ကာတွန်းဖြစ်လို့ အဲလို ရေးတာဖြစ်ပါမည်။
စာနဲ့ရေးရင် 'မဟုတ်ဘူး'။
စာနဲ့ မှားနေကြတာတွေထဲမှာ -
တချို့က 'မလား' တဲ့။ မမှန်ပါ။
'မဟုတ်လား' ဖြစ်ရပါမည်။
'ယောက်ျားမဟုတ်ဘူးလား' မှန်သည်။
'မြင့်မိုရ်မို့လား' မှန်ပါသည်။
'မြန်မာလို မှန်အောင်မပြောတတ်တာ နိုင်ငံခြားသားမို့လား' မှန်ပါသည်။
'မလာ'း ဆိုတာ 'အထီးလား၊ အမလား' မေးသလိုဖြစ်သည်။
'မဟုတ်ဖူး' သာ မှန်တယ်ထင်နေကြတာလည်း မမှန်ပါ။
'မဟုတ်ဘူး' မှန်ပါသည်။
'မစားဘူး' မှန်သည်။
'ဗူးဘုရား ဖူးဘူးသလား' မှန်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment