ဝေဒနာ ဟု
ရှည်ကြာထိုင်င်၍၊ မရွှေ့မလျား
စိတ်အပြားတို့၊ တပါးမလွင့်
တည်ငြိမ်ကျင့်စ
နှာနှင့် လေတွေ့၊ ရှူငွေ့ ထုတ်ငွေ့
ထိတွေ့ခြင်းသော်၊ မှတ်ရပါ၏။
ထိုဒင်္ဂသည်
နာရီ မိနစ်၊ တွက်စစ်မရ
ကာလပိုင်းခြား၊ စည်းမျဉ်းသားမှ
ပညတ် ပျောက်ကွယ်၊ စက်ဝိုင်းနှယ်
ဘယ်မှာ စဆုံး၊ ဆုံးမှတ်တိုင် မရှိ
သတိချပ်လျက်၊ ဖြစ်လိုက် ပျက်လိုက်
အသစ် ဆက်စပ်၊ မရပ်ပြုဆဲ
တခု ထင်မှတ်၊ အချိန်ပိုင်းပြတ်တို့ ဖြစ်၊
ကြာမောလျှင်ပြီ
မထင်မှတ်ရဲ၊ စိတ်မှန်းလွဲတတ်
ဆဲဆဲမဲမဲ၊ ကျင့်ခဲ့လေသော
ဆင်းရဲတော၌
နစ်မြောခဲ့သည်၊ ကတော့ရှည်ခဲ့
မည်သို့ ရုန်းထွက်ရမည်လဲ။
လေတိုက်သံနှင့်ဆူညံ ဖျတ်ဖျတ်၊
သစ်ရွက်ခတ်သံ
ပြန်ထပ်ပဲ့တင်၊ လျှင်မြန် ပျောက်ဆဲ
ကျိက်ခဲ ပြင်းစွာ၊ ဝေဒနာကို
ငါ အတ္တပျောက်၊ သတိရောက်က
လွတ်မြောက်နည်းဟု၊ နှစ်ခု တွေ့ခဲ့ရ။
ဝေဒနာကို
လာလော့တွေ့အံ့၊ ကြိုက်ကြိုက်စိုက်ကာ
နာခံယူက၊ ငြူစူမရှိ
သတိထင်ထင်၊ နာကျင်စင်ကြယ်
ပျောက်ကွယ် ခွာရှဲသွား၏။
ဝေဒနာကို
ကိုယ်မှာ ထားရစ်၊ မေ့စွန့်ပစ်ပြီး
အသစ်ဘဝ၊ ပြေးလွတ်ရက
စိတ်ကျ လွှင့်စဉ် သွားပြန်၏။ ။ (ကြည်အေး)
မှတ်ရန်
ထိုဒင်္ဂ ဆိုတာ တဒင်္ဂ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment