Skip to main content

ဘက် နှင့် ဖက် ဋီကာ

ဘက် — န /ဘက်/ ၁။ အရပ်မျက်နှာ၊ လားရာ (မြောက်ဘက်၊ အနောက်ဘက် စသည်ဖြင့် သုံးသည်)။ ၂။ တခုတည်း၊ သို့မဟုတ် တစုံတခု၏ ရပ်တည်ရာပိုင်းအခြား။ ၃။ ခွဲခြားသော ပိုင်းအခြား (အများအားဖြင့် ၂ ပိုင်း) ကို ရေတွက်ရာတွင် သုံးသည့် စကားလုံး (ခြေတဘက်၊ မြှားကမ်းတဘက်၊ ဖိနပ်တဘက် စသည်ဖြင့် သုံးသည်)။ 

ဘက်ကန် — ကြိ /ဘက်ကန်/ ၁။ အချင်းချင်းပြွန်၍ ဆန့်ကျင်သည်၊ ကဏ္ဍကော စပြုသည်။ ၂။ နောက်ဘက်သို့ ပြန်၍ ရိုက်နှက်သည်။ 

ဘက်စုံ — န /ဘက်စုံ/ / ဘက်စုံ / အဘက်ဘက်မှ ပြည့်စုံ

သော။ — ကြိ /ဘက်စုံ/ ပညာရပ်အဘက်ဘက်တွင် ကျွမ်းကျင်နှံ့စပ်သည်။ 

ဘက်ညီ — န /ဘက်ညီ/ / ဘက်ညီ / အသားအဘက်ဘက် ညီသော၊ လိုက်ဖက်သော။ — ကြိ /ဘက်ညီ/ အသားတခုနှင့်တခု အတိုင်းအတာ ညီသည်၊ လိုက်ဖက်ပြေလည်သည်။ 

ဘက်တော်သား — န /ဘက်တော်သား/ တခုတည်း၊ တဘက်ဘက်ကို သစ္စာရှိစွာ ကျွံနှံခစားတတ်သော စိတ်ချယုံကြည်ရသူ (တဘက်ဘက်သို့ အယူအဆ တိမ်းငိုက်လိုက်ပါသူ)။ 

ဘက်တန် — န /ဘက်တန်/ / ဘက်တံ / ရှု။ 

ဘက်တိုက် — ကြိ /ဘက်တိုက်/ ဖိဆန်ဆန့်ကျင်၍ နားပူနားဆာ ပြုသည်။





ဘက်ထရီအိုး — န /ဗက်ထရီအိုး/ လျှပ်စစ်ဓာတ်အား သိုလှောင်၍ စွမ်းအား ပြန်လည်ထုတ်ပေးသော၊ ဆက်သွယ်ထားသည့် အခန်းအနားပါ ဓာတ်လှောင်သောတ္ထု [လိပ်] 

ဘက်ပဲ့ — ကြိ /ဗက်ပဲ့/ အဖေအဖက် ဖြစ်သော တဘက်တပိုင်း သို့မဟုတ် တစုံတဦး လစ်လပ်ကင်းမဲ့သည်၊ မပြည့်မစုံ ဖြစ်သည် 

ဘက်ပြောင်း — ကြိ /ဗက်ပြောင်း/ တဘက်မှ အခြားတဘက်သို့ ပြောင်းလဲကူးဝင်သည် 

ဘက်ပြန် — ကြိ /ဗက်ပြန်/ တကြိမ်တွင် မိမိက သဘောတူညီ လိုက်လျောနာခံခဲ့ဖူးအား တဖန်ဖိဆန် ဆန့်ကျင်သည် 

ဘက်လိုက် — ကြိ /ဗက်လိုက်/ တဘက်ဘက်သို့ အလေးပေး လိုက်ပါသည်

ဖက်၁ – န /ဖက်/ ၁။ ထုပ်ရာ၌ အသုံးဝင်သော အပင်ထွက် အချပ်ပြားကြီး။ (အင်ဖက်၊ မှိုက်ဖက်၊ စလူဖက်၊ တောင်စွန်းဖက်၊ ကြာဖက်၊ ငှက်ပျောဖက် စသည် အသုံးရှိသည်။) ၂။ ဆေးလိပ် လိပ်ရသည့် မျက်နှာပြင် ပြန့်သော ပင်ထွက်ပစ္စည်း။ (သနပ်ဖက်၊ ဘန့်ပွေးဖက် စသောအရွက်၊ ကွမ်းသီးဖက် စသော ရွက်အုံအမြှေး၊ ပြောင်းဖူးဖက် စသော ဖူးခွံများကိုပါ ခေါ်ဆိုသည်။)

ဖက်၂ – န /ဖက်/ ဘက် - န ၊ ရှု။ – ကြိ /ဖက်/ ၁။ ယှဉ်စပ်သည်။ ပေါင်းယှဉ်သည်။ ပူးတွဲသည်။ “ခါးတောင်းမြဲမှယှက်၊ စိုက်ရောဖက်သား။” ကိုး* ၁၅။ ၂။ အလိုက်အဟပ် သင့်သည်။ လိုက်လျောညီညွတ်သည်။ “အော်... ဦးဖေနှင့် ဒေါ်အေးကြည် ဖက်ဘဲဖက်မိသေးတော့။” အရေ့က၊ ပ။ ၁၂၃။ ၃။ ယှဉ်ပြိုင်သည်။ “ဟဲ့ ပေါက်ကျိုင်း၊ သူ့ကို ဖက်မပြောနဲ့” ။ ရှု၊ ၁၃၊ ၁၄၈၊ ၁၁၁။

ဖက်၃ – ကြိ /ဖက်/ လက်မောင်းဖြင့် သိမ်းငင်ပိုက်ယူသည်။

ဖက်ခွက်နာ – န /ဖက်ခွက်နာ/ အရေပြားပေါ်တွင်ပေါက်သည့် ချိုင့်ခွက်နေသော ပြည်တည်နာတမျိုး။

ဖက်စပ် – ကြိ /ဖက်စပ်/ ၁။ အတူပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်သည်။ ၂။ အဆက်အသွယ်ဖြစ်သည်။ တွဲယှဉ်သည်။ “သင် ...

ဖက်စပ် - ကြိ /ဖက်စပ်/ ၁။ အတူပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်သည်။ ၂။ အံဆက်အသွယ်ဖြစ်သည်၊ တွဲယှဉ်သည်။ 

ဖက်စိမ်းလိပ် - န /ဖက်စိမ်းလိပ်/ အပူတိုက်၊ အခြောက်ခံခြင်း မပြုသော ဖက်များနှင့်လိပ်သည့် ဆေးပေါ့လိပ်။ (ကွမ်းသီးဖက်၊ ပြောင်းဖူးဖက် စသော ဖက်ဖြူလိပ်နှင့် ခွဲခြားခေါ်ဆိုသည်။) 

ဖက်ဆစ်ဝါဒ - န /ဖက်ဆစ်ဝါဒ/ အကြမ်း ဖိနှိပ် အုပ်စိုးသော အာဏာရှင်ဝါဒ။ 

ဖက်ဆွတ်၁ - န /ဖက်ဆွတ်/ ကုန်းမြင့်ပိုင်းတွင် ပေါက်လေ့ရှိရှိ ရန့်မွှေးသော ပန်းအဆိုင်များကို ပွင့်သည့် ပင်စောက်တမျိုး။ (ဒေသအလိုက် သစ်စော်ဘွာ၊ သစ်ဆည်းလည်း စသည်ဖြင့်လည်း ခေါ်သည်။) 

ဖက်ဆွတ်၂ - န /ဖက်ဆွတ်/ တပေါင်းလကုန်၊ တန်ခူးလဆန်း ခန့်တွင် မိုးဦးရွာရာ၌ သစ်ရွက်စိုများကို တိုက်စားစားဆင်းလာသည့် နီကြန်ကြန်အရောင်ရှိသော မိုးဦးရေ။ “ဖက်ဆွတ် ရေမျိုး၊ မချိုးသောက်ရာ” မသ* ၂၃၁။ 

ဖက်ဆွတ်မှို - န /ဖက်ဆွတ်မှို/ သစ်ရွက်ဆွေး၊ မြေဆွေးများတွင် ပေါက်လေ့ရှိသော စားကောင်းသည့်မှိုတမျိုး။ (ကျင်းမှို၊ မှိုဖြူဟုလည်း ခေါ်တွင်သည်။ ဖက်ဆွတ်မှိုဟူလည်း အဆိုအပေါ်ကဲ့သို့တည်း။) 

ဖက်ညီ - ကြိ /ဗက်ညီ/ ဘက်ညီ - ကြိ, ရှု။ 

ဖက်တော်သား - န /ဗက်တော်သား/ ဘက်တော်သား - န, ရှု။ 

ဖက်တဲ - ကြိ /ဖက်တဲ/ တခုနှင့်တခု အတူယှဉ်စပ်သည်။ 

ဖက်ထုပ် - န /ဖက်ထုပ်/ စဉ်းထားသော ဘဲသားဝက်သားစသည်ကိုနံနံပင်၊ ကျူရွက်ပြန့်ငယ်တို့တွင် ထည့်ထုပ်ကာ ထည့်ထုပ်ကာ ကြော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားရသော စားစရာ။ 

ဖက်ပြိုင် - ကြိ /ဖက်ပြိုင်/ တဦးနှင့်တဦး သို့မဟုတ် တဘက်နှင့်တဘက် အနိုင်အထက်ရအောင် တူပြိုင်ကြိုးပမ်းသည်။ 

ဖက်ဖူးရောင် - န /ဖက်ဖူးရောင်/ အဝါနှင့်အစိမ်း ရောစပ်ထားသော အရောင်။ ငှက်ပျောဖူးညွန့်ရောင်။ 

ဖက်ယား - န /ဖက်ယား/ ကွမ်းရွက်ပုံ အရွက်ငယ်များတွင် ယားယံစေတတ်သော အမွှေးများရှိသည့် အပင်ငယ်တမျိုး။ 

ဖက်ရွက် - န /ဖက်ရွက်/ ထုပ်ပိုးရာ၌လည်းကောင်း၊ မိုးကာရာ၌လည်းကောင်း အသုံးပြုနိုင်လောက်သော သစ်ရွက်။ 

ဖက်ရှင် - န /ဖက်ယှင်/ ၁။ အများသူငါ တုပလိုက်စားပြုလုပ်လေ့ရှိသော အပြုအမူ၊ အများနည်းတူလိုက်၍ လုပ်သော အလုပ်။ 

ကိုးကားစာမှ — “ဘုရားဆုကိုပန်သော ဖက်ရှင်ရှိပုံကို တွေ့့မြင်ရလေသည်။” တင်း၊ ၇၈။ 

၂။ ဆန်းသစ်အောင် တီထွင်ဝတ်စားမှု။ 

တီထွင်ဝတ်စားမှု — “ဘောင်းဘီရှည်အပွ ခြောက်လုံးညို့သကျည်းနှင့် တည့်တည့်တွင် ခေါက်ရိုးပုံထားခြင်း ဖက်ရှင်ကို သတ္တမမြောက် အက်ဒွပ်ဘုရင်က ထွင်ခဲ့သည်ဟု” ငါးနှစ်။ ၉၀။ 

၃။ ခေတ်မီအဆင်အယင်။  “ရုပ်ရှင်မြို့ ဖြစ်သဖြင့်”

ဖက်ရှင်လဲ ခေတ်စားပါသည် - တင်းစာ။ ၄။ အင်္ကျီ၊ လုံချည်၊ ထီး၊ ပန်း စသော အသုံးအဆောင်များ တတ်နိုင်သမျှအရောင်တူ ဆင်ယင်သုံးစွဲမှု။ ၅။ တဦးနှင့်တဦး ဆင်တူ ဝတ်စားမှု၊ “သူငယ်ချင်းမတွေအားလုံး ဖက်ရှင်ဝတ်ပြီး ဘုရားဖူးသွားချင်လို့ပါ” ချစ်ကြွေး၊ ၉။ [လိပ်] 

ဖက်လဲတကင်း - ကြိဝိ /ဖက်လဲတကင်း/ ရင်နှီးရောဝင်စွာ၊ ယုယမြတ်နိုးစွာ၊ “ချစ်ခင်မရဲ၊ ပီတိကဲလျက်၊ ဖက်လဲတကင်း၊ ပြုပြီးလျှင်မှ၊ နတ်မင်းဘုန်းကြီး” ဝိပ္ပ* ၂၂၁ 

ဖက်လိပ်ပိုး - န /ဖက်လိတ်ပိုး/ စပါးရွက်ကို လိပ်အောင် အိမ်ဖွဲ့၍ စားသောက် ဖျက်ဆီးတတ်သော ပင်ဖျက်ပိုးတမျိုး (ပိုးကုလား၊ ပိုးကျား၊ ပိုးစိမ်းကျားဟူ၍လည်း ခေါ်သည်) 

ဖက်ဝန်း - န /ဖက်ဝန်း/ အကြောအမျဉ်ထူသော၊ အသားအထူ ရင့်ရောင် လုံးပတ်ကြီးသော ပင်မြင့် သစ်ပင်ကြီးတမျိုး (သစ်သားကို ထွန်၊ ထယ်၊ လှေတက်၊ လှေကိုင်း စသည် ပြုလုပ်ရသည်၊ တောင်ဖက်တန်း၊ ဖက်တန်းကြီး၊ ဖက်တန်းကလေး ဟူ၍လည်း ရှိသေးသည်) 

ဖက်သန်း - န /ဖက်သန်း/ ကျောညွှတ်၍ ရသော လိမ္မော်ရောင် သစ်သားထွက်ရှိသည့် မြေနိမ့်ပေါက် အလတ်စား သစ်ပင်တမျိုး 

မှတ်ရန်

ဘက် နဲ့ ဖက် က တချို့အသုံးစာလုံးတွေမှာ ရောထွေးလေ့ရှိပါတယ်။

ကဝိဓဇသတ်ပုံ

ဖက်လဲတကင်း = ဘက်လဲတကင်း

ဦးသာမြတ်သတ်ပုံ

ပြိုင်ဖက် = ပြိုင်ဘက်

တောင်ဖက်၊ တောင်ဘက် (မူကွဲ)

ကစားဖော်၊ ကစားဖက်လို့ ရေးသားသုံးစွဲသူက များပါတယ်။ တွဲဖက်ပြီးကစားတာ။

သူ့ဘက် ကိုယ်ဘက်။ ကိုယ့်လူ သူ့ဘက်သား မှန်တယ်။

ဘက်တော်သား = တဘက်ဘက်ကို သစ္စာရှိစွာ ကျိုးနွံနာခံတတ်သော စိတ်ချယုံကြည်ရသူ။ တဘက်ဘက်သို့ အယူအဆ တိမ်းငိုက်သွားသူ။

ဘက်ပြောင်း = တဘက်မှ အခြားတဘက်သို့ ပြောင်းလဲကူးဝင်သည်။

ဘက်လိုက် = တဘက်ဘက်သို့ အလေးပေးလိုက်ပါသည်။

ပြိုင်ဘက် = ယှဉ်ပြိုင်သူ။

ပြိုင်ဘက်ကိုအရှုံးပေးလို့မဖြစ်ဘူး။

ပြိုင်ဘက်လို့ ရေးတာက ပိုမှန်တယ်။ 

ပြိုင်ဖက်ဆိုရင် တခုခုကို အပြိုင်ဖက်ကြတဲ့သဘော။

ဖက် = လက်မောင်းဖြင့် သိမ်းငင်ပိုက်ယူသည်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

ဘက်

၁။ အရပ်မျက်နှာ၊ လားရာ။ (မြောက်ဘက်၊ အနောက်ဘက် စသည်ဖြင့် သုံးသည်။)

၂။ တစုံတဦး သို့မဟုတ် တစုံတရာ၏ ရပ်တည်ရာအပိုင်းအခြား။

၃။ ခွဲဖြာသော အပိုင်းအခြား။ (အများအားဖြင့် ၂ ပိုင်း) ကို ရေတွက်ရာတွင် သုံးသည့် စကားလုံး။ (ခြေတဘက်၊ မြစ်ကမ်းတဘက်၊ ဖိနပ်တဘက် စသည်ဖြင့် သုံးသည်။)

ဘက်ရိုက်ကစား

ဘက်ကန်

ဘက်စုံ

ဘက်စုံတော်သည်

ဘက်ညီသည်

ဘက်တံ

ဘက်တိုက်

ဘက်ထရီအိုး

ဘက်ပဲ့

ဘက်မလိုက်လှုပ်ရှားမှု

ဘက်မဲ့ကြုံးသား

ဘက်ပြန်

ဘက်လိုက်

ဘက်လဲတကင်း (ဖက်လည်းတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်)

ဘက်တော်သား

ဘက်ပြောင်း

ဘီလူးသဘက် (ဘီလူးသားဘက်)

သန်ဘက်ခါ

သူ့ဘက်ကိုယ့်ဘက်

တောင်ဘက်မြောက်ဘက်

ဖက်

ရှမ်းဖက်လိပ်

ကွမ်းသီးဖက်

ဆက်ဆစ်ဝါဒ

ဆန့်ကျင်ဖက်

တဖက်တလမ်း

တရားသေမဟုတ်ဘဲ ရေးတာမျိုးလည်း ရှိပါတယ်။

ဒိုးတူ ပေါင်ဖက် = ဆိုးအတူ ကောင်းအတူ။

ဖက်၍ထားသည်

ဖက်ရှင်

ဖက်ရှင်ဝတ်

ဖက်ကတော့

ဖက်ခွက်စား

ဖက်ခွက်နာ

ဖက်စပ်

ဖက်စပ်လုပ်ငန်း

ဖက်စိမ်းလိပ်

ဖက်စိမ်းရောင်

ဖက်ဆွတ်ပင်

ဖက်ဆွတ်မိုး

ဖက်ဆွတ်မှို

ဖက်ဆွတ်ရေ

ဖက်ဆွတ်ရေမျိုး၊ မချိုးသောက်ရာ၊

ဖက်ညီ

ဖက်တွဲ

ဖက်ထစ် = အမြဲမကွာ

ဖက်ထား

ဖက်ထုပ်

ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ်

ဖက်ဖူးရောင်

ဖက်ပြိုင်

ဖက်မပြောနဲ့

ဖက်ယမ်းနမ်းရှုပ်

ဖက်ယှဉ်ဖက်တွဲ

ဖက်ယားပင်

ဖက်ရမ်း

ဖက်လိပ်ပိုး

ဖက်လဲတကင်း

ဖက်လဲတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်

ဖက်ဝန်း (သစ်သား)

ဖက်သန်းပင်

ဖက်အုပ်ပင်

ဖက်ဆေးပေါ့လိပ်

ဖက်တော်သား

ဖက်ညွန့်

ဘက် နဲ့ ဖက်ကို သတ်ပုံကျမ်းတွေမှာ ခွဲခြားထားတယ်။ လက်တွေ့စာရေးတဲ့အခါ သတိထားစရာလည်း ရှိတယ်။ တောက်ကြီးဖက် ဆိုတာ တောင်ကြီးဒေသထွက် ဖက်လား။

ဘက်မလိုက်လှုပ်ရှားမှု

ဘန့်ပွေးဖက်

မြစ်အနောက်ဘက်သား

လက်ဖက်ခြောက်

သနပ်ဖက်

သွားဖက်လာဖက်

သူ့လူ ကိုယ့်ဘက်သား

အင်ဖက်

အညာဘက်က အခေါ်အဝေါ်

အနောက်ဖက်လွန်မင်းတရား

ပွေ့ဖက်ထားသည်

ပေါင်းဖက်သည်

ပြောင်းဖူးဖက်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ