ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ လူသစ်တယောက်တွေ့တယ်။ သူကစကားနည်းတယ်။
အတော်လေးကြာမှ
"ဆရာ့ဆီမှာ စာအုပ်တွေရှိလား"
"ရှိတယ်။ စာဖတ်သလား။"
"ဖတ်တယ်။"
"ဘယ်လိုအကြောင်းအရာကို စိတ်ဝင်စားသလဲ"
"သုတ"
"ကောင်းတယ်"
"ဆရာ့သားတယောက်ဆီမှာ စာအုပ်တွေ ပိုများတယ်။"
လက်ဖက်ရည်ဆိုင်ကနေ အိမ်ပြန်ရောက်တော့ အဲဒီသားတယောက် ရောက်လာပြီးပြောတယ်။
သူငယ်ချင်းတယောက် သူ့သူငယ်ချင်းဆီမှာ စာအုပ်တွေရှိတယ်။ နေရာပြောင်းရမှာမို့ စာအုပ်တွေကို စာကြည့်တိုက်ခုကို လှူမလို့တဲ့။
သတင်းပေးတဲ့သူငယ်ချင်းဆိုသူက ဆက်ပေးတာနဲ့ စာအုပ်တွေ ရတော့မယ်တဲ့။ အရေအတွက် မနည်းဘူး။ မြန်မာလိုစာအုပ်တွေတဲ့။
စာဖတ်သူတွေဟာ ထိုင်ပြီးစာဖတ်နေရင်း
"ဂျော့ချ်အိုဝဲလ်" နဲ့တွေ့မယ်။ "မောင်ထင်" နဲ့တွေ့မယ်။
"တဂိုး" နဲ့ တွေ့မယ်။ "ဇော်ဂျီ" နဲ့တွေ့မယ်။
စာဖတ်ချင်သူက တိုင်းရင်းသားတဦး။
ပုံ = နယူးဒေလီ ကျွန်တော့ရုံးက စာအုပ်စင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment