ကပ်သတ်ပြီး ငြင်းလိုက ငြင်းနိုင်ပါတယ်။
မနမ်းဘဲ မွှေးတယ်။
ဂေါ်သဇင်းပန်းဟာ သင်းသင်းလေး မွှေးတယ်။
အပင်နား၊ ပန်းနား သွားတာနဲ့ မွှေးမကြည့်ဘဲ မွှေးတယ်။
ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်။
"ပန်းသဇင်"
ဆို - လေဘာတီမမြရင်
ရေး - ဦးသာဒင်
မန်းတွင် ပန်းသဇင်ပေါ်စမို့ မြှော်ကြတယ်လေး
နန်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်
ပန်းများသဇင် မယ်ချစ်ပါတဲ့ သဇင်ပန်း ရွှင်လန်းစေဖို့သာယဉ်
(ပန်းများသဇင် ဘုရင်တော်ဝင်) ၂
သုံးသည်မို့လေး
ရပ်ရှစ်ခွင်တွင် ပြေရွာသုံးပေမို့မွှေး ပြန့်မွှေး
လေယူရာအေး မြသွေးသန့်စင် ပန်းရနံ့ ကြိုင်လှိုင်သရှင် အများတို့မေတ္တာဝင်
ပန်းတကာတို့ရာဇာဘုရင် (တော်ဝင်) ၂ (သုံးသည်) ၃
ဖူးညွန့်ဝေဝေစီ ခါမှီပေါ်ဦးစပင် (ခူးပါရှင်) ၂
မောင့်စိတ်တော်ကြည်ကြည်လင်လင် ရွှေဖူးစာရှင်
ပျိုတို့ကိုကို နမ်းလို့လဲမဝနိုင် ပန်းသဇင် (မြရင်) ၂ စမ်းသာတဲ့ ပန်းများသဇင်
ကြူကြူမွှေးတဲ့ (ဂေါ်သဇင်) ၂ ထူးလဲထူးတဲ့ (တော်ဝင်) ၂
ချစ်သူကြိုက်သူ ထိုင်သူမှန်ရင် ပျိုဝမ်းသာရဲ့ (မယ်ရင်) ၂
ကြူကြူမွှေးတဲ့ (ဂေါ်သဇင်) ၂ ထူးလဲထူးတဲ့ (တော်ဝင်) ၂
ချစ်သူကြိုက်သူ ထိုက်သူမှန်ရင် ပျိုဝမ်းသာရဲ့ (မယ်ရင်) ၂
(ရွှေသစ္စာ ပန်ဆင် ပန်ဆင် ငွေသစ္စာပန်ဆင်ပန်ဆင်
ဖူးစာပြိုင်မယ်ရှင် မြရင် မြရင် စမ်းသာတဲ့ ပန်းများသဇင်
https://www.youtube.com/watch?v=OoBT-l2QNFM
သတင်းမွှေးသူတွေ ဖြစ်ကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment