Skip to main content

Hell Hound at Large ငရဲခွေးကြီး လွတ်နေတယ်

ဒေါက်တာ ဒေါက်တာ့ဆီကို page တခုရဲ့ Link ပို့ပေးပါ့မယ် အရမ်းအကျိုးရှိတဲ့ page တခုပါ ဒေါက်တာနှစ်သက်မယ်လို့ ထင်မိပါတယ် လေးစားစွာဖြင့်

ကျေးဇူး။ လင့်ကိုဖွင့်ပါတယ်။ အစောဆုံးတွေတာတွေထဲက တခုကို ဖွင့်ဖတ်တယ်။

Myanmar Library

မြန်မာ ဟာသစာပေ 

ခေတ်အမျိုးမျိုးမှ မြန်မာဟာသစာပေ

ဦးညိုမြ (အိုးဝေ) 

လူမှာ အကြောပေါင်းတထောင်ရှိသည်ဟု ကြားဖူးပါသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် “ဂွမ်းဆိုဗီ ပိတ်သေသနဖြစ်သည်” ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်းတထောင်လုံး စံပြုသွားသည့် ခံစားမှုမျိုး ဖြစ်ပေမည်။ ပုဂ္ဂရာဇဝင်တွင် အနေမ့်ရတမင်းစောက်သည် ရှင်အရဟံ၏ တရားထူး တရားမြတ်ကို ကြားနာရ၍ “အကြိမ်တရာ စစ်သေော်တူ အဖန်တရာ ဖတ်သော ဝါဂွမ်းကို ချိုင့်သကဲ့သို့ ဩက္ကမသုဒ္ဓိဖြင့် မတုန်မလှုပ်သော ပိတ်ဒွဲတည်၏” ဟု ဖတ်ရှုဖူးပါသည်။ 

အနောက်တိုင်းအယူ

လူတဦးတယောက် ပြီးရွယ်သည့်အခါ မျက်နှာတွင် ရှိသော အကြောပေါင်း ၁၅ ခုမှာ ကျုံ့သွားပြီး အသက်ရှူဟန်လည်း အနည်းငယ် ပြောင်းလဲသွားသည်ဟု ယခုခေတ် အနောက်တိုင်း သိပ္ပံပညာရှင်များက ဆိုပါသည်။ လူတဦး ပျံရွယ်ဟန်ကို အသေးစိတ် လေ့လာကြည့်လျှင် 

၁။ ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျဉ်းလာခြင်း။

 ၂။ အထက်နှုတ်ခမ်း မြှင့်တက်သွား၍ သွားများပေါ်ခြင်း။ 

၃။ နှာခေါင်းနှင့်နှုတ်ခမ်းကြားရှိ အသားများ ကျုံ့ကောက်တွန့်လိမ်ခြင်း။ 

၄။ မျက်စိများ အရောင်တောက်လာခြင်း။ 

၅။ အောက်မျက်ခမ်း အသားကလေးများ တွန့်လိမ်ခြင်းတို့ကို မြင်တွေ့ရမည်ဟု ဆိုပါသည်။ 

ယင်းဝါးမျိုးသော မျက်နှာပြောင်းလဲပုံမှာ ရိုးရိုးကွေ့မျက်နှာ ပြီးရွယ်ချိန်တွင် လေလာရှူမြင်ပုံ ဖြစ်သည်။ ထိုထက်ပိုပို ပြင်းထန်

မှတ်ချက်

လူတွင် အကြောပေါင်း"တစ်"ထောင် ရှိသည်။ မြန်မာတို့၏ အသုံးအနှုန်းတွင် ဂွမ်းဆီထိ ပီတိသောမနဿဖြစ်သည်ဟု ဆိုခြင်းမှာ ယင်းအကြောပေါင်း "တစ်"ထောင်လုံး စိမ့်သွားသည့် ခံစားမှုမျိုး ဖြစ်ပါမည်။ 

မူရင်းစာထဲမှာ လူတွင် အကြောပေါင်းတထောင် ရှိသည်ဟုကြားဘူးပါသည်ဖြစ်ပြီး၊ တင်ပေးသူက တထောင်ကို "တစ်"ထောင်လုပ်ထားတယ်။ အဖန်တရာကိုတော့ "တစ်"ရာမလုပ်ပါ။

အဲလိုပဲ အွန်လိုင်းမှာ စာအုပ်တွေတင်ကြတယ် ကောင်းတယ်ပြောရမှာ တွန့်ဆုတ်မိတယ်။ မူရင်းစာအုပ်တွေရဲ့ သတ်ပုံကို တင်ပေးသူတွေက ပြင်ပေးထားကြတယ်။ မလုပ်ကောင်းတဲ့အရာလို့ ထင်ပါတယ်။

စာအုပ်ကောင်းတွေကို သတ်ပုံတွေ ထင်သလိုပြင်ပြီး ထုတ်ကြတယ်။ ထင်သလိုပြင်ထားတဲ့ ကျောင်းသုံးစာအုပ်တွေနဲ့ သင်ပေးနေကြတယ်။

ညိုမြ (အိုးဝေ) က ငရဲခွေးကြီး လွတ်လာသည်လို့ ၁၉၃၅-၂၆ အိုးဝေမဂ္ဂဇင်းမှား ရေးခဲ့တယ်။ 

အခု မြန်မာစာ ငရဲခွေးကြီး လွတ်နေတယ်။ (ကန်တော့)

ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၁၈ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ