ရေး။ ။ စန္ဒရားလှထွတ်
ဆို။ ။ မာမာအေး
(သူ့ငါသတ္တဝါ အချစ်နဲ့မကင်းပါတယ် ...
သစ္စာတူယှဉ်ကာရယ် ချစ်ကြရာဝယ်... ချစ်အမိပ္ပါယ် သဘောတရားကိုကွယ်... ခွဲခွဲခြားခြား
နားလည်နိုင်မှတကယ် x
တဦးနှင့်တဦး အပြစ်မယူဘဲ
ခွင့်လွှတ်ခြင်းများနဲ့ရယ်... ခိုင်မြဲမယိုင်မလဲ... ပခိုင်မြဲလေမှ သစ္စာမပြယ်
ကြင်နာခြင်းတရားနဲ့...ချစ်ခြင်းမေတ္တာဖလယ်...) ၂။
အချစ်ရယ်... အမုန်းရယ်... အပြစ်ရယ်...
အရှုံးဟာတကယ်... သံသရာထဲ ပြန်တရာကြဲ အို... ဘယ်မဆုံးနိုင်ဘူးကွယ်...
ချစ်ပြုံးတုံ့လှယ် x သာယာရေးကိုတကယ် စဉ်စဉ်းစားစား အသိတရားနဲ့ရယ်.. သတိထားကြဖွယ်
ယုံကြည်မြဲလေမှ ပျော်ရွှင်နိုင်မယ်
သည်လင်သည်မယား ချစ်ကြရာဝယ်
အစဉ်အမြဲတူနွှဲ မခွဲချင်တယ်...
ချစ်လျှင်အကျိုးပါကွယ်...
မုန်းပြန်တော့လဲ အပြစ်ကိုဘဲ တဆင့်ပိုကဲ သင့်အလိုသဘောနဲ့ မတွေးယူလေနဲ့တကယ်...၊
ခါးတမာနှယ် ဖေးတူမှတဲ့ကွယ်....၊
ပျားသကာသဖွယ် စကားပမာရယ်... အချစ်စိတ်နဲ့ မိုက်မှားတတ်တဲ့ အပြစ်မျိုးကိုလဲ
ခွင့်လွှတ်စေချင်တယ်
သံသရာထဲ ချစ်မပြေနိုင်တယ်...
ချစ်အဓိပ္ပါယ် သဘောတရား... နားရေလယ်...။
မှတ်ရန်
တဦးနဲ့တဦး
ပြန်တရာကြဲ
တဆင့်ပိုကဲ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment