Skip to main content

"နှစ်ယောက်ထဲ"

 

ရေး-မြို့မငြိမ်း    

ဆို-မာမာအေး

မူရင်းအဆို-လေဘာတီမမြရင်

https://www.facebook.com/reel/4080621762243390

(တကယ်ကို မှန်အောင်မရေးတတ်သူများအတွက်)

ထဲ နဲ့ တည်း

၁။ ဆရာရှင့် ၅၀၀၀ကျပ်ထဲနော်နဲ့ ၅၀၀၀ကျပ်တည်းနော် ဘယ်ဟာက ကျပ်တွေရဲ့နောက်မှာမှန်လဲရှင့်

၂။ ဆရာ မေးပါရစေ တခါတည်း / တယောက်ထဲ သတ်ပုံမှန်လေးပြောပြပါဦး

ထဲ နဲ့ တည်း နှစ်မျိုးရေးကြတယ်။ 

ထဲ

ထူထူထဲထဲဝတ်ပါ၊

ထဲဝင်ပြင်ထွက်၊

ဝမ်းထဲမျိုသိပ်ထားရတယ်၊

အိမ်ထဲကြွပါ၊

မြေထဲမြို့၊

ထဲနှီးအတွင်းခံအဝတ်။

ထည်း

အညစ်အထည်း၊

ပိတ်ဖြူရထည်း၊

ညစ်ကျုအထည်း။

တည်း

ကျပ်တည်း၊

ချုပ်တည်းပါ။

စထွက်ကတည်းက၊

စာတည်း။

တခုတည်းသော၊

တချက်တည်း၊

တည်းခိုခန်း၊

တည်းဖြတ်၊

တည်းလည်းတန်းလမ်း၊

တည်းအပ်

တသမတ်တည်း၊

တသားတည်းမဟုတ်သော၊

တသားတည်းမဟုတ်သော။

တယောက်တည်း၊

ကြိုးနှင့်တည်း (ချည်နှောင်)၊

မှန်သည်တည်း၊

ဖြစ်တော့သတည်း၊

သတ်ပုံသဘောအရ "တည်း (တယောက်တည်း)" က မှန်ပေမဲ့ "ထဲ" လို့လည်း အရင်ကတည်းက ရေးတာတွေ ရှိခဲ့တယ်။ စကားပြောသလိုစာရေးနည်းကြောင့် ရောထွေးလာတာဖြစ်တယ်။ 

မူရင်းစာရေးသူက "ထဲ" လို့ရေးထားခဲ့တာကို "တည်း" လို့ မပြင်သင့်။ 

- တသွေးတသားတည်းဟူသော (လွတ်လပ်ရေးကြေညာစာတမ်း)

- သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (အနန္တသူရိယအမတ်)

- မူရင်းစာရေးသူက "ထဲ" လို့ရေးထားခဲ့တာကို "တည်း" လို့ မပြင်သင့်။ 

- ပလူတိုမှာ နှစ်ယောက်တည်း (ဖြူသီ)

- နှစ်ယောက်ထဲ နေချင်တယ် (ရုပ်ရှင်)

နှစ်ယောက်တည်း - မာမာအေး https://www.youtube.com/watch?v=B8RoFVhv1QI

တချစ်တည်းချစ်

ရေး - မြို့မငြိမ်း

ဆို - ညွှန့်ဝင်း + စမ်းစမ်းအေး

https://www.facebook.com/khinmh.05/videos/2125650631020733/UzpfSTEwMDAwNTMyMTgzNDQ4Njo5OTg5NzMzMTAyOTAwNTQ/

ဝင်းဦး တင်တင်မြ http://soundcloud.com/winmyat-nyein/14-ta-chit-htel-chit

တချစ်တည်းချစ် မာမာအေး (ရေး-မြိုမငြိမ်း) https://www.youtube.com/watch?v=aKCWVhFVX5w

တချစ်တည်းချစ် - ရှုမဝစမ်းစမ်းအေး https://www.youtube.com/watch?v=PM6-J70tztg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ