အင်္ဂလိပ်ဘာသာစကား Line (လိုင်း) ဆိုသည့် စကားလုံးသည် စာပေ၊ ပြဇာတ်နှင့် ကဗျာနယ်ပယ်တို့တွင် မူလအဓိပ္ပါယ်အားဖြင့် "စာတကြောင်း" သို့မဟုတ် "စကားတခွန်း" ကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။
ပြဇာတ်အနုပညာတွင် သရုပ်ဆောင်တဦးက စေတနာ၊ စိတ္တဇရုပ်နှင့် အသံနေအသံထား ပါဝင်စွာဖြင့် ပြောဆိုရသော စကားပိုဒ် သို့မဟုတ် စကားစုတခုကို "Line" ဟု ခေါ်ဆိုကြပါသည်။ စာရေးသူများနှင့် စာဖတ်သူများကြားတွင်လည်း စာအုပ်တအုပ် သို့မဟုတ် ပြဇာတ်တပုဒ်မှ အမှတ်တရဖြစ်ဖွယ်၊ လေးနက်ဖွယ် စာကြောင်းများကို ညွှန်းဆိုလိုသည့်အခါ "Iconic lines" သို့မဟုတ် "Famous lines" စသည်ဖြင့် သုံးစွဲလေ့ရှိကြပါသည်။
Lines from Shakespeare ရှိန်းစပီးယား၏ ထင်ရှားသော လိုင်း (စာကြောင်း) များ
ဟင်းမလက် ပြဇာတ်မှ (From Hamlet)
“To be, or not to be: that is the question.”
(ဖြစ်သင့် သို့မဟုတ် မဖြစ်သင့်၊ ဒါဟာ မေးခွန်းတခုဘဲ။)
“The lady doth protest too much, methinks.”
(ဒီအမျိုးသမီး ငြင်းဆန်တာ ပိုလွန်းနေတယ်လို့ ထင်မိပါတယ်။)
“Brevity is the soul of wit.”
(တိုတိုတုတ်တုတ် ပြောတတ်ခြင်းသည် ဉာဏ်ပညာ၏ အသက်ဖြစ်၏။)
“We know what we are but know not what we may be.”
(ငါတို့သည် ယခုအချိန်တွင် ဘာဖြစ်နေမှန်း သိကြသော်လည်း နောင်တွင် ဘာဖြစ်လာမည်ကိုမူ မသိကြပါ။)
ရိုမီယိုနှင့် ဂျူးလီးယက် ပြဇာတ်မှ (From Romeo and Juliet)
“Romeo, Romeo! Wherefore art thou Romeo?”
(ရိုမီယို၊ ရိုမီယို၊ မင်း ဘာကြောင့် ရိုမီယို ဖြစ်နေရတာလဲ။)
“What’s in a name? A rose by any other name would smell as sweet.”
(အမည်နာမမှာ ဘာအဓိပ္ပါယ် ရှိလို့လဲ၊ နှင်းဆီပန်းကို ဘယ်လိုနာမည်ဘဲ ခေါ်ခေါ် မွှေးကြိုင်နေမည်သာ ဖြစ်၏။)
မက်ဘက် ပြဇာတ်မှ (From Macbeth)
“Is this a dagger which I see before me, the handle toward my hand?”
(ငါ့ရှေ့မှာ မြင်နေရတာ ဓါးမြှောင်တချောင်းလား၊ အရိုးက ငါ့လက်ဆီကို ဦးတည်နေပါလား။)
“What’s done cannot be undone.”
(လုပ်ပြီးသွားသည့် ကိစ္စကို ပြန်ပြင်၍ မရနိုင်တော့ပါ။)
ဂျူးလီးယက် ဆီဇာ ပြဇာတ်မှ (From Julius Caesar)
“Beware the Ides of March.”
(မတ်လ၏ ၁၅ ရက်နေ့ကို သတိထားပါ။)
“Cry ‘havoc!’ and let slip the dogs of war.”
(‘ဖျက်ဆီးကြ’ ဟု ဟစ်အော်၍ စစ်ပွဲ၏ စစ်ခွေးများကို လွှတ်လိုက်ကြ။)
“Friends, Romans, countrymen, lend me your ears.”
(မိတ်ဆွေတို့၊ ရောမမြို့သူမြို့သားတို့၊ တိုင်းသူပြည်သားတို့၊ ငါ့စကားကို နားထောင်ကြပါ။)
အက်စ်ယူလိုက်ခ်အစ် ပြဇာတ်မှ (From As You Like It)
“All the world’s a stage, and all the men and women merely players.”
(လောကကြီးတခုလုံးသည် ပြဇာတ်စင်ကြီးတခုဖြစ်၍၊ အမျိုးသား၊ အမျိုးသမီး အားလုံးသည် ကပြသူများသာ ဖြစ်ကြ၏။)
“Sweet are the uses of adversity.”
(ဆင်းရဲဒုက္ခ ကြုံတွေ့ရခြင်း၏ အကျိုးကျေးဇူးသည် မွှေးကြိုင်လှ၏။)
အေ မစ်ဒ်ဆန်းမား နိုက်စ် ဒရင်းမ် ပြဇာတ်မှ (From A Midsummer Night’s Dream)
“Love looks not with the eyes, but with the mind.”
(အချစ်သည် မျက်စိဖြင့် ကြည့်သည်မဟုတ်၊ စိတ်နှလုံးဖြင့် ကြည့်၏။)
“Though she be but little, she is fierce.”
(သူမသည် အရွယ်အစားအားဖြင့် သေးငယ်သော်လည်း ပြင်းထန်လှ၏။)
ဗဲနစ်မြို့မှ ကုန်သည် ပြဇာတ်မှ (From The Merchant of Venice)
“All that glisters is not gold.”
(ပြောင်သမျှ ရွှေမဟုတ်။)
“How far that little candle throws his beams!”
(ထိုဖယောင်းတိုင်သေးသေးလေးသည် အလင်းရောင်ကို မည်မျှအထိ ဝေးဝေးဖြန့်ကျက်နိုင်ပါသလဲ။)
ဟင်နရီ - ၄ ပြဇာတ်မှ (From Henry IV)
“Uneasy lies the head that wears the crown.”
(သရဖူ ဆောင်းထားရသော ခေါင်းသည် အေးချမ်းစွာ မအိပ်စက်ရပါ။)
ကင်းလိယ ပြဇာတ်မှ (From King Lear)
“Nothing will come of nothing.”
(ဘာမှ မရှိခြင်းမှ ဘာမှ ဖြစ်မလာနိုင်ပါ။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment