ရွှေစာရေးငါး (Botia histrionica) သည် မြန်မာနိုင်ငံရှိ ရေချိုမြစ်ချောင်းများတွင် တွေ့ရသော အဆင်းလှသည့် ငါးမျိုးစိတ်တခု ဖြစ်သည်။ ငါးဆော့ကျား သို့မဟုတ် အင်္ဂလိပ်လို Golden zebra loach / Burmese loachဟု ခေါ်ဆိုသည်။
အမျိုးအစား: ရေချိုငါးသလဲထိုးမျိုးရင်းဝင် (Botiidae)
တွေ့ရှိရာနေရာ: အိန္ဒိယ၊ နီပေါ၊ မြန်မာ (အထူးသဖြင့် သံလွင်မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဝှမ်းဒေသများ)
အရွယ်အစား: အများအားဖြင့် ၅ လက်မ (၁၀-၁၃ စီတီမီတာ) ခန့်အထိ ကြီးထွားသည်။
ရေစီးသန်ပြီး အောက်ခြေတွင် ကျောက်စရစ် သို့မဟုတ် သဲပါဝင်သည့် ရေကြည် တောင်ကျချောင်းများကို နှစ်သက်သည်။ အုပ်စုဖွဲ့နေတတ်သည်။
အနွယ်တော် အသားစားနှင့် ရေအောက်အကောင်ငယ်များ စားသုံးသည်။
၁။ ငါးမွေးကန်တွင် မွေးမြူရန်အတွက် "၎င်းလိုအပ်သော အာဟာရဓာတ်" (Fish Dietary Requirements)
ရွှေစာရေးငါးသည် စုံစား (Omnivore) သတ္တဝါဖြစ်ပြီး ကျန်းမာသန်စွမ်းပြီး အရောင်အသွေး လှပစေရန် အောက်ပါ အာဟာရဓာတ်များ မျှတစွာလိုအပ်သည်။ ၎င်းတို့၏ ကိုယ်ခန္ဓာ ကြီးထွားမှုနှင့် ခုခံအားအတွက် အသားဓာတ် လိုအပ်သဖြင့် ရေအောက် နစ်ဝင်သော ငါးစာတောင့်များ (Sinking Pellets/Wafers)၊ သွေးသန် (Bloodworms)၊ တီကောင်ပတ်တုပ် (Tubifex) နှင့် ရေလှေး (Daphnia) တို့ကို ကျွေးပေးရပါမည်။
အမျှင်ဓာတ်နှင့် ဗီတာမင်: အစာခြေစနစ် ကောင်းမွန်စေရန်အတွက် အသီးအရွက် အာဟာရဓာတ် လိုအပ်သည်။ ဟင်းနုနယ်ရွက်၊ သခွားသီး၊ ကန်စွန်းဥ သို့မဟုတ် ဇူကီနီ (Zucchini) တို့ကို ရေနွေးဖျော၍ ကျွေးနိုင်သလို၊ ရေညှိပြား (Algae Wafers) များလည်း ပေးနိုင်သည်။
၎င်းတို့သည် ကန်အတွင်းရှိ ခရုပတ်ကလေးများကို လိုက်လံစားသုံးတတ်သဖြင့် သဘာဝ ပရိုတိန်း ဓာတ်ကိုလည်း ရရှိစေသည်။
၂။ လူသားများ စားသုံးရန်အတွက် "၎င်းတွင် ပါဝင်သော အာဟာရဓာတ်" (Human Nutritional Value)
ရွှေစာရေးငါး အပါအဝင် ငါးသလဲထိုးမျိုးရင်းဝင် (Loach) များသည် အာရှနိုင်ငံအချို့တွင် ဖမ်းဆီး စားသုံးလေ့ရှိသော ငါးငယ်များ ဖြစ်ကြသည်။
ရရှိနိုင်သော အာဟာရဓာတ်များ
ခန္ဓာကိုယ် တည်ဆောက်မှုအတွက် အရည်အသွေးမြင့် ပရိုတိန်းဓာတ် (၁၈% မှ ၂၀% ဝန်းကျင်) ကြွယ်ဝစွာ ပါဝင်သည်။
အဆီပါဝင်မှုနှုန်း နည်းပါးသဖြင့် (၃% အောက်) ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ ဖြစ်သည်။
ငါးကလေးများကို အရိုးပါ ဝါးစားလေ့ရှိသဖြင့် ကယ်လ်ဆီယမ် နှင့် ဖော့စဖရပ်ဓာတ်များစွာ ရရှိပြီး အရိုးနှင့် သွားများကို သန်မာစေသည်။ ထို့ပြင် ဗီတာမင် A၊ ဗီတာမင် B1၊ B2 နှင့် သံဓာတ်များလည်း ပါဝင်သည်။
ရွှေစာရေးရွာ
ဘုတလင်မြို့နယ် / ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။
မြစ်အနောက်ဘက် ကျောက်ကမ်းပါးယံနှင့် ရွှေစာရေးဘုရား တည်ရှိသည်။
ချင်းတွင်းမြစ်၏ နာမည်ကျော် ရေဝဲကြီးတခု ဖြစ်ပြီး အထက်တွင် ပေဝဲ၊ အောက်တွင် ရွှေစာရေးဝဲဟူ၍ မှတ်သားကြသည်။ မိုးတွင်းဆို ရေကကမ်းလုံးပြည့်ချိန်ဆိုရင် ရေစီးသံက ကြောက်စရာကောင်းသလို အဲဒီလိုအချိန်မျိုးမှာ ငါးပေါလေ့ရှိပါတယ်။
မိုးတွင်းရေကြီးချိန်မဟုတ်ပါက ရွှေစာရေးဝဲသည် ကြောက်စရာမကောင်းဘဲ ကျောက်တောင်နံရံကြီးများဖြင့် သဘာဝရှုခင်းသည် လှပ ကြည်နူးစရာကောင်းသည်။
ရွှေစာရေးငါးက တခြားငါးတွေ နဲ့မတူဘဲ အလွန်ချိုပါတယ်။
ဟိုတချိန်ကတော့ ဘုတလင်၊ ညောင်ကန်နဲ့ ဝန်ဘိုရွာတွေကို ရောက်တိုင်း စားခဲ့ရပါတယ်။
ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment