ကျုံးသွင်း နဲ့ ကြုံးသွင်း လေးလဲရှင်းပေးပါဆရာ။
ကြုံး
ကြုံးပ – ကြိ / ကျန်းပ / ထင်ရှားကျယ်လောင်စွာ ကြွေးကြော် အော်ဟစ်သည်။ “ခြင်္သေ့မင်းကား၊ ထွန်းဆင်းပြောင်ပြောင်၊ ရွှေဂူချောင်မှ၊ အန်ထောင်ကြုံးပ၊ ထွက်လေကလျှင်။” ပါမီ ၄၂။
ကြုံးဝါး – ကြိ / ကျန်းဝါး / မိမိ၏ ဂုဏ်ကျေးဇူးကို မြှင့်မြှောက် ပြောဆို ကြွေးကြော်သည်။ “နတ်နှင့်လူတွင်၊ မတူမမြင်၊ ငါသာလျှင်ဟု၊ ချစ်ရှင်ဘုရား၊ သံကြုံးဝါးသည်။” ပြာဒိ ၂၀။
ကျုံး
ကျုံး¹ – ကြိ / ကျန်း / သိမ်းရုံး ပေါင်းစုသည်။ “ဆင်ချေး မြင်းချေး ကျုံးစေ။” နူ။ ၇။ “ဤတည်း အစ၊ တွင်မှ အဆုံး၊ ဂဏန်းကျုံးလည်း။” ပါမီ * ၇။
ကျုံး² – န / ကျန်း / ၁၊ နန်းမြို့ကို ပတ်ရံတူးဖော်ထားသော မြောင်းကြီး။ (ရေကျုံး၊ ညွှန်ကျုံး၊ အခြောက်ကျုံးဟု သုံးမျိုး ပြားသည်။) ၂၊ ဆင်တို့ကို ဖမ်းလှောင်ရသော ကျင်းကြီး မြောင်းကြီး။ ဆင်တို့ကို ဖမ်းလှောင်ရာ သစ်တပ်။ “အောက်မားသွေးဆောင်၊ ကျုံးတွင်းလှောင်၏။” မဃ * ၃၀၀။
ကျုံးသွင်း – ကြိ / ကျန်းသွင်း / ၁၊ တောဆင်ကို အောင်းဆင်မဖြင့် ဖြားယောင်း၍ ကျုံးတွင်းသို့ ခေါ်ယူသည်။ ၂၊ [ဥပမာ] မိမိလိုရာဘက်သို့ ပါအောင် သွေးဆောင် သိမ်းသွင်းသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment