Skip to main content

ရွှေမန်းတင်မောင်ဈာပန

(မူပိုင်ခွင့်ကို စော်ကားအားပေးတဲ့ခေတ်)

လူထုဒေါ်အမာရဲ့ သတင်းဆောင်းပါးပါဆရာ အဲ့ဒီအထဲမှာ ပြေ့ညပ်လို့သုံးထားတာတွေ့လို့ အရင်က အဲ့ဒီလိုပဲ သုံးကြပါသလားဗျ။
ဟုတ်။
အရင်ကလည်း တချို့သတ်ပုံတွေက အဲလိုရေးကြတာရှိတယ်။ သတင်းစာ သီချင်း ကာတွန်းတွေမှာ မတူတာတွေ ပါတယ်။ သတ်ပုံကျမ်းသဘောတော့ ယူလို့ မရပါ။
ဟုတ်ကဲ့ပါဆရာ။
(စ)
အပြင် သူ့ဇာတ်သူဇာတ်သား ၁၀၀ ကျော်က ဇာတ်ဝတ်ရုံများဝတ်ပြီး စန္ဒရားယဉ်ကြီးဆွဲတယ်။
ရှေ့ဆုံးက ရွှေမန်းတင်မောင်ဈာပန ချလာပါပြီလို့ ကျေညာမယ့်ကား၊ နောက်က လမ်းရှင်းမယ့် ရဲကား၊ ဓမ္မစကြာရွတ်မယ့်ကား၊ ပဇ်သံသာများရဲ့ကား၊ ရွှေမန်းတင်မောင် ရုပ်ပုံကြီးကို ပန်းခွေကြီး ရံလာတဲ့ကား၊ သူ့ရုပ်ပုံနဲ့ သူ့လက်စွပ်ဝါသ သစ္စာမေတ္တာကား၊ အဲဒီနောက်ကမှ စန္ဒရားယဉ်ကြီးဆွဲတဲ့ သူ့ဇာတ်သူဇာတ်သားများ၊ ဒီနောက်က မြင်းဖြူ ဂ ကောင် တဖက် ၄ ကောင်ကတဲ့ အလောင်းတင်ယာဉ်၊ ဇနီး သားသမီးများ၊ ခြေလျင်မသာပို့၊ မော်တော်ယာဉ်အငယ်များ၊ နိဗ္ဗာန်ကူးတို့ဘတ်စ်ကားအစီး ၅၀၊ အဲဒီအစီအစဉ်အတိုင်း ချသောင်မယ့်လို့ စီစဉ်ထာတယ်။ နို့ပေမယ့် တကယ်ဈာပနချသောင်တဲ့အချိန်ကျတော့ လိုက်ပို့တဲ့ ပရိသတ်နဲ့ ရွှေမန်းတင်မောင်ဈာပန ချသောင်လာရာလမ်းက ဆီးကြိုကြည့်တဲ့ ပရိသတ်က အလွန်အလွန်များနေတာကြောင့် ရွှေမန်းတင်မောင်ဈာပနချလာသို့တောင် လူထုကိုဖောက်ထွင်းပြီး မနဲခဲယဉ်းယဉ်းချလာရတယ်။ နေအိမ်က နာရီစင်အထိ ၆ပြာခွဲကို ၁နာရီတိတိကြာမှ ရောက်တော့တယ်။ ကျိုင်းထုပ်ကို အသုဘယာဉ် ရောက်တဲ့အချိန်မှာ ဈာပနလိုက်ပို့တဲ့ကားတော်တော်များများ ရေဆူကုန်ပြီး ချမယ့်လမ်းကို ဆက်မောင်းလို့မရတော့တာကြောင့် လူအုပ်ကိုတိုးပြီး ဘေးလမ်းတွေဘက် ချိုးထွက်ကုန်ကြရတော့တယ်။ ဈာပနကို လမ်းကစောင့်ကြည့်ကြတဲ့ လူတွေကတော့ လမ်းတခုလုံး ပြည့်ညှပ်နေတဲ့အပြင် ဝဲယာ တိုက်တွေ့အိမ်တွေပေါ် ကရှိသမျှဆင်ဝင်၊ စင်္ကြန်၊ ဝရန်တာတွေ၊ ပြူတင်းပေါက်တွေမှာ ပြည့်နှက်မက ခေါင်မိုးတွေပေါ်ကလဲ တက်ကြည့်ကြသေးတယ်။
ဝက်ဝက်ကွဲ စည်းတဲ့ ဒီပရိသတ်ကို လုပ်သားပြည်သူ့နေ့စဉ်သတင်းစာက “ပြည်သူ ၂သိန်းခန့် ပို့ဆောင်ကြခြင်း” လို့ ခေါင်းတပ် သတင်း ပေးပါတယ်။ မန္တလေးထုတ် ဟံသာဝတီသတင်းစာက “ရွှေမန်းတင်မောင်ဈာပန လူတသိန်းထက်၊ မြို့လုံးကျွတ်နီးပါး သုံးနာရီခြေလျင်ပို့ဆောင်” လို့ ခေါင်းတပ်သတင်းပေးတယ်။ ဗိုလ်တထောင်က “အနုပညာသယ်၏နောက်ဆုံးခရီး ပြည်သူတသိန်းက ပို့ဆောင်” လို့ ခေါင်းတပ်တယ်။ ကြေးမုံသတင်းစာက “လူတသိန်းကျော် လိုက်ပို့တယ်” လို့ သတင်းပေးတယ်။ နေအိမ်ကနေပြီး အုတ်စက်အထိ ဂမိုင်ရွှေတဲ့ လမ်းတလျှောက် မှာတော့ အသုဘပို့တဲ့ လူနဲ့၊ ထွက်ကြည့်တဲ့လူနဲ့ ပြည့်ညှပ်နေတာပါဘဲ။ လူတွေကများလွန်းလို့ စည်းလွန်းလို့ (ဆုံး)
မှတ်ချက်
မူရင်းစာပါ သတ်ပုံကို ကိုယ်ထင်တဲ့သတ်ပုံနဲ့ ပြင်ရေးသာထုတ်ဝေတာတော့ မသင့်ပါ။
မူရင်းစာရေးသားတဲ့ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကို စော်ကားသလို ဖြစ်တယ်။
ခုခေတ်က
စော်ကားနည်းကို အားပေးတယ်။
စော်ကားပြီး သတ်ပုံပြင်ထုတ်တဲ့စာအုပ်တွေကို ပိုက်ဆံပေးဝယ်ကြတယ်။
ကျွန်တော်က ဆန့်ကျင်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ