(၁)
ရေနွေးဆူဆူ လိုအပ်ချက်ကို လျှော့ချပေးလိုက်သော (Hiyashi Cup Noodle) သစ်ကို စမ်းသပ်ကြည့်ခဲ့ကြပါသည်။
ယခုနှစ်သည် ဂျပန် ခေါက်ဆွဲထုတ်လုပ်ရေး (Nissin) ကုမ္ပဏီအတွက် သမိုင်းဝင်နှစ်တနှစ် ဖြစ်လာဖွယ် ရှိပါသည်။ နိစ်ဆင်း၏ ၅၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ရုံမျှမက၊ ကုမ္ပဏီ၏ ပထမဦးဆုံးသော ခပ်နူးဒယ်အေးကို စတင် ထုတ်လုပ်လိုက်သောကြောင့် ဖြစ်ပါသည်။
ခေါက်ဆွဲပျော့သွားစေရန် ရေနွေးဆူဆူ လိုအပ်သည့် ပုံမှန် ကပ်နူးဒယ်များနှင့် မတူဘဲ၊ ယခု ကပ်နူးဒယ်အေး ("Hiyashi" ဆိုသည်မှာ "အေးခဲထားသော" ဟု အဓိပ္ပါယ်ရပါသည်) သည် ရေအေးဖြင့် ပျော့သွားစေသည့် နည်းပညာသစ် (Cold Rehydration Method) ဟု ခေါ်သော မူပိုင်ခွင့်ရ ထုတ်လုပ်မှုနည်းစဉ်ကြောင့် ရေအေးတမျိုးတည်းကိုသာ လိုအပ်ပါတော့သည်။
ကပ်နူးဒယ် စားသောက်ရန်အတွက် ရေနွေးအိုး တည်လေ့ရှိကြသော ခေါက်ဆွဲခြောက် နှစ်သက်သူများအတွက် ရေအေးတမျိုးတည်း သုံးရသည့် နည်းလမ်းမှာ မျက်လှည့်ပြသကဲ့သို့ ထင်မှတ်စရာ ဖြစ်သော်လည်း၊ ပူပြင်းသော နွေရာသီလများတွင် ခေါက်ဆွဲဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်မည့် ကြိုဆိုဖွယ်ရာ တိုးတက်မှုတခုလည်း ဖြစ်ပါသည်။ ဇူလိုင်လ ၂၀ ရက်နေ့ တရားဝင် မထုတ်လုပ်မီ ယခု ကုန်ပစ္စည်းသစ်ကို စမ်းသပ်ကြည့်ခွင့် ရခဲ့သဖြင့် တကယ် လုပ်ဆောင်နိုင်ခြင်း ရှိမရှိ သိရှိခဲ့ရပြီး၊ မျှော်လင့်ထားသည်ထက်ပင် လွန်စွာ ကောင်းမွန်သည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရပါသည်။
ပထမဦးစွာ သတိပြုရမည်မှာ ယခု ခေါက်ဆွဲများကို သာမန်အခန်းအပူချိန်ရှိ ရေဖြင့် ပြုလုပ်ရန် စီစဉ်ထားခြင်း မဟုတ်ပါ။ ထိုအစား ရေခဲသေတ္တာထဲမှ လတ်လတ်ဆတ်ဆတ် အေးနေသော ရေကို သုံးစွဲရန် နိစ်ဆင်းက အကြံပြုထားပါသည်။
ဤ ကုန်ပစ္စည်းသစ်ကို စမ်းသပ်ရန် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြသော်လည်း မရေမရာ စိုးရိမ်စိတ် ကလေးလည်း အနည်းငယ် ရှိခဲ့ကြပါသည်။ ရေအေးတမျိုးတည်းဖြင့် တကယ် ပျော့ပါမည်လား။ တင်းမာနေမည်လား သို့မဟုတ် မနပ်ဘဲ ကျန်နေမည်လား။ ခွက်များထဲသို့ ရေအေး လောင်းထည့်စဉ်အတွင်း ဤသည်မှာ ကျွန်ုပ်တို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ကြပါသည်။
ပုံမှန် ရေနွေးသုံး ကပ်နူးဒယ်များအတွက် ၃ မိနစ် ကြာမြင့်လေ့ရှိသော်လည်း၊ ဤခေါက်ဆွဲအတွက် အကြံပြုထားသည့် ၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် အဖုံးများကို လှပ်၍ အတွင်းမှ ပါဝင်ပစ္စည်းများကို သေချာကြည့်ရှုခဲ့ကြပါသည်။
(၂)
ကျွန်တော်တို့ ပြည်ပကနေ မြန်မာ့ဒီမိုကရေစီရေးဆောင်ရွက်ကြစဉ်က တိုင်းပြည်အမျိုးမျိုးကိုရောက်ကြတယ်။ ကိုယ့်အိမ်မှာတော့ သူလိုကိုယ်လို။ ဥရောပနိုင်ငံတွေသွားတိုင်း ဟော်တယ်တွေမှာ တည်းရတယ်။ အစားအသောက်ကတော့ အစည်းအဝေးက မကျွေးတဲ့အခါတိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ်။
NCGUB အစိုးရအဖွဲ့ ထိုင်းနိုင်ငံရုံးတာဝန်ခံက ရှေ့ရေးကို ကြိုမြင်တယ်။ ဆာလာအိတ်ကြီးထဲမှာ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ဗူးတွေ၊ ချစ်ပ်တွေယူလာလေ့ရှိတယ်။ ခေါက်ဆွဲခြော်ထုပ်နဲ့ ဗူးဖွင့် ဟော်တယ်ခန်းကရေနွေးနဲ့ ပြင်ဆင်စားခဲ့ကြရပါတယ်။ ကောင်းတယ်။ ကျေးဇူး။ သူကလည်း ဝန်ကြီးဘဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment