တရံရောအခါက လူစွမ်းကောင်းတွေ စာထဲမှာ ပေါများလှပါသည်။
အားကျကြသည်။ ငါကြီးလာရင် အဲလိုအစွမ်းထက်အောင်လုပ်မည်။
အဲလိုစာတွေ ရှာဖတ်သည်။ လူစွမ်းကောင်းရုပ်ရှင်တွေကြည့်သည်။
နဂါး၊
ဂဠုံ၊
ဂုမ္ဘာန်၊
ယက္ခ၊
ခြင်္သေ့၊
အရုပ်တွေ စုပ်ထိုးသည်။
လက်ဖွဲ့ အဆောင်တွေ ဆောင်သည်။
အသက်တွေကြီးလာသော် ဒုံရင်းဒုံရင်းသာ။ ဘာမှ ဖြစ်မလာ။
ထိုးကွင်းမင်ကြောင်က ဖျက်မရတော့ပါ။
အခုတော့
‘တရံရောအခါ’ ကိုတောင် မှန်အောင်မရေးကြတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment