Skip to main content

ငန်းတို့ပျော်ရာ ရေကန်သာ

ညနေခင်း လမ်းလျှောက်နေစဉ်မှာ ဘဲငန်းတွေ ပျံသန်းနေကြတယ်။ သူတို့ရဲ့ အသံတွေလည်း ကြားရတယ်။ အဲလိုငှက်တွေဟာ နှစ်စဉ်သူတို့နှစ်သက်တဲ့ရာသီဥတုရှိရာအရပ်ကို ပြောင်းရွှေ့ကြတယ်။

Duck (Anatidae) ဘဲ

Swan (Cygnus) ဘဲငန်း

Flying duck (Flying duck) (သို့မဟုတ်) ဘဲရိုင်း

Teal (သို့မဟုတ်) Wild duck ရေဘဲ

Lesser whistling duck (သို့မဟုတ်) Whistling teal မန်ဒါလီ

Whistling Teal / Whistling Duck စစ်စလီ 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေးထူထောင်ခဲ့တယ်။ အနီးဆုံး တရုပ်နဲ့ အိန္ဒိယ။

ဆိုရှယ်လစ်ခေတ်ရောက်ပြန်တော့ လက်ဝဲနိုင်ငံတွေ။ တရုပ်နဲ့ ဆိုဗီယက်။

ယဉ်ကျေးမှုဖလှယ်ရေးတွေ လုပ်ပါတယ်။

အဲဒီအချိန်ကစပြီး ဘဲလေးအကတမျိုး တိုးလာတယ်။

အခုထိ ဘဲလေးလို့ ဆက်ပြီးခေါ်ဝေါ် ရေးသားကြပါတယ်။ မူရင်းစာလုံး Ballet ရဲ့ အသံထွက်နဲ့တော့ ထပ်တူမကျပါ။ ဒီစာလုံးကို အသံထွက်ပိုမှန်အောင်လည်း မပြင်သင့်ပါ။

(၁)

Swan Lake (ဘဲငန်းအိုင်)

ရုရှားတေးရေးဆရာ ပိုင်အိုတာ အီလိချ် ချိုင်းကော့ဖ်စကီး (Pyotr Ilyich Tchaikovsky) က ၁၈၇၅-၇၆ ခုနှစ်တွင် ရေးစပ်ခဲ့သော ဘဲလေးကပွဲတပုဒ် ဖြစ်ပါသည်။ စတင်ကပြစဉ်က မအောင်မြင်ခဲ့သော်လည်း ယခုအခါ သမိုင်းတွင် အလူကြိုက်အများဆုံး ဘဲလေးကပွဲများအနက် တပုဒ် ဖြစ်နေပါပြီ။

မူလက နှစ်ကွက်ဖြင့် စတင်ခဲ့သော ဇာတ်လမ်းဆင်ကွက်မှာ ရုရှားနှင့် ဂျာမန် ပုံပြင်များကို အခြေခံထားပြီး၊ မကောင်းဆိုးဝါး စုန်းဆရာ၏ စုန်းမကောင်းဒဏ်ကြောင့် ဘဲငန်းမအဖြစ် ပြောင်းလဲခံခဲ့ရသော မင်းသမီး အိုဒတ် (Odette) ၏ အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ပါသည်။

ဤဘဲလေးကပွဲကို ၁၈၇၇ ခုနှစ် မတ်လ ၄ ရက် (ပြက္ခဒိန်ဟောင်း ပုံစံဖြင့် ဖေဖော်ဝါရီ ၂၀ ရက်) တွင် မော်စကိုမြို့ရှိ ဘိုလ်ရှိုအိုင် သီယတာ (Bolshoi Theatre) ၌ ဘိုလ်ရှိုအိုင် ဘဲလေးအဖွဲ့ (Bolshoi Ballet) က ပဌမဆုံးအကြိမ် တင်ဆက်ခဲ့ပါသည်။ မူလထုတ်လုပ်မှု၏ ကကွက်ဆရာမှာ ဂျူးလိယပ် ရိုင်ဆင်းဂါး (Julius Reisinger) ဖြစ်ပါသည်။

ယခုအခါ ဘဲလေးအဖွဲ့ အများစုသည် မာရီးယပ် ပေတီပါ (Marius Petipa) နှင့် လက်ဗ် အီဗာနော့ဗ် (Lev Ivanov) တို့က ၁၈၉၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် စိန့်ပီတာစဘတ်မြို့ရှိ မာရီးယင်းစကီး သီယတာ (Mariinsky Theatre) ၌ အင်ပီရီယယ် ဘဲလေးအဖွဲ့ (Imperial Ballet) အတွက် ပဌမဆုံး ပြန်လည်ဆန်းသစ် တင်ဆက်ခဲ့သည့် ပုံစံကို အခြေခံကြပါသည်။ ထိုသို့ ပြန်လည်ဆန်းသစ်တင်ဆက်မှုအတွက် ချိုင်းကော့ဖ်စကီး၏ ဂီတသင်္ကေတများကို ရစ်ကာဒို ဒရီးဂို (Riccardo Drigo) က ပြင်ဆင်မွမ်းမံခဲ့ပါသည်။

(၂)

National Ballet of China Swan Lake တရုပ် အမျိုးသား ဘဲလေးအဖွဲ့၏ ဘဲငန်းအိုင် 

ဂန္ထဝင် ဘဲလေးကပွဲ ဖြစ်သော Swan Lake သည် ဘဲလေးအနုပညာ သရဖူပေါ်မှ တောက်ပသော ပုလဲရတနာတပွင့် ဖြစ်ပြီး၊ ဘဲလေးသမိုင်းတွင် အကြီးကျယ်ဆုံးသော ပြောင်မြောက်သည့် လက်ရာများအနက် တပုဒ် ဖြစ်ပါသည်။ Swan Lake သည် တရုပ် အမျိုးသား ဘဲလေးအဖွဲ့၏ နှစ်ပေါင်း ၆၀ မျှသော သမိုင်းကြောင်းတွင်လည်း ထူးခြားသော အဓိပ္ပါယ် လေးနက်မှုရှိသည့် ကပွဲဖြစ်ပါသည်။

၁၈၇၆ ခုနှစ်တွင် ချိုင်းကော့ဖ်စကီးသည် မသေဆုံးနိုင်သော Swan Lake ဘဲလေးကပွဲအတွက် ဂီတကို ရေးစပ်ခဲ့ပါသည်။ ၁၈၉၅ ခုနှစ်တွင် ပေတီပါ (Petipa) နှင့် အီဗာနော့ဗ် (Ivanov) တို့ ပူးပေါင်းကကွက်ဆင်ထားသော Swan Lake ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ မာရီးယင်းစကီး သီယတာ၏ ရုရှားအင်ပီရီယယ် ဘဲလေးအဖွဲ့က အောင်မြင်စွာ ပဌမဆုံး တင်ဆက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဤဘဲလေးကပွဲကို ရုရှားကျောင်းထုတ် ဂန္ထဝင်မြောက် လက်ရာတပုဒ်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး၊ ကမ္ဘာတဝှမ်းရှိ အဓိက ဘဲလေးအဖွဲ့ကြီးများက ကပြတင်ဆက်ခြင်း သို့မဟုတ် စံနမူနာအဖြစ် ယူခဲ့ကြပါသည်။

၁၉၅၈ ခုနှစ် အစောပိုင်းတွင် ဆိုဗီယက် ကျွမ်းကျင်သူဟောင်း ပိုင်အိုတာ ဂူးဆက်ဗ် (Pyotr Gusev) ၏ လမ်းညွှန်မှုဖြင့် ပေကျင်း အကအကယ်ဒမီတွင် Swan Lake ကို လေ့ကျင့်ခဲ့ကြပြီး၊ ဤသည်မှာ တရုပ်လူမျိုးများအနေဖြင့် ဤဂန္ထဝင် ဘဲလေးကပွဲကို ပဌမဆုံးအကြိမ် လေ့ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနှစ် ဇွန်လတွင် Swan Lake ကို တရုပ်စင်မြင့်ပေါ်၌ ပဌမဆုံးအကြိမ် တင်ဆက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀ အတွင်း Swan Lake သည် တရုပ် အမျိုးသား ဘဲလေးအဖွဲ့၏ သိသာထင်ရှားသော တိုးတက်မှုများကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင် တရုပ် အမျိုးသား ဘဲလေးအဖွဲ့မှ အနုပညာရှင်များသည် ရဲဝံ့သော စမ်းသပ်လေ့လာမှုတခုကို စတင်ခဲ့ပြီး Swan Lake မူသစ်နှစ်ခုကို ထုတ်လုပ်ခဲ့ရာ လူအများ၏ စိတ်ပါဝင်စားမှုကို ရရှိခဲ့ပါသည်။

(၃)

"ငန်းတို့ပျော်ရာ ရေကန်သာ" 

https://www.youtube.com/watch?v=0GsajWIF3ws

မြန်မာမှုပြုထားတာလည်း ရှိပါမယ်။ ရှာဖွေရတာ အဆင်မပြေလှပါ။ AI ကလည်း သိပုံမရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ