ညာ
လိမ်ညာ၏
ပညာ
ညာ(လက်ယာဘက်)
ညာတရံမုန့်
ညာတိုင်(မြာတိုင်)
ညာဝါဖြန်းသန်း
(၂)
လ မှာ လျက် လျှင်၊ သ အသျှင်က
မ တွင် မျိုး မြင်း၊ င ငြိမ်း ငြှင်းတိ
မကင်း ည ညှာ၊ ဏ တဏှာနှင့် (ရစ် ပင့် လင်္ကာ - လက်ဝဲနော်ရထာ)
(၃)
တန်းဆောင်အညီ၊ ဆောင်းရာသီတွင်
တိထီရက်စွဲ၊ သာလွန်ကဲ၍
ညပွဲနာရီ၊ ရွှေမောင်းချီသော်
ပွင့်နီလာဝန်း၊ ညိုရည်စွန်းကို
လှလွန်းအခေါင်၊ ပန်မိအောင်ဟု
ရည်စောင်မျှော်လင့်၊ ရက်ပေါင်းမြင့်ခဲ့
ကောင်းကင့်ထွတ်တင်၊ ရွှေသမင်နှင့်
မျက်ရှင်သော်တာ၊ နီးကြခါနှိုက်
သူ့ကာလလွဲ၊ အချိန်စဲသည်
သင်းတွဲပွင့်ညှာ ကြွေသလော။ ။ (ဆောင်းဘွဲ့ ရတုပိုဒ်စုံ လက်ဝဲသုန္ဒရ ဦးမြတ်စံ)
(၄)
မဟာကပ်ကမ္ဘာ စကြဝဠာတခုလုံး
ချစ်ရသည်ကအသက်ထက်ဆုံး
ပျူပျူငှာငှာ မေတ္တာရည်မွန်း
အသခ်ျာချစ်ခွန်း ညွှန်းကာဆိုရသေး
သက်ညှာငယ်ချစ်ထွေး
ပျံ့ပျူးဆာယာ အေးရိပ်သာ
မကွာမှီအုံး ရာသက်လုံး
ပန်းဦးနွယ်ညှာ မေတ္တာသီကုံး (ချစ်ရသည်ကအသက်ထက်ဆုံး - ကိုသန်းလှိုင်)
https://www.youtube.com/watch?v=GW9Gl2VAIgY
https://www.youtube.com/watch?app=desktop&v=WiY-YSBCS7o
အဲ့ လို့ ရေးနေကြတာ မမှန်ပါ https://burmese-spelling.blogspot.com/2023/08/blog-post_212.html
“ပညာလွန်တော့ သဒ္ဓါ ကျွံတယ်” https://burmese-spelling.blogspot.com/2026/02/blog-post_440.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment