• ရှေးဦးမြစ်ဖျားခံရာ: မက္ကဆီကိုနိုင်ငံရှိ ဒေသခံလူမျိုးများသည် ငါး၊ သားကောင်ငယ်များနှင့် ဟင်းသီးဟင်းရွက်များကို ထည့်စားရန် ပျော့ပျောင်းပြားဝပ်သော ပြောင်းဖူးပြားများကို ပန်းကန်ပြားသဖွယ် အသုံးပြုခဲ့ကြသည်။
• "Taco" ဟူသော ဝေါဟာရ: ၁၈ ရာစုတွင် မက္ကဆီကိုရှိ ငွေသတ္တုတွင်းလုပ်သားများသည် ကျောက်တုံးများအတွင်းသို့ ထည့်သည့်ယမ်းပုံများကို စက္ကူဖြင့်ပတ်ထားခြင်းကို "တာကို့" ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြရာမှ ဤအမည်တွင်ကျယ်လာခဲ့သည်ဟု ယူဆရသည်။
• ဆင့်ကဲပြောင်းလဲလာပုံ: ဤအစားအစာသည် မက္ကဆီကိုစီးတီးနှင့် အခြားဒေသများတွင် လူတန်းစားအလွှာစုံ စားသုံးသည့် လမ်းဘေးအစားအစာအဖြစ် ပျံ့နှံ့ခဲ့ပြီးနောက် ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတို့တွင် မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။
ချစ်ပိုတယ် ကုလားပဲ တာကို့ (Chipotle Chickpea Tacos)
ပါဝင်ပစ္စည်းများ (၂ ပွဲစာအတွက်)
• သံလွင်ဆီ ၁ ဇွန်း (စားပွဲဇွန်း)
• ကုလားပဲ ၁၅ အောင်စ (ရေစစ်ပြီး ရေဆေးထားပါ)
• ဆိုဒီယမ်ပါဝင်မှုနည်းသော sauté ဆော့ဖ် ၂ ဇွန်း (စားပွဲဇွန်း)
• ချစ်ပိုတယ် ငရုတ်သီးမှုန့် ၁ လက်ဖက်ရည်ဇွန်း
• ကြက်သွန်ဖြူမှုန့် ၁ လက်ဖက်ရည်ဇွန်း
• တာကို့ပြား (သို့မဟုတ်) ပြောင်းဖူးပြား၊ စားသုံးရန်
ပြင်ဆင်ချက်ပြုတ်ပုံ
1. ဒယ်အိုးတလုံးကို အလယ်အလတ် မီးဖိုပေါ်တင်ပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကုလားပဲများကိုထည့်ကာ ရံဖန်ရံခါ မွှေပေးရင်း အနည်းငယ် ရွှေဝါရောင်သန်းလာသည်ထိ ကြော်ပါ။
2. ကုလားပဲထဲသို့ sauté ဆော့ဖ်၊ ချစ်ပိုတယ် ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူမှုန့်တို့ကို ထည့်ပါ။ ရွှေညိုရောင်သန်းလာသည်ထိ နောက်ထပ် ၃-၄ မိနစ်ခန့် ဆက်မွှေကြော်ပါ။
3. ပူပူနွေးနွေး တာကို့ပြားများပေါ်တွင် မိမိနှစ်သက်ရာ အဆာပွဲများနှင့်အတူ ထည့်၍ တည်ခင်းစားသုံးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment