ဆွမ်းခံကိုယ်တော်တွေ တန်းစီပြီး ဆွမ်းခံတာကို ခေါ်ကြတယ်လို့ ထင်ပါတယ်။
ဆွမ်း - န / ဆွန်း / ဆွမ်း / ရဟန်းတို့အား လူတို့က လှူသော ထမင်း၊ သစ်သီး စသော စားဖွယ်။ “နှစ်ကွမ်းစား
သော ဆွမ်းဖြင့် ချက်အပ်သောဆွမ်း” စွယ်၊ ပ။ ၁၅၁။ဆွမ်းကပ် - ကြိ / ဆွန်းကတ် / ဆွမ်းကတ် / ရဟန်းသံဃာတို့အား ဆွမ်းလှူဒါန်း ပေးပေသည်။
ဆွမ်းကြီးလောင်း - ကြိ / ဆွန်းဂျီးလောင်း / အလှူပစ္စည်း အမျိုးမျိုးကို ရပ်သူရွာသားများက ပင့်ဖိတ်ထားသော ရဟန်းတော်တို့၏ သပိတ်တွင်းသို့ ထည့်ပေး လှူဒါန်းသည်။ “သံဃာပေါင်း တသောင်းနှစ်ထောင်တို့ကို ဆွမ်းကြီးလောင်း သတည်း” နေရိ၊ စ။ ၂၀၈။
ဆွမ်းကွန်း - န / ဆွန်းကွန်း / ဆွမ်းကွန်း / ဆွမ်း - န နှင့် အတူတူ။
ဆွမ်းကျွေး - ကြိ / ဆွန်းကျွေး / ဆွမ်းကျွေး / သံဃာတို့အား ဆွမ်းကပ်သည်။ဆွမ်းခံ - ကြိ / ဆွန်းခံ / ဆွန်းခံ / ရဟန်းသံဃာ အလို့ငှာ မြို့ရွာတွင်းသို့ လှည့်၍ ထမင်းဟင်းတို့ကို အလှူခံသည်။ “ငါဘုရားသည် ဆွမ်းခံကားမျှဖြင့် ဘိက္ခုဟု ဟောတော်မမူ” ဓမ္မပဒ၊ စ။ ၁၅။
ဆွမ်းခံပြန်ချိန် - န / ဆွန်းခံပန်ဂျိန် / ဆွန်းခံပန်ဂျိန် / နံနက်ကိုးနာရီခန့်မှ ဆယ်နာရီခွဲခန့် အချိန်။ “တောက ကွက်သော မြားသည် နေဝင်ဖြိုးပြြ၊ စားရွက်တက်ချိန်၊ ဆွမ်းခံဝင်ချိန်၊ ဆွမ်းခံပြန်ချိန်၊ သူငယ်အိပ်ချိန်....အစရှိသော အချိန် တိုင်း ထွာ
သောနည်းဖြင့် သက်သေခံသောအခါ အလွဲလွဲအမှားမှား ဖြစ်တတ်ပေသည်။” ရဲလက်။ ၂၇၃။ဆွမ်းချ - ကြိ / ဆွန်းချ? / ဆွန်းချ? / မိမိတို့ တည်ထားကိုးကွယ်သော ဘုရားအား တနှစ်တကြိမ် စုပေါင်းဆွမ်းကပ်သည်။ “ရွာသစ်ကြီးဘုရား....ကျုပ်တို့ရွာက တက်ဆိုင်တယ်ဆိုပေမဲ့ ဆွမ်းချတဲ့အခါတိုင်း ရွာသစ်ကြီးကချည်း ခေါင်းဆောင်တာပါ” သွေး၊ ၁၈၇၊ ၈၆။
ဆွမ်းစားကျောင်း - န / ဆွန်းစားကျောင်း / ဆွန်းစားကျောင်း / ရဟန်းတို့ ဆွမ်းစားရန် သီးခြား ဆောက်လုပ်ထားသော ကျောင်း။ “သင့်လျော် လျောက်ပတ်သောကျောင်း၊
ဆွမ်းစားကျောင်း၊ ကုဋီအိမ်....ကောင်းမွန်စွာပြုလုပ်ရာ၏။” တိပ္ပွား။ ၂၀၅။ဆွမ်းစဉ် - ကြိ / ဆွန်းစင် / ဆွန်းစင် / ၁။ ဆွမ်း သို့မဟုတ် အခြားသော လှူဖွယ်ပစ္စည်းများကို ရဟန်းတို့အား လှူရန် ခွဲဝေစီစဉ်သည်။ ၂။ အသုဘကိစ္စအတွက် ခုနှစ်ရက်လည်ပြီး အာရုံတွင်း နေ့စဉ်ဆွမ်းသွပ်သည်။
— န / ဆွန်းဇင် / ဆွန်းဇင် / ၁။ ဆွမ်း သို့မဟုတ် အခြားသော လှူဖွယ်ပစ္စည်းများကို ရဟန်းတို့အား လှူရန် ခွဲဝေစီစဉ်ခြင်း။ “လှူဝတ်များစွာ၊ ဇိယကာတို့၊ ဘိတ်လာသောအား၊ ဆွမ်းစဥ်သွားသည်” ကောက်။ ၁၆။ ၂။ သေသောအခါ ခုနှစ်ရက်လည်ပြီး အာရုံတွင်း နေ့စဥ် ဆွမ်း
သွပ်ခြင်း။ “ဆွမ်းစဉ်ပရိက်ရွတ်သည့်ကား…မထောင်းတာ” သီလရိ။ ၅။ဆွမ်းဆန်စိမ်း - န / ဆွန်းဆန်စိမ်း / ဆွမ်းဆန်နှင့် အခြား လှူဖွယ်ပစ္စည်း။ “ဆွမ်းဆန်စိမ်းလောင်းလှူရာမှာ ကြည်ဖြူစွာရှိ” ထပ်။ ၁၇၇။
ဆွမ်းညွှန်း - ကြိ / ဆွန်းညွန်း / ဆွမ်းစားကြွရန် စီစဉ်ခေါ်ဆိုသည်။
ဆွမ်းညွှန်းန်း - ကြိ / ဆွန်းညွန်းန်း / ဆွမ်းညွှန်း - ကြိ နှင့် အတူတူ။
ဆွမ်းတော် - န / ဆွန်းဒေါ် / ဆွမ်းဒေါ် / ၁။ ဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း လှူသော ဆွမ်း။ ၂။ [ဥပစာ] ဆွမ်းခံသူ။ “ဟဲ့၊ ဆွမ်းတော်လာပြီ” ဒေရီ၊ ဍု။ ၃၃။ဆွမ်းတော်ကြီးတင် - န / ဆွန်းဒေါ်ဂျီးတင် / လူအများက ဝိုင်းဝန်း၍ ရပ်ရွာရှိ တန်ခိုးကြီးဘုရားတွင် ဆွမ်း စသော သစ်သီး ခဲဖွယ်တို့ ကပ်လှူခြင်း။ “ဆွမ်းတော်ကြီးတင်ပွဲမှာ စုပေါင်းလှူဒါန်းနည်းမျိုးဖြစ်၍ စိတ်ဝင်စား အားပေးဘွယ် ကောင်းေမ့” လူထုပညာ၊ ၃။ ၃၊ ၄။
ဆွမ်းတော်တင် - ကြိ / ဆွန်းဒေါ်တင် / ဆွန်းဒေါ်တင် / ဘုရားအား ဆွမ်းလှူသည်။ “နနွင်းမကောင်းကို နနက် ဆွမ်းတော်တင်မည်” နံ။ ၂၃၄။
— န / ဆွန်းဒေါ်ဒင် / ဆွန်းဒေါ်ဒင် / ဘုရားအား လှူဒါန်းသော ဆွမ်း၊ မုန့်၊ သစ်သီး စသည်။
ဆွမ်းတင် - ကြိ / ဆွန်းတင် / ဆွန်းတင် / ဦးရှင်ကြီးနောက်ကို ကောက်ညှင်း၊ အုန်းသီး၊ ငှက်ပျော စသည်တို့ဖြင့် ပူဇော်ပသသည်။
— န / ဆွန်းဒင် / ဘုရားတွင် ဆွမ်းတော်တင်ရသူ။ “ဆွမ်း တင်၊ စည်တီး၊ မျက်နှာ တော် သုတ်၊ တံခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင့်စာ ချောက်” ညဉ္စ။ ၁၃။
ဆွမ်းပန်း - န / ဆွန်းပန်း / ဆွမ်း - န နှင့် အတူတူ။ “မဆွ ရွှေခါ၊ ရှင့်ရုပ်ဝါဖြင့်၊ ဂေပါလထံ၊ ဆွမ်းပန်းခံ၍” ကိုး * ၉၃။
ဆွမ်းဖိတ် - ကြိ / ဆွန်းဖိတ် / ဆွန်းဖိတ် / ၁။ ဒါယကာက ရဟန်းအား ဆွမ်းစားကြွရန် ပင့်ခေါ်သည်။ ၂။ နေ့စဉ်ဆွမ်း လောင်းရန် ရဟန်းက ဒါယကာအား ပြောကြားသည်။ ၃။ နေ့စဉ်ဆွမ်းခံကြွရန် ဒါယကာက ရဟန်းအား လျှောက်ထားသည်။
ဆွမ်းမွှေး - န / ဆွန်းမွှေး / ရှည်မျောသောအရွက်ရှိ၍ ထမင်းတွင်ထည့်၍နှပ်လျှင် ထမင်းမွှေးစေသော မြက်ပင်။ (ညောင်ရမ်းအိုးတွင်လည်း ထိုးရသည်။)
ဆွမ်းစဉ် - ကြိ / ဆွန်းစင် / ဆွန်းစင် / ၁။ ဆွမ်း သို့မဟုတ် အခြားသော လှူဖွယ်ပစ္စည်းများကို ရဟန်းတို့အား လှူရန် ခွဲဝေစီစဉ်သည်။ ၂။ အသုဘကိစ္စအတွက် ခုနှစ်ရက်လည်ပြီး အာရုံတွင်း နေ့စဉ်ဆွမ်းသွပ်သည်။
— န / ဆွန်းစင် / ဆွန်းစင် / ၁။ ဆွမ်း သို့မဟုတ် အခြားသော လှူဖွယ်ပစ္စည်းများကို ရဟန်းတို့အား လှူရန် ခွဲဝေစီစဉ်ခြင်း။ “လှူဝတ်များစွာ၊ ဇိယကာတို့၊ ဘိတ်လာသောအား၊ ဆွမ်းစဉ်သွားသည်” ကောက်။ ၁၆။ ၂။ သေသောအခါ ခုနှစ်ရက်လည်ပြီး အာရုံတွင်း နေ့စဉ် ဆွမ်းသွပ်ခြင်း။ “ဆွမ်းစဉ်ပရိက်ရွတ်သည့်ကား…မထောင်းတာ” သီလရိ။ ၅။
ဆွမ်းဆန်စိမ်း - န / ဆွန်းဆန်စိမ်း / ဆွမ်းဆန်နှင့် အခြား လှူဖွယ်ပစ္စည်း။ “ဆွမ်းဆန်စိမ်းလောင်းလှူရာမှာ ကြည်ဖြူစွာရှိ” ထပ်။ ၁၇၇။
ဆွမ်းညွှန်း - ကြိ / ဆွန်းညွန်း / ဆွမ်းစားကြွရန် စီစဉ်ခေါ်ဆိုသည်။
ဆွမ်းညွှန်းန်း - ကြိ / ဆွန်းညွန်းန်း / ဆွမ်းညွှန်း - ကြိ နှင့် အတူတူ။
ဆွမ်းတော် - န / ဆွန်းဒေါ် / ဆွမ်းဒေါ် / ၁။ ဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း လှူသော ဆွမ်း။ ၂။ [ဥပစာ] ဆွမ်းခံသူ။ “ဟဲ့၊ ဆွမ်းတော်လာပြီ” ဒေရီ၊ ဍု။ ၃၃။
ဆွမ်းတော်ကြီးတင် - န / ဆွန်းဒေါ်ဂျီးတင် / လူအများက ဝိုင်းဝန်း၍ ရပ်ရွာရှိ တန်ခိုးကြီးဘုရားတွင် ဆွမ်း စသော သစ်သီး ခဲဖွယ်တို့ ကပ်လှူခြင်း။ “ဆွမ်းတော်ကြီးတင်ပွဲမှာ စုပေါင်းလှူဒါန်းနည်းမျိုးဖြစ်၍ စိတ်ဝင်စား အားပေးဘွယ် ကောင်းေမ့” လူထုပညာ၊ ၃။ ၃၊ ၄။
ဆွမ်းတော်တင် - ကြိ / ဆွန်းဒေါ်တင် / ဆွန်းဒေါ်တင် / ဘုရားအား ဆွမ်းလှူသည်။ “နနွင်းမကောင်းကို နနက် ဆွမ်းတော်တင်မည်” နံ။ ၂၃၄။
— န / ဆွန်းဒေါ်ဒင် / ဆွန်းဒေါ်ဒင် / ဘုရားအား လှူဒါန်းသော ဆွမ်း၊ မုန့်၊ သစ်သီး စသည်။
ဆွမ်းတင် - ကြိ / ဆွန်းတင် / ဆွန်းတင် / ဦးရှင်ကြီးနောက်ကို ကောက်ညှင်း၊ အုန်းသီး၊ ငှက်ပျော စသည်တို့ဖြင့် ပူဇော်ပသသည်။
— န / ဆွန်းဒင် / ဘုရားတွင် ဆွမ်းတော်တင်ရသူ။ “ဆွမ်း တင်၊ စည်တီး၊ မျက်နှာ တော် သုတ်၊ တံခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင့်စာ ချောက်” ညဉ္စ။ ၁၃။
ဆွမ်းပန်း - န / ဆွန်းပန်း / ဆွမ်း - န နှင့် အတူတူ။ “မဆွ ရွှေခါ၊ ရှင့်ရုပ်ဝါဖြင့်၊ ဂေပါလထံ၊ ဆွမ်းပန်းခံ၍” ကိုး * ၉၃။
ဆွမ်းဖိတ် - ကြိ / ဆွန်းဖိတ် / ဆွန်းဖိတ် / ၁။ ဒါယကာက ရဟန်းအား ဆွမ်းစားကြွရန် ပင့်ခေါ်သည်။ ၂။ နေ့စဉ်ဆွမ်း လောင်းရန် ရဟန်းက ဒါယကာအား ပြောကြားသည်။ ၃။ နေ့စဉ်ဆွမ်းခံကြွရန် ဒါယကာက ရဟန်းအား လျှောက်ထားသည်။
ဆွမ်းမွှေး - န / ဆွန်းမွှေး / ရှည်မျောသောအရွက်ရှိ၍ ထမင်းတွင်ထည့်၍နှပ်လျှင် ထမင်းမွှေးစေသော မြက်ပင်။ (ညောင်ရမ်းအိုးတွင်လည်း ထိုးရသည်။)
ဆွမ်းမွှေး - န / ဆွန်းမွှေး / ရှည်မျောသောအရွက်ရှိ၍ ထမင်းတွင်ထည့်၍နှပ်လျှင် ထမင်းမွှေးစေသော မြက်ပင်။ (ညောင်ရမ်းအိုးတွင်လည်း ထိုးရသည်။)
ဆွမ်းရပ် - ကြိ / ဆွန်းယုတ် / ဆွန်းယုတ် / အလှူခံသည်။ “ရုက္ခာရှုပါတိတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာ၏” ကုလာ၊ ပ။ ၂၂၇။
ဆွမ်းလောင်း - ကြိ / ဆွန်းလောင်း / ဆွမ်းလောင်း / ဆွမ်းခံသူ၏ သပိတ်ထဲသို့ ဆွမ်းထည့်၍ လှူသည်။
ဆွမ်းလုပ်ကျွေး - ကြိ / ဆွန်းလုတ်ကျွေး / ဆွန်းလုတ်ကျွေး / သံဃာအား ဆွမ်းကျွေးသည်။ “ရှင်တော် မှောက်ဝယ်၊ အလျောက်အပတ်၊ ပရိသတ်တို့၊ ရိုညွတ်လှူပေး၊ ဆွမ်းလုပ်ကျွေး၍” ပါပီ* ၁၄၇။
ဆွမ်းသိန်းပွဲ - န / ဆွန်းသိန်ပွဲ / ဆွန်းသိန်ပွဲ / အပတ်စဉ် သံဃာဒါန ဆွမ်းလောင်းခြင်းကို တဝါတွင်း အတွက် အပြီးသတ် ပြုလုပ်သည့်ပွဲ။
ဆွမ်းသွတ် - ကြိ / ဆွန်းသုတ် / ဆွန်းသုတ် / ကွယ်လွန်သူကို ရည်မှတ်၍ ခုနှစ်ရက်အတွင်း သံဃာအား ပင့်ဖိတ် ဆွမ်းလှူသည်။ “ပင်လယ်၍ ရေစံသေသောသူကို ဆွမ်းသွတ်သောခါ၌” တိုးပွား။ ၁၄၄။
ဆွမ်းဟင်း - န / ဆွန်းဟင်း / ဆွန်းဟင်း / သံဃာအား ကပ်လှူသော ဟင်း။
ဆွမ်းအုပ် - န / ဆွန်းအုတ် / ဆွန်းအုတ် / ဆွမ်းထည့်ရန် အုပ်။ “အချို့သောအရပ်၌ သံဃာများကို ဆွမ်းလောင်းမည့် ဆွမ်းအုပ်မှ ဆွမ်းတအုပ်ကိုယူ၍....နတ်တင်တတ်, ခြင်းစသည်” တိုးပွား။ ၁၄၄။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment