Skip to main content

မြိန်ရေရှက်ရေ မြိန်ရည်ရှက်ရည်

၁။ မြိန်ရည်ယှက်ရည်၊ မြိန်ရည်ရှက်ရည်၊ မြိန်ရေယှက်ရေ ဘယ်ဟာအမှန်လဲ ဆရာ

“မြိန်ရေရှက်ရေ” ကသာ အမှန်ဖြစ်ပါတယ်။

 "ထမင်းကို မြိန်ရေရှက်ရေ အားရပါးရ စားနေသည်။" 

"သူတို့နှစ်ဦး အတိတ်ကအကြောင်းများကို မြိန်ရေရှက်ရေ ပြောနေကြသည်။"

ယှက်တင် —သစ်ကိုင်းများ တခုပေါ်တခု ထပ်နေခြင်း (ဥပမာ - "သစ်ကိုင်းချင်း ယှက်တင်နေသည်။")

ရောယှက် — အရာရာ အတူတူ နှောနှောနှေနှေ ဖြစ်နေခြင်း (ဥပမာ - "ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေသည်။")

ရှုပ်ယှက်ခတ် — အလွန် ရှုပ်ထွေးပွေလီနေခြင်း (ဥပမာ - "ကြိုးစတွေ ရှုပ်ယှက်ခတ်နေသည်။")

လက်ချင်းယှက် — လက်ချောင်းချင်း ချိတ်ဆက်ကိုင်ထားခြင်း (ဥပမာ - "သူတို့နှစ်ဦး လက်ချင်းယှက်ပြီး လမ်းလျှောက်ခဲ့ကြသည်။")

ရင်ဆိုင်ယှက်ဖြာ — တခုနှင့်တခု တိုက်ရိုက်ဆက်နွှယ်နေခြင်း။

ယှက်သန်း — အလင်းတန်း သို့မဟုတ် ရေစီးကြောင်း ဖြတ်သန်းသွားခြင်း (ဥပမာ - "တိမ်စိုင်ကြားမှ နေခြည်အလင်းတန်းများ ယှက်သန်းနေသည်။")

၂။ ဆရာ မင်္ဂလာပါရှင့် Grade 5 စနစ်သစ် မြန်မာစာမှာပါတဲ့ မြိန်ရေရှက်ရေက အမှန်ပါလားရှင် ငယ်ငယ်တုန်းက မြိန်ရေယှက်ရေလို့ သင်ခဲ့ရလို့ပါရှင် ဖတ်စာအုပ်ထဲမှာက မြိန်ရေရှက်ရေလို့ပါပြီး စာမေးပွဲဖြေခါနီး မေးခွန်းဘဏ်ထဲမှာက ကလေးတွေကို မြိန်ရေယှက်ရေလို့ သင်ပေးထားပါတယ်ရှင် ဘယ်ဟာကအမှန်ဆိုတာ ပြေပြပေးပါရှင် ကျေးဇူးတင်ပါတယ်ရှင်

မြိန်

မြိန်ရေရှက်ရေ

မြိန်ရှက်

ထမင်းမြိန်

မြိန်ရေရှက်ရေ 

နှစ်ခြိုက်အားရစွာ စားသောက်သည်။ ပြောဆိုသည်။

ထမင်းကို မြိန်ရေရှက်ရေ အားရပါးရစားနေသောမြတ်နိုး ။၂၀ ။ အောင်ဗလအကြောင်းများဖြင့်မြိန်ရေရှက်ရေ ပြောကြမယ့်သူတွေချည်းပဲ။ 

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာတော့ ‘မြိန်ရည်ရှက်ရည်’ လို့ပါတယ်။ အသံထွက်က ‘မျိန်ယေယှက်ယေ’ နဲ့ ‘မိန်ယေယှက်ယေ’ လို့ ထွက်ရတယ်။

ရှက် နှင့် ယှက်

၃။ ရောရှက်လား ရောယှက်လား ဆရာ ယှက်ပဲ မှတ်သားခဲ့ဖူးလို့

၄။ ယောစကားသုံးတာလေးရှိတယ်၊ အရှက်ရှက် အယှက်ယှက် အရှဲ့ရှဲ့ သတ်ပုံမှန်သိချင်ပါတယ်။

၅။ အနှောက်အရှက်၊ အနှောက်အယှက် ဘယ်ဟာက မှန်လဲဆရာ။

၆။ ရောယှက် ရောရှက် ဘယ်စာလုံးပေါင်းက အမှန်လဲဆရာ။ ရောယှက် ယှက်ဖြာလိုစာလုံးပေါင်းတွေပဲ မြင်မိတာများလို့ပါ။

၇။ ဒီလိုတွေ့မိပါတယ်ခင်ဗျာ။ Intertexture = စပ်ယှက်ခြင်း။ ယှက်ခြင်း။ ယက်ထည်။ ရောယှက်ခြင်း။ ရောယှက်ထားသည့်အရာ။

၈။ ရောယှက် ရောရှက် ဘယ်စာလုံးပေါင်းကအမှန်လဲ ဆရာ ရောယှက် ယှက်ဖြာ လိုစာလုံးပေါင်းတွေပဲ မြင်မိတာများလို့ပါ

ယှက်

တောင်တောရယ်သာ

မာလာက ငုံဖူး

တပင်ကို နှစ်ပင်ယှက်တယ်

ကျေးငှက်က မြူး။ 

ကာမစပ်ယှက်သည်

တပင်ကိုနှစ်ပင်ယှက်

ပူးတွဲရောယှက်

မုန့်တယှက်

ယှက်စပ်

ယှက်ဖြာ

ယှက်သန်း

ယှက်မြှောင်

လည်ချင်းယှက်တင်

အစေ့ယှက်

ထွေးရောယှက်တင်

ရောယှက်

နှောင့်ယှက်

ရှက်

ယိုသူမရှက် မြင်သူရှက်

ရှက်ကိုးရှက်ကန်း

ရှက်စရာ

ရှက်ဖွယ်လိလိ

ရှက်ရမ်းရမ်း

ရှက်ရမ်းရမ်း

ရှက်အမ်းအမ်း

ရှက်ကြောက်

ရှက်သွေးဖြန်း

အရှက်ရှိမှ အကြောက်ရှိသည်

အစေ့ရှက်သည်

တိမ်ပြာရောရှက်၊ မရန်းဘက်၍၊

တောင်ပံရှက်ငိုက်၊ မြေနှုတ်စိုက်၍၊

မြမြရှက်ဆွယ်၊ တဝက်ချယ်နှင့်၊

ညှာချင်းရှက်ဆိုင်၊ မြရွက်လှိုင်သား၊

လည်ရှက်မြဲနှောင်၊ ရေယဉ်ဘောင်၌ (ဥတ္တမကျော်တောလား)

ထပ်ဖြည့်ချက်

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)

ယှက် 

၁။ တခုနှင့်တခု ပေါင်းစပ်ငြိတင်သည်။ အစွယ်ချင်းယှက်၍ တိုက်ကြသည်။

၂။ ပူးတွဲသည်။ မျက်နှာပြင်ချင်း အပ်၍ ပူးကပ်သည်။ ရသေ့အား ရှိခိုးစိမ့်သောငှာ လက်နှစ်ဖက်ကို ယှက်စေသော်။

၃။ ပေါင်းစပ် ရောနှောသည်။ ဖူးစာနှောင်ဆက်၊ မေတ္တာယှက်၍။

ယှက်တင်

ယှက်သန်း

ရှက်

မိမိအား အထင်သေးမည်စိုးရွံ ပူပန် နှောင့်ယှက်သောစိတ်ကြောင့် တွန့်ဆုတ်သည်။ မဝံ့မရဲဖြစ်သည်။

ရှက်ကိုရှက်ကန်း

ရှက်ကန်းကန်း

ရှက်ကြောက်

ရှက်ဆေးချေ

ရှက်နာကျ

ရှက်ပြုံး

ရှက်ဖွယ်

ရှက်ရမ်းရမ်း

ရှက်သွေးဖြန်း

ရှက်အမ်းအမ်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ