်
သူ့ခေတ်နဲ့တော့ သူတွင်ကျယ်မယ် သူကိုလည်း ပြိုင်ဘို့မလိုဘူးထင်တယ်
နှလုံးသွေးအစစ်နဲ့ ချစ်တာတွေကိုမောင်ရယ် သူနဲ့နှစ်ယောက်ထဲကျမှ ရေးပြချင်တယ်။
သံပြိုင်၊ ။ မောင်ရယ် နှစ်ယောက်ထဲဆိုရင်မောင်ရယ် ဧဝရက်တောင်ထိပ် နေခြင်ရင် ခုသွား၊
ရေရှားတဲ့ သဲကန္တာရ ဆာဟာရ မရှောင်တယ် နေမမြင် ရေပြင်ခဲ မြောက်ဝင်ရိုးစွန်းကိုဘဲ ခေါ်ခေါ်ပျော်ပါမယ် သဲသဲမဲမဲဇွဲနဲ့ နှစ်ယောက်ထဲနေချင်တယ်...။
ချိုန်းတဲ့ညကျမှ ရွှေလမှာသူတွင်ကျယ် ကမ္ဘာမြေတခုလုံး မြူမဖုံးတိမ်မကွယ် တက်ကောင်းကင်ဝယ် ထိန်ထိန် သာလှသယ်
မှောင်မိုက်မိုက် ချောင်ကြိုက်ကြိုက်တဲ့အခါဝယ် လောကွတ်ချော်တော်မူအားတယ်
ဖိုးလနတ်သား တိမ်များမြုပ်စေသားလို့ ဆုတောင်းရမလား သတိထားတော်တော်ကြွယ်။
သံပြိုပ်။ ။ မောင်ရယ် နှစ်ယောက်ထဲဆိုရင်မောင်ရယ် ဧဝရက်တောင်ထိပ် နေခြင်ရင် ခုသွား၊
ရေရှားတဲ့ သဲကန္တာရ ဆာဟာရမရှောင်တယ် နေမမြင်ရေပြင်ခဲ မြောက်ဝင်ရိုးစွန်းကိုဘဲ ခေါ်ခေါ်ပျော်ပါမယ် သဲသဲမဲမဲဇွဲနဲ့ နှစ်ယောက်ထဲနေချင်တယ်...။
မှတ်ရန်များ
- နှစ်ယောက်ထဲ (နှစ်ယောက်တည်း မဟုတ်) (နှယောက်ထဲ မဟုတ်)
- ဘိုးအေတွေ (ဖိုးအေ မဟုတ်)
- မင်ရည်ခြယ် (မှင် မဟုတ်)
- ပြိုင်ဘို့မလိုဘူး (မလိုဖူး မဟုတ်)
- မြောက်ဝင်ရိုးစွန်းကိုဘဲ (ပဲ မဟုတ်)
- ကမ္ဘာမြေတခုလုံး (တစ် မဟုတ်)
- နေခြင်ကို နေချင်လို့ ပြောင်းလာပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment