မေးခွန်းတခု = မဖတ်ကြဘဲ၊ မဝတ်ဘဲ “ဘဲ”တွေနဲ့ချည်း ရေးရတာလားခင်ဗျ ကျွန်တော် ငယ်ငယ်က “ပဲ” နဲ့
ချည်း သင်ခဲ့ရတယ်လို့ စိတ်ထဲစွဲနေလို့ပြန်စာ
ပဲ နဲ့ ဘဲ စာ ၉-၁၀ ခါ တင်ပြထားပြီး။
(၁)
ပဲ
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ပဲ၁ - စည်း / ပဲ /
၁။ မူ၍။ (တားမြစ်စကားနှင့် တွဲ၍ မသွားပဲ၊ မလာပဲ စသည် သုံးလေ့ရှိသည်။) “ငယ်လည်းငယ်ကိုယ်၊ ပျိုလည်းပျိုမြဲ၊ မအိုပဲလျှင်” ဘုံ*၄၃။
၂။ ဆိုလိုရာနာမ် သို့မဟုတ် နာမ်စားပုဒ်ကို အခြားနာမ်သို့မဟုတ် နာမ်စားပုဒ်မှ ခွဲခြား၍ အထူးသေချာ သီးသန့်ထင်ရှားအောင် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသည့်စကားလုံး။ (“ပင်လျှင်၊ သာပင် စသည်နှင့် တူသည်။)
“ကျုပ်ပဲသွားမယ်။ တခြားသူသွားစရာ မလိုတော့ဘူး။”
၃။ ဆိုလိုရာ အပိုင်းအခြားကို ကန့်သတ် သတ်မှတ်ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသည့်စကားလုံး။ “ကျွန်တော် စားရုံပဲစားမယ်။”
၄။ သီးခြားကြိယာ သဘောဖြင့် ဖြစ်သည်ဟူသော အဆက်၌ ဖြစ်ကြိယာကို မြှုပ်ချန်၍ သုံးသော စကားလုံး။ (ပါပဲ၊ ပေပဲ စသည်ဖြင့်လည်း သုံးသည်။ ပေလည်း နှင့် အတူတူသည်။)
“အလှူပေးသူဟာ ဒီပုဂ္ဂိုလ်ပဲ။”
(၂)
လက်တွေ့အသုံးများ
မနေ့ကဘဲ
အရင်နှစ်ကလိုဘဲ
အားလုံးဘဲ ကျန်းမာကြပါစေ
ငယ်ငယ်တုန်းကလိုဘဲ
ရွာမှာတုန်းကလိုဘဲ
ကဲ မောင်ဘဲအနိုင်ယူ (ရေး ချိုတေးဆက်ဦးအောင်ကိုး/ ဆို ရီလေး ) (မာမာအေးပွဲ )
(၃)
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
(၄)
တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်” မူရင်းဝတ္ထု
(၅)
ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ဘဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တဝက်မမှီဘူး။ (မောင် ကိုကို နှင့် မြနန္ဒာ ၁ ကြည်အေး)
(၆)
1. ပန်းပန်လျက်ပဲ လို့ရေးတာက ဆိတ်အုပ်ကဗျာ https://burmese-spelling.blogspot.com/2023/02/blog-post_60.html
2. ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/10/blog-post_208.html
3. ပဲ နဲ့ ဘဲ https://burmese-spelling.blogspot.com/2023/03/blog-post_366.html
4. ပဲ နဲ့ ဘဲ ကပ်ရောဂါ မြန်မာပြည်မှာ https://burmese-spelling.blogspot.com/2025/01/blog-post_72.html
5. 'ပဲ' နဲ့ 'ဘဲ' ကို တရားသေမှတ်ယူလို့ မရပါ https://burmese-spelling.blogspot.com/2026/03/blog-post_84.html
6. ပဲ နဲ့ ဘဲ ဋီကာ (၂) https://burmese-spelling.blogspot.com/2024/06/blog-post_693.html
7. ပဲ နဲ့ ဘဲ ဋီကာ https://burmese-spelling.blogspot.com/2023/07/blog-post_12.html
8. ပဲ နဲ့ ဘဲ ပဲ နဲ့ ဘဲ https://burmese-spelling.blogspot.com/2024/12/blog-post_326.html
9. ပဲ နဲ့ ဘဲ ဘဲ နဲ့ ပဲ https://burmese-spelling.blogspot.com/2024/09/blog-post_216.html
10. ပဲ ဘဲ ပဲ့ https://burmese-spelling.blogspot.com/2022/10/blog-post_331.html
11. ဗေဒါလမ်း သို့မဟုတ် သတ်ပုံတွေကို မူရင်းအတိုင်းမဟုတ်ဘဲ တမင်တကာ မှားအောင်ပြင်ထားတဲ့ ခေတ်သစ်ကဗျာပျက် https://burmese-spelling.blogspot.com/2023/06/blog-post_439.html
12. မြန်မာစာမှာ ဓါတုဗေဒလို ဖေါ်မြူလာတွေထုတ်တာ မမှန်ပါ https://burmese-spelling.blogspot.com/2025/01/blog-post_332.html
13. သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် မပဲပဲ https://burmese-spelling.blogspot.com/2024/09/blog-post_454.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment