(ဟိုခေတ်က အလယ်တန်းကျောင်း၏ နိုင်ငံရေးအသိ)အဲလိုဗလာစာအုပ်ကို ၁၅ ပြား၊ ပြား ၂၀၊ ၂၅ ပြား (တမတ်) ပေးရတယ်။
၅ တန်းမှာပါဘဲ သင်္ချာတွက်ဖို့ ဗလာစာအုပ်က ထူတယ်။ မျဉ်းကြောင်းမပါဘူး။ တအုပ် ပြား ၄၀။
ပုံထဲကစာအုပ်အမျိုးအစားက မဆလ ခေတ် (၁၉၆၂-၁၉၈၈) အတွင်းက ဖြစ်ပါတယ်။
ကျွန်တော်က အဲဒီခေတ်ကို အစ အဆုံးမီတယ်။
ဖဆပလ ခေတ် မကုန်ခင်ကတည်းက သူငယ်တန်း။
ရွာဘုန်းကြီးကျောင်းမှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံ ကိုင်ရတယ်။
မြို့က မူလတန်းကျောင်းရောက်တော့ ခဲတံကိုင်ရပြီ။
အလယ်တန်း ခေါ် ၅တန်းမှာ ဖေါင်တိန်ကိုင်ရတယ်။ မင်အိုးနဲ့။
ခဲတံကိုတော့ မမေ့ပါ။
ကျောင်းသားတွေကတော့ ခွေးမြီးတိုလို့ခေါ်ကြတယ်။ အညိုရင့်ရောင်ခဲ့တံ။ တချောင်း ၂၅ ပြား (တမတ်)။ အတော်ကို ကောင်းတယ်။
နောက်မှာ စာတွေဖတ်ရတော့ ဂျာမဏီကလာတဲ့ စဖင့် ခေါ် ပိရမစ်အရုပ်တဲ့။
အလယ်တန်းတက်နေတုန်းမှာဘဲ တော်လှန်ရေးကောင်စီက ၁၉၆၂ အာဏာသိမ်းတယ်။ ဆိုရှယ်လစ်ဆိုပြီး ပြည်ပကနေ ကုန်ပစ္စည်းတွေမသွင်းရ။ ပြည်ပကို ကုန်ပစ္စည်းတွေမပို့ရ။
လအနည်းငယ်ကြာတော့ ခဲတံအသစ်တွေ ဝင်လာတယ်။
တရုပ်ခဲတံက ဈေးတော့ ချိုပါရဲ့။ တချောင်း ၁၅ ပြား။ ချွန်လိုက်တိုင်း ကျိုး။ မဟာတံတိုင်းတံဆိပ်။ တရုပ်ပြည်ကလာတာတဲ့။
အလယ်တန်းကျောင်းသားတွေက အဲဒီကတည်းက တရုပ်လုပ်ဆိုတာဘာလဲ သိကြတယ်။
ကွန်မင့်များ
၁။ အဲ့ဒီစာအုပ်တွေကို မှတ်မိပါတယ်။ သုံးလည်း သုံးခဲ့ရတယ်။ အဲဒီအကွက်လေးမှာ အမည် အတန်းနဲ့ အတန်းခွဲ ရေးထားရပါတယ်။
၂။ 1980 ၁၀တန်းထိသုံးခဲ့ဖူးပါတယ်၊ ခွေးမြီတို ဂျာမဏီမိတ်ခဲတံရော၊ ကွန်ပါဘူးကတော့ ၅တန်း၊ ၆တန်း၊ ၇တန်းဘာမိတ်လည်းမသိ၊ ၈တန်းမှာအနီကြားအရောင် တရုပ်လုပ်မှတ်မိ
၃။ မှန်ပါတယ်ဆရာရေ။
၄။ ခဲတံကအဆစ်ဆစ်ကျိုး ဗလာစာအုပ်ကအထူအပါးမညီ
၅။ သုံးခဲ့ရပါတယ်ဆရာ
၆။ ပြည်သူပိုင်မသိမ်းမီက ခဲတန် ၊ဖောင်တိန် ၊ဘောလပင် တွေ ဂျာမနီ နဲ့အင်ဂလန်ကလာတယ်၊ ပြည်သူပိုင်လဲသိမ်းရော ဂရိတ်ဝေါလ် တရုတ်ကလါတယ် ကွန်ပါဘူးလဲ အရင် Oxford (England)နောက် (China)Bofa တွေဖြစ်ကုန်တော့တာဘဲ၊ Oxford compass က သစ်သားပေတံ၊ China က ပလပ်စတစ်ပေတံ
၇။ စာရွက်ဖြတ်တာလဲမညီ၊ လိုင်းလဲမညီ၊ ဗဟိုပုံနှိပ်တိုက်ထုတ်တွေ
၈။ ပြည်သူပိုင်စနစ်ဆိုတာအရာရာပျက်စီးတာ
၉။ ကျွန်တော် စတုတ္ထတန်း တုန်းက ခဲတံ ဆယ်ပြား။ ဗလာစာအုပ် ပြားသုံးဆယ်။ ပုံနှိပ် ၁ကျပ်၂၅ပြား။ ကော်ပိုရေးရှင်း၉ ၊ရယ် ဖက်စပ်(၈) ရယ် စာအုပ်စာ ရေးကရိယာ။ ထုတ်လုပ်ဖြန့်တယ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment