မိုးဦးကျ၍
တောက စိမ်းစို၊ မြက် ပန်းညိုနှင့်
ပင်ပျို တောစိုး၊ အိပ်ရာ နိုးပေါ့
ရိုးပေါက်ကန်သင်း၊ ရေဖြည့်သွင်းလျက်
မြေသင်းကို ဆွ၊ ထွန် ထယ်ရလည်း
ကာလ ရှုပ်ထွေး၊ စိတ် မနွေးသည်
ပြည်ရေး နောင်နှစ် ရှင်းလေမလား။ ။
မိခင်မြေကြီး၊ ရွှေဝါသီး၍
ခိုင်ဖြီးလုံလောက်၊ တောင်လိုမောက်လည်း
ရှေ့နောက် လွန်ဆွဲ၊ ကမ္ဘာ့ပွဲဝယ်
မွဲသည့်ဗမာ၊ ပင်မြေဇာမို့
ရွာစီးပွားရေး၊ ငိုက် ပျော့ မှေးသည်
ဆန်ဈေး နောင်နှစ် သင်းလေမလား။ ။
(ဗန်းမော် ညိုနွဲ့)
#ရှေးစာကဗျာများ
(ပြည်ရေး နောင်နှစ် ရှင်းလေမလား၊ ဆန်ဈေး နောင်နှစ် သင်းလေမလား)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment