ပြန်စာ
(၁)
အခမ်းအနား မိန့်ခွန်းနှင့် တရားဝင် စကားပြောဆိုမှုများတွင် “ယနေ့” ဟု သုံးစွဲခြင်းက ပိုမို အဆင့်အတန်းမြင့်ပြီး သင့်လျော်ပါသည်။
ယနေ့ ကျင်းပပြုလုပ်သော/သည့် အခမ်းအနား (အမှန်/ပိုမိုသင့်လျော်): စာပေအရေးအသား၊ မိန့်ခွန်းနှင့် တရားဝင် အခမ်းအနားများတွင် “ယနေ့” ကိုသာ သုံးစွဲလေ့ရှိပါသည်။
ဒီနေ့ ကျင်းပပြုလုပ်တဲ့ အခမ်းအနား: “ဒီနေ့” ဟူသည် စကားပြောဟန် ရိုးရိုး (မလွတ်လပ်သော အပြောစကား) ဖြစ်သဖြင့် သာမန် နေ့စဉ် ပြောဆိုမှုများတွင်သာ သုံးစွဲသင့်ပြီး မိန့်ခွန်းကဲ့သို့သော Formal ပွဲများတွင် မသုံးသင့်ပါ။
ထို့အပြင် မိန့်ခွန်း အရေးအသား ပိုမို ပြေပြစ်စေရန် “ကျင်းပပြုလုပ်သည့်” သို့မဟုတ် “ကျင်းပပြုလုပ်သော” ဟု တွဲဖက် သုံးစွဲပါက ပိုမို စံနမူနာကျပါသည်။
အဆိုပြုစကားပိုဒ် -
“ယနေ့ ကျင်းပပြုလုပ်သော အခမ်းအနားသို့ ကြွရောက်လာကြပါသော...”
(၂)
ကနေ့လား ယနေ့လား ဒီနေ့လား
၁။ ယနေ့ (စာရေးထုံးနှင့် တရားဝင်အသုံး)
“ယနေ့” သည် စာပေအရေးအသား (Literary style) တွင် အသုံးများပြီး ပိုမိုလေးနက်တည်ငြိမ်သော လေသံရှိသည်။ အဘိဓာန်အဖွင့်များတွင်လည်း “ယခုနေ့” မှ “ယနေ့” သို့ ပြောင်းလဲလာကြောင်း တွေ့ရပါသည်။
သုံးစွဲသည့်နေရာ - သတင်းစာ၊ စာအုပ်စာပေ၊ တရားဝင်ကြေညာချက်၊ မိန့်ခွန်းနှင့် သမိုင်းမှတ်တမ်းများတွင် သုံးသည်။
ဥပမာ -
“ယနေ့ ထုတ်ပြန်သော သတင်းအရ...”
“ယနေ့သည် မြန်မာတို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်။”
၂။ ဒီနေ့ (စကားပြောနှင့် အလွတ်သဘောအသုံး)
“ဒီနေ့” သည် နှုတ်ကပတ် စကားပြော (Spoken style) တွင် အဓိကသုံးပြီး ရင်းနှီးပွင့်လင်းသော လေသံရှိသည်။ “ဤနေ့” သို့မဟုတ် “သည်နေ့” ဆိုသည့် စာရေးထုံးစကားလုံးကို စကားပြောလျှင် “ဒီနေ့” ဟု အသံထွက်ဆိုရာမှ အသုံးတွင်ကျယ်လာခြင်း ဖြစ်သည်။
သုံးစွဲသည့်နေရာ - နေ့စဉ်စကားပြောခြင်း၊ လူမှုကွန်ရက်တွင် အလွတ်သဘော စာရေးသားခြင်းနှင့် ရင်းနှီးသူများအကြား ဆက်သွယ်ရာတွင် သုံးသည်။
ဥပမာ -
“ဒီနေ့ ရာသီဥတု တော်တော်ပူတယ်။”
“ဒီနေ့ ဘာဟင်းချက်လဲ။”
ခြွင်းချက် (ကဗျာနှင့် ရှေးစကား)
ရှေးခေတ်ကဗျာ၊ လင်္ကာ သို့မဟုတ် ပြဇာတ်အသုံးအနှုန်းအချို့တွင်မူ စကားပြောကဗျာစပ်ဆိုမှု၌ အရသာပေါ်လွင်စေရန် “ယခုနေ့” သို့မဟုတ် “ယနေ့” ကို စကားပြောသဖွယ် ထည့်သွင်းသုံးစွဲခဲ့သည်လည်း ရှိပါသည်။ (ဥပမာ - ဆရာ့ပုံပါ အဘိဓာန်၌ ပြထားသော “မပေါင်းချင်လျှင် ယခုနေ့ကခွာပါ” ဆိုသည့် ရှေးစကားမျိုး ဖြစ်ပါသည်)။
ယခု – န / ယခု / ပြောဆိုဖော်ပြဆဲကာလ။ လက်ငင်းကာလ။
– နဝိ / ယခု / လက်ငင်းကာလနှင့်ဆိုင်သော။ လက်ငင်းကာလအဖို့ ဖြစ်သော။
– ကြိဝိ / ယခု / ပြောဆိုဖော်ပြဆဲကာလ၌။ လက်ငင်းကာလ၌။
ယခုတွင်(က) – ကြိဝိ / ယခုမတိုင်(ဂု) / ပြောဆို ဖော်ပြသောကာလမတိုင်မီ အခိုက်အတန့်တွင်။ မကြာသေးမီအခိုက်တွင်။
ယခုန – ကြိဝိ / ခုန / ယခုန / ယခုတွင် (က) – ကြိဝိ၊ နှင့်အတူတူ။
ယခုနေ့ – န / ယနေ့ / ယခုနေ့ / မျက်မှောက်ကြုံရဆဲရက်၊ ကာလ။
– ကြိဝိ / ယနေ့ / ယခုနေ့ / မျက်မှောက် ကြုံဆဲရက်၊ ကာလ၌။ “မပေါင်းချင်လျှင် ယခုနေ့ကခွာပါ၊” စကား၊ ပ။ ၁၁၆။
ယခင် – ကြိဝိ / ယခင် / ပြောဆို ဖော်ပြသည့်ကာလ မတိုင်မီအတိတ်က။ လွန်ခဲ့သောကာလက။
ယနေ့ နှင့် ကနေ့ https://burmese-spelling.blogspot.com/2023/01/blog-post.html
(၃)
- ကနေ့ ယနေ့ ဘယ်ဟာကအမှန်လဲဆရာ
- ကနေ့ညနဲ့ ယနေ့ည ဘာကွာခြားမှုရှိပါသလဲဆရာခင်ဗျ။ ယနေ့ညလို့သုံးနှုန်းလို့ရပါသလား။
ယနေ့လို့ ရေးရမည်လား။ ကနေ့လို့ ရေးရမည်လားလို့ မေးစဉ်က ရေးထားတယ်။ ကနေ့တော့ အပြင်မှာ လမ်းလျှောက်မရအောက်မှာ မေးတာတော့ ဟုတ်ပုံမရ ရေးလာတာက ကနေ့ ယနေ့ ဒီကနေ့ တဲ့။
စာလိုရေးရင် ယနေ့က မှန်။ ကနေ့ဆိုတာ စကားပြောအသုံး။ ယခုလို့စာလိုအမှန်ရေးရပြီး အခုလို့ စကားပြောကြတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ယခု (နာမ်) = ပြောဆို ဖော်ပြသည့်ကာလ။ လက်ငင်းကာလ။
ယခု (နာမ်ဝိသေသန) = လက်ငင်းကာလနှင့်ဆိုင်သော။ လက်ငင်းကာလအဖို့ဖြစ်သော။
ယခုနေ့ (နာမ်) = မျက်မှောက်ကြုံရဆဲရက်၊ ကာလ။
ယခုနေ့ (ကြိယာဝိသေသန) = ယနေ့၊ ယခုနေ့၊ မျက်မှောက်ကြုံရဆဲရက်၊ ကာလ၌။ မပေါင်းချင်လျှင် ယခုနေ့ပါကွာ။
ယခင် = (ကြိယာဝိသေသန) ပြောဆို ဖော်ပြသည့်ကာလ မတိုင်မီ အတိတ်က။ လွန်ခဲ့သောကာလ။
ယခုန = (ကြိယာဝိသေသန) ယခုတွင်
ယခင် = ယခင့် = အတိတ်ကာလ
ယခင့်ယခင်ခေတ်
ယခင် = အတိတ်ကာလ
ယခု
ယခုကာလ
ယခုချက်ခြင်း
ယခုခေတ်
ယခုနှစ်
ယခုလ
ယခုအချိန်
ယခုအခါ
ယမန်နေ့ (မနေ့)
ယမန်နေ့ည
ယမန်အခါ
ယနေ့ ယခု၊ ပြုပြုသမျှသော ကုသိုလ်။ ယနေ့ ရွှေဈေး။ ယနေ့ထုတ် သတင်းစာများ။ ကနေ့ပဲ နှစ်ဆန်းတရက်နေ့ ရောက်ပြီ။
ကနေ့ = ယနေ့။ ကနေ့ပဲ လွတ်လပ်ရေးနေ့ရောက်ပြီ။
ကြောင်းတူသံကွဲများ ဒီနေ့၊ ဒီရက်၊ သည်နေ့၊ ဤနေ့၊ ယနေ့။
မနေ့နဲ့မတူ ယနေ့တမူထူးသည် နက်ဖြန်ဆိုရင် ဒိထက်ခရီးရောက်မည် (သီချင်း)
ယနေ့မှစနှစ်တရာတိုင် (သီချင်း)
နားနဲ့ ခြေသံ
ရန်ဖြစ်ဖူး၏
ကနေ့အထိ။
စိတ်နဲ့လောက
ဒေါပွဖူး၏
ကနေ့အထိ။ (မောင်သွေးသစ် ကဗျာဖြစ်ပါတယ်။ အဆုံးထိတော့ မရိုက်အားသေးပါ။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment