Skip to main content

"မာန်"












































ကဗျာဝတ္ထု

ဒေါင်းနွယ်ဆွေးရေး

အခဏ်း-(၁)

(အမှာ)

တယောက်သောသူက၊ ငါ့ထံမှ၊ အထဲနှလုံးတို့ကို၊ ထုတ်ယူသွားကတည်းက၊ လောကတွင် ရပ်တည်နေနိုင်ရန်မဖြစ်သော်လည်း၊ ကဗျာရေးရန်အတွက်သာ၊ ငါ့မှာ အသက်ရှင်နေရတော့သည် ဟု၊ စကားဆိုလှာတတ်သော ချစ်ညီ.... တဦးသို့ ။ ။

ကဗျာ၃ပုဒ်ကုံး

ကဗျာစဉ်(၁)

ယာဉ် ကဗျာဒဏ္ဍာရီ

[၁]

သင့်မယုံလည်း၊

သင်ယုံသောခါ၊ ဤကဗျာသည်၊

စီးလှာမျက်ရည်၊ စမ်းစမ်းစိမ့်လိမ့်တကား။ ။

[၂]

သွယ်ခိုင်မြင့်သွန်း၊ ရေတံခွန်လည်း၊

ငွေကွန်ဇာနား၊ လှိုင်းပန်းပွားနှင့်၊

ကျောက်သားတောင်ခြေ၊ ပဲ,ယာ,ခွေတည့်၊

သဲမြေဂွမ်းနု၊ ပုလဲဥလည်း၊

အဖုအထစ်၊ အရစ်ရစ်လျှင်၊

သစ်မြစ်လမ်းလျှောက်၊ ဟောင်းလောင်းပေါက်နှင့်၊

အညှောက်စို့စို့၊ ထွားထွားစို့တည့်။

အို့... ဘယ်သူ့ခြေရာ၊ ဘယ်သူလာ၍၊

ဘယ်မှာသို့လျှင်၊ ခရီးနှင်လိမ့်၊

သမင်ရေသောက်၊ ကျားလည်းဟောက်ပေါ့၊

ရှေ့နောက်ဝန်းချာ၊ မျှော်လေရာကား၊

ကိုင်းဖြာယှက်ကုပ်၊ ကျွန်းအုပ်ညိုညို၊

ဟီးလေးခို၍၊ မယှုနေခြည်၊

နှင်းရည်မခ၊ ဤဒေသသည်၊

ကျောက်ဝကနုတ်၊ ရဲတိုက်တည်း။ ။

[၃]

ကျွန်းအုပ်ပိတ်ဖုံး၊ လမ်းအဆုံးကား၊

ပွတ်လုံးကျောက်တိုင်၊ ပန်းခိုင်ပန်းခက်၊

နွှယ်ခြင်းယှက်မျှ၊ စွမ်းထက်ပညာ၊

ဗိသုကာ၏၊ လက်ရာစစ်စစ်၊

အမွေနစ်တည်၊ ခွေရစ်သွယ်အိမ်၊

ကြောင်လိမ်လှေခါး၊ ကျောက်ဖြူသားလည်း၊

တိမ်ပါးသို့လု၊ ဘယ်နှုယ်ထုပါ၊

ပန်းပုကျွမ်းကျင်၊ မျှော်စင်,မျှော်ခမ်း၊

အလင်းလမ်းတည့်၊ လက်ရမ်းလည်းကျောက်၊

မှခ်အိုးကျောက်လျှင်၊ သခင်မရှိ၊

မှောင်အတိမို့၊ အသိမမြင်၊

ဘယ်သို့ထင်ရ၊ ကြာလျှင်ရွံ့ကြောက်၊

တစ္ဆေခြောက်လိမ့်၊ ကွေ့ကောက်ခြေဆင်း၊

ကျောက်သလင်းလမ်း၊ ပြာနှမ်းနှမ်းလည်း၊

လခြမ်းရထား၊ နှုတ်ခမ်းပါးကို၊

စောင့်စားနေဟန်၊ ထီးထီးကျန်သည်။

မညံဆိတ်ဆိတ်-သာတကား။ ။

[၄]

အို.... နားထောင်စမ်းပါ၊ ဤအခါဝယ်၊

လွှင့်လှာလေတွင်၊ ရှိုက်သံထင်၏၊

တံဇင်ရိတ်သံ၊ ဗျာတ်စောင်းသံလို၊

သံညှုလည်းရော၊ သံချိုနှော၍၊

အတောမသတ်၊ လှိုင်းခြင်းထပ်မျှ၊

ကြွေပြတ်သည်ဆိုင်၊ ဗျာဝှန့်လှိုင်သူ၊

ညှာခိုင်ဖြူထား၊ မယှိတပါးသည်၊

ကြောက်အားလည်းမွန်၊ စိုးရွံ့လွန်၍၊

အားသွန်စိုက်စိုက်၊ ခေါင်းမှေးငိုက်ကာ၊

ကြေးဝါသံနှောင်၊ အကျဉ်းထောင်၏၊

အမှောင်မြေခမ်း၊ ကျောက်ခါးပန်းကို၊

တစမ်းဝါးဝါး၊ ကုပ်ဖဲ့ကျားကန်၊

အားမတန်ရှင့်၊ မဟန်တော့ပိုင်၊

ခွေပြတ်ယိုင်မှ၊ လက်မှိုင်ညှိုးလျ၊

သက်ပြင်းချပြီး၊ ‘တောက်’ခေါက်ပြီးနှင့်၊

ရှိုက်ကြီးတငင်၊ မျက်ရည်ယှဉ်သည်၊

ပါးပြင်ပြည့်နွေးစီးသတည်း။ ။

[၅]

မျက်ရည်အိုင်ထွန်း၊ ငိုရလွန်း၍၊

ပြည့်ရွှန်းရူပါ၊ ကြော့ရုပ်ဝါလည်း၊

နံ့သာပြင်လွှင့်၊ ညှိုးလျော်ရင့်တည့်၊

ကစဉ့်ကလျား၊ ဆံဦးဖွားလည်း၊

လှုပ်ရှားလှိုင်းတွန့်၊ လွှန့်၍ဖွာလျား၊

လေနှင့်ပါ၏၊ ဘဇာတွက်ကြောင့်၊

တအောင့်မနား၊ မျက်ရည်များရှင်၊

လှကေသွင်သည်၊ ပဲ့တင်သည်းထန်၊

ငိုရဖန်လိမ့်၊ ညိုစိမ့်နက်မှောင်၊

ကြော့မျက်တောင်ဝယ်၊ တောက်ပြောင်ပုလဲ၊

တွဲရရွဲခို၊ ရှင်းရှင်းစိုတည့်၊၊

အငိုရပ်သော်၊ ရှိုက်သံပေါ်လှာ၊

ဂယက်ဖြာရှင့်…။

ကြေင်းရာစေ့ငုံ၊ သည့်ဖြစ်စုံကို၊

ကြေးမုံသဘွယ်၊ စမ်းရေစွယ်မှ၊

ပုန်းကွယ်တိုးလျှိုး၊ နွမ်းနယ်ညှိုးသည့်၊

အမျိုးညံ့သား၊ သူဖုန်းစားမူ၊

မျက်ဝါးထင်ထင်၊ နေ့ဆက်မြင်သည်၊

သဇင်ကြွေမည်-စိုးယောင်ယောင်တကား။ ။

[၆]

လဝန်းငွေအိမ်၊ ထွန်းညှိချိန်ဝယ်၊

မြူတိမ်ဂွမ်းဆက်၊ ယက္ကန်းယှက်၍၊

လျောင်းစက်ကျွန်းအုပ်၊ မှောင်မှာမြုပ်သော်၊

တပုဒ်ထံတျာ၊ တေးကဗျာကား၊

ဗျတ်လွှာစောင်းရှင်၊ နုတ်ဦးလွှင်မှ၊

ပိယဝါစာ၊ မြည်လှာသဲ့သဲ့၊

လွမ်းလှိုင်းဖွဲ့ရှင့်၊ သဲနွဲ့လေးလေး၊

သံအေးပိုပို၊ သံချိုနုနု၊

သံညုရစ်နှောင်၊ ညှို့လှာယောင်တည့်၊

အမှောင်တဝက်၊ လရောင်ပက်ဆမ်း၊

သဲဖြူလမ်းဝယ်၊ ထမ်းငြားဗျတ်စောင်း၊

ညိုမောင်းမောင်းကို၊ လက်ချောင်းညွှတ်တင်၊

လွမ်းကြိုးငင်သည့်၊ လုလင်ယောက်ျား၊ 

သူဖုန်းစားသည်၊ နှင်းဖွားဖြိက်ဖြိက်၊ 

ကျောက်ရဲတိုက်မှ၊ ရှိုက်သံကြားရာ၊ 

ပြူးတင်းလွှာသို့၊ မျှော်ကာရုပ်တန့်၊ 

လည်တိုင်ဆန့်င်း၊ ရင်တွင်းပြည့်ကြပ်၊ 

ထားရှိအပ်သည့်၊ ကိန်းဝပ်မေတ္တာ၊ 

ဂရုဏာနှင့်၊ ကြင်နာသနား၊ 

သောစိတ်များသည်၊ သည်းခြားရင်ဆိုင်၊ 

ဖူးပွင့်ခိုင်… သည့်၊ 

ပင်တိုင်နွဲ့နှောင်း-မသိခေါင်ခေါင်တကား။ ။

[၇]

သည်အခါသော်၊ 

ငွေလှော်ပြည့်လှိုင်း၊ လစက်ဝိုင်းလည်း၊ 

သင်တိုင်းတိမ်လွှာ၊ မြူပုဝါတွင်၊ 

ချိတ်ငင်တွဲလွှဲ၊ လုတဲတည့်၊ 

နှင်းဖွဲဝေ့သွန်၊ ကျောက်သလွန်ခံ၊ 

ရဲတိုက်ယံလည်း၊ ရှိုက်သံဖုံးလွှမ်း၊ 

ပြည့်ခမန်းတည်း၊ သဲလမ်းခြေစွယ်၊ 

သစ်ရိပ်ကွယ်ကား၊ လှုပ်ရှားတဖန်၊ 

ငြိမ်ပြန်ခဏ၊ တည်မရတည့်၊

ဝဲလှည့် ယာပြောင်း၊ တစေ့စောင်းလျှင်၊ 

ခြောက်မြောင်းဆိတ်ငြိမ်၊ မတင်းတိမ်နိုင်၊ 

ပင့်သက်လှိုင်၏၊ ရင့်ခိုင်ယောက်ျား၊ 

နှလုံးသားလည်း၊ မြစ်ဖျားခံကာ၊ 

ယိုစိမ့်လှာသည့်၊ မေတ္တာနှိုးဆောင်၊ 

ပင့်ကူနှောင်ဝယ်၊ ညီတွယ်ရစ်ပတ်၊ 

အထပ်ထပ်ကြောင့်၊ စောင်းဗျတ်လက်စွမ်း၊

ညှိုးလက်စမ်း၍၊ နှုတ်ခမ်းဖွင့်ဟ၊ 

လှိုင်းရွရွှဖြင့်၊ ရူပကလျာ၊ 

ကြော့ရုပ်ဝါသို့၊ ခွန်းသပို့သည်၊ 

တစ်ဆို့သံတုန်-အက်အက်တကား။ ။

[၈]

“အို…ပင်တိုင်စံဦး၊ မီးရှူးတန်ဆောင်၊ 

လှမှူးခေါင်ငဲ့၊ လွမ်းနှောင်ရိပ်ခြည်၊ 

ဘယ်ခင်းမည်ကြောင့်၊ မဆည်လှိုက်လှိုက်၊ 

လောင်မိုးမြိုက်လျှင်၊ တရှိုက်လွမ်းလွမ်း၊ 

တတမ်းတတ၊ ငိုပါရလိမ့်၊ 

သင်ကခွင့်ပြု၊ ငါယခုပင်၊ 

သက်လှဆံဖျား၊ စွန့်စားစိတ်သန်၊ 

သစ္စာနှံ၏၊ ဘေးရန်ဘယ့်လောက်၊

တောင်နှယ်မောက်လည်း၊ မကြောက်တွန့်တွန့်၊ 

မရွံ့ယိုင်ယိုင်၊ ကြံ့ကြံ့ခိုင်အံ့၊ 

ပင်တိုင်ကသာ၊ နှုတ်လွှာသွက်သွက်၊ 

ခွန်းမိန့်မြွက်…။” ဟု၊ ကွဲအက်ပွင့်အံ၊ 

နှလုံးယံမှ၊ စောင်းသံကိုဖောက်၊ 

အကြိုထောက်သော်၊ တယောက်အားငယ်၊ 

ပုလဲသွယ်ခင်၊ မျက်ရည်ရှင်လည်း၊ 

ဆံပင်ဖျားလျား၊ လက်ဝါးနှင့်သုတ်၊ 

ရှိုက်သံရုပ်၍၊ အမှတ်တမဲ့၊ 

စောင်းငှဲ့ညှင်းသာ၊ ပြတင်းလွှာမှ၊ 

ငံ့ကာစေ့စေ့၊ မျှော်ပါချေ့သော်၊ 

တကွေ့လမ်းမြှောင်၊ ပြုပြုမှောင်သည့်၊ 

လရောင်မှုံမှုံ၊ ဂမုန်းချုံဝယ်၊ 

နွမ်းနွယ်ညှိုးပါး၊ သူဖုန်းစားကို၊ 

စောင်းညှိပိုက်ချီ၊ မျက်ရည်လည်ဖြင့်၊ 

တေးသီးဖွဲ့ငင်၊ ရေးရေးမြင်သည်၊ 

ပြုံးချင်နိုင်နိုင်-မချီလောင်လောင်တကား။ ။

[၉]

ပြုံးချင်နိုင်နိုင်၊ မပြုံးနိုင်သား၊ 

ကျောက်တိုင်တံတိုင်း၊ ဝန်းကာဆိုင်းသည့်၊

အုပ်ဆိုင်းယှက်ဖြာ၊ ယက်မလွှာမှ၊ 

မြင်ရသဏ္ဍန်၊ မဲမဲဟန်ကား၊ 

နွမ်းပါးကိုယ်ရည်၊ ဝတ်ထည်ညစ်ထွေး၊ 

အဖါထေးနှင့်၊ အသွေးအရောင်၊ 

မတောက်ပြောင်ရှင့်၊ ကြွေလွင့်ရွက်ဝါ၊ 

သို့ပမာလျှင်၊ မြင်ကာမျှဖြင့်၊ 

သိနှင့်ခြားနား၊ ‘သူဖုန်းစား’ဟု၊ 

လှုပ်ရှားဟန်ပန်၊ မျတ်စောင်းသံကြောင့်၊ 

စိုးနှောင့်မဆည်၊ သောမျက်ရည်လည်း၊ 

မိုးစည်ကဲဝှန်၊ မတန့်သွန်လျှင်၊ 

လူ့ကျွန်စေပါး၊ စောင်းသမားသို့၊ 

ခွန်းအားကုန်ညှပ်၊ စကားဖြစ်ရုံ၊ 

ကြာနှုတ်ငုံဖြင့်၊ သဲမုံသဲ့သဲ့၊ 

နွမ်းယဲ့ယဲ့လျှင်၊ လွမ်းဖွဲ့မဆုံး၊ 

ပန်းနှယ်ကုံးသည်၊ 

နှလုံးခုန်သံ-ညက်ညက်ဘကား။ ။

[၁၀]

“အို…မေတ္တာရှေ့ထား၊ စကားဆိုလှာ၊ ၏

ဒွန်းစဏ္ဍာငဲ့၊ သင်နဲ့ငါကား၊ 

ဘဝအားဖြင့်၊ ခြားနားသီခေါင်၊

မှတ်ချက်

ကဗျာက ရှည်လို့ အပိုင်းလိုက်သာ တင်ပြပါမယ်။ မနေ့က စပါတယ်။ ဆက်ပါဦးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ