ဥပမာအလင်္ကာနှင့် ရူပကအလင်္ကာအထူး
ဥပမာန ဥပမေယျနှစ်မျိုးခွဲခြား၍ ပြလျှင် ဥပမာအလင်္ကာမည်၏။
ပုံစံ။ ။ ပညာသည် ဆီမီးကဲ့သို့ တထိန်ထိန် တညီးညီးထွန်းတောက်၏။
ဤပုံစံများ ဥပမေယျနှင့် ဥပမာနတို့ ကွဲပြားမနေတော့ဘဲ တသားတည်း တစပ်တည်းပင် ဖြစ်သွား၏။
တနည်း။ ။ ဥပမာ၌ ဂုဏ်သာ တူ၏၊ ဒြပ်ကား မတူ။
ရူပက၌ ဂုဏ်ဒြပ် နှစ်ပါးလုံး တူ၏။
တနည်း။ ။ ဥပမာမှာ ဥပမာနပုဒ်အရရှိ၏။
ရူပက၌ ဥပမာပုဒ်အရ မရှိချေ။
ဆောင်။ ။ ဂုဏ်ရည်တူငြား ဒြပ်ခြား မှတ်သား သေချာဥပမာတည်း။
ဂုဏာဒဗ္မ တူညီမျှ မှတ်ကြရူပက။
တနည်း။ ။ ဥပမာန ဥပမေယျ ဟု အရ ကွဲရာ ဥပမာတည်း။
နှစ်ဖြာမခွဲ တသားတည်းပြ ရူပက မှတ်ကြအထူးတည်း။
ရူပကနှင့် ဝင်္ကဝုတ္တိအထူး
နာမ်ချည်းဟူက ရူပက တူမျှပိုင်းနှိုင်းရာ။
ကြိယာဟူ တွဲပါမူ မှတ်ယူဝင်္ကသာ။
ဘဝခရီး အချစ်မီး မြစ်ကြီးသံသရာ (ရူပက)။
ဘဝခရီး ကွေ့ကောက်ပြီး ကျွတ်ပြီးသွားရပါ (ဝက်ဝတ္တိ)။
မှတ်ချကေ်
တထိန်ထိန် တညီးညီးကို စသတ်နဲ့မရေးရပါ။
တနည်းကို စသတ်နဲ့မရေးရပါ။
ပညာသည် ယခင်ကာလများကအတိုင်း ဆီးမီးကဲ့သို့ တထိန်ထိန်တညီးညီး ထွန်းတောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment