Skip to main content

ပဲသီးအမည် မဲပေးခြင်း

1. ကချင်မှာတော့ နွေရာသီမှာသီးလို့နွေပဲသီးလို့ခေါ်ကြပါတယ်

2. ကျမတို့ဆီမှာ နွေပဲသီးပါဆရာ နွေပဲသီး

3. ကျမတို့ရခိုင်တွေက စိမ်းစိမ်း ဖြူဖြူ ပြားပြားလေးအသီးကို ပဲပြားသီး ပဲပြက်သီး။ သူ့ထက် အပြားသေးပြီးခုံး ခုံးမာမာ‌ေတာင့်‌ေတာင့်လေး အစိမ်းရောင် ခရမ်းရောင်တွေကိုကျ ပဲငသတစ်တဲ့။

4. ကျွန်တော်တို့ ဒေသကတော့ နွေပဲသီး လို့ခေါ်ပါတယ်

5. ကျွန်တော်တို့ဆီမှာတော့"ပဲနှစ်ပြားသီး"လို့ခေါ်ပါတယ်။ပဲပုဇွန်သီးလို့ခေါ်တဲ့ပဲသီးကျတော့ အပြားက တဝက်လောက်ပဲရှိမယ် နဲနဲပွတယ် အရောင်က အခုလိုအစိမ်းမရင့်ဘူး၊ ပုံစံကလဲ ပုဇွန်လိုမျိုးကွေးကွေးလေးပါ။

6. စစ်ကိုင်းတိုင်းထဲတော့ နွေပဲသီးလို့ပဲ‌အခေါ်များမယ်ထင်ပါတယ် ဗျ

7. ဆန်လှော်နဲ့ချက်ပြီး ပန်ထွေဖျော် တို့ဟူးခြောက်လေးကြော်... အဲ့အတွဲလေး အရမ်းလိုက်

8. ဆမ္မားပဲသီး ပါ

9. ဆော၊ ယောဘက်ကနွေပဲသီး၊ ပဲနပြားသီး

10. ဒီမှာအခေါ် ပဲပုဇွန်ပါဆရာ

11. ဓနုက..ပဲကီးတောင့်

12. နွေ ပဲသီး

13. နွေပဲသီး

14. နွေပဲသီး

15. နွေပဲသီး

16. နွေပဲသီး

17. နွေပဲသီး ရေနွေးဖျောပြီး မြေပဲလှော်ထောင်း နှမ်းလှော်ထောင်းတို့နဲ.သုပ်စား ငပိချက် နဲ့ ပဲပုဇွန်သီးက အသီး ဖောင်းဖောင်း ခုံးခုံးမာမာလေးပါ

18. နွေပဲသီး သုပ်စား ချက်စားအလွန်ကောင်း

19. နွေပဲသီးပါဆရာ။ ပဲပုဇွန်က သေးသေးလုံးလုံးဖေါင်းဖေါင်းလေးတွေပါ။

20. ပုဇွန်ခြောက်လေးနဲ့ ငြုတ်သီး စိမ်းစပ်စပ်လေးနဲ့ ချက်စားလဲ အရမ်းကောင်းပါတယ်

21. ပေါ်ဦးပေါ်ဖျား နွေပဲပါဆရာ

22. ပဲ ြပားသီး ပဲပုဇွန်က လုံးလုံးလေး။

23. ပဲငသတစ်/ပဲဒါးမ။

24. ပဲငါးသတစ် ပဲကကတစ်

25. ပဲဓားမ

26. ပဲနပြားသီး

27. ပဲနပြားသီး

28. ပဲနပြားသီးလို့လည်းခေါ်ပါတယ်

29. ပဲပဇွန်သီး

30. ပဲပြက်သီးပါဆရာ။

31. ပဲပြားသီး

32. ပဲပြားသီး

33. ပဲပြားသီး/နွေပဲသီး

34. ပဲပုစွန် ချဉ်ရေဟင်း ချက်စား၊ ရေနွေးဖျောသုပ်စားလေ့ရှိ၊

35. ပဲပုဇွန်

36. ပဲပုဇွန်

37. ပဲပုဇွန် လုံးဝမဟုတ်ပါဆရာ နွေပဲသီးဘဲခေါ်ပါတယ် ပဲပုဇွန်က လုံးပြီး ရှေရှေလေးတွေပါ အညိုရောင်သန်းနေတာလေးတွေပါ

38. ပဲပုဇွန်ခေါ်ပါ၏။

39. ပဲပုဇွန်မဟုတ် ပဲဂုံးသီး ပဲပုဇွန်ကသေးရှည်ပြီးပိုနူးညံ့ဒါ ကအပြားအသားနည်းနည်းမာ

40. ပဲပုဇွန်သံး ဗမာခရမ်းချဥ်သီးနဲ့ ချဥ်ရည်ချက်လဲ ကောင်း, ပြုတ် သုပ်စားလို့လဲအရမ်းကောင်း

41. ပဲပုဇွန်သိးပါ ပဲပုဇွန်သီး

42. ပဲပုဇွန်သီး

43. ပဲပုဇွန်သီး

44. ပဲပုဇွန်သီး

45. ပဲပုဇွန်သီး ချဥ်ရေချက်ရင်ကောင်းမှကောင်း အညာမှာပေါပါတယ် အပင်တပင်ရှိရင်စားမကုန်ပါ

46. ပဲပုဇွန်သီးကို ငါးလေးခပ် မန်ကျည်းရည်လေးနဲ့ ရေစပ်စပ်လေးချက် မဆလာနဲ့ နံနံပင်လေးအုပ်

47. ပဲပုဇွန်သီးတမျိုး

48. ပဲပုဇွန်သီးပါဆရာ

49. ပဲပုဇွန်သီးလို့ပဲသိထားပါတယ်ဆရာ

50. ပဲဝက်သခေါက်ပါ ဆရာ

51. ဘိဇွန်သီး

52. ရွှေပဲ လို့ ခေါ်ပြီး ပဲပုဇွန်ထက်ပိုနူးညံ့တဲ့ပဲမျိုးလည်းရှိပါတယ်။ သူကဈေးပိုကြီးပါတယ်။

53. ရွှေပဲသီး

54. ရွှေပဲသီးနဲ့တူတယ်ဆရာ၊ ပဲပုဇွန်သီးနဲ့နွေပဲသီးကနည်းနည်းသက်တယ်။ ရွှေပဲသီးကချိုတယ်။ အေးတဲ့ဒေသစိုက်လို့ရတယ်။ ပဲပုဇွန်နဲ့နွေပဲသီးက မြေလတ်နဲ့အညာမှာစိုက်ကြတယ်။

55. ရှမ်းလို ထိုတျက်ပ်ပါ။ စပါးလင်၊ရှမ်းနံနံ၊ ကြွက်နားရွက်မှို၊ ဆန်လှော်မှုန့်တို့နဲ့ ဟင်းချိုချက်စားကြပါတယ်။

56. အညာမှာတော့ နွေပဲသီးလို့ ခေါ်ပါတယ်

57. အညာမှာတော့ပဲပုစွန်သီးလို့ခေါ်ပါတယ်။ သီးစုံချဉ်ဟင်းထဲမှာ ထည့်ချက်လေ့ရှိပါတယ်ဆရာ

ကွန်မင့်တွေအရ ဘယ်လိုခေါ်တာက မဲများသလဲ။

ပဲသီးအမည် ခေါ်ဆိုမှု မဲရေတွက်ချက်

နွေပဲသီး – ၁၈ မဲ

ပဲပုဇွန်သီး (ပဲပုဇွန် / ပဲပဇွန် / ဘိဇွန်သီး အပါအဝင်) – ၁၉ မဲ

ပဲပြားသီး – ၅ မဲ

ပဲနပြားသီး / ပဲနှစ်ပြားသီး – ၄ မဲ

ပဲငသတစ် (ပဲငါးသတစ် / ပဲကကတစ်) – ၃ မဲ

ရွှေပဲသီး (ရွှေပဲ) – ၃ မဲ

ပဲပြက်သီး – ၂ မဲ

ပဲဓားမ (ပဲဒါးမ) – ၂ မဲ

ဆမ္မားပဲသီး – ၁ မဲ

ပဲကီးတောင့် – ၁ မဲ

ပဲဝက်သခေါက် – ၁ မဲ

ပဲဂုံးသီး – ၁ မဲ

ထိုတျက်ပ် (ရှမ်းလို) – ၁ မဲ

ကောက်ချက်

အမည်ခေါ်စရာတွေကို တယောက်တမျိုး၊ တရပ်သုံးလေးမျိုးခေါ်ခြင်းသည် မြန်မာပြည်သားပီသ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ