Skip to main content

The Last Hug နောက်ဆုံးပွေ့ဖက်ခြင်း


အောက်ပါ Post မှာ The last hug ဆိုတဲ့ English စကားလုံးကို "အဖက်အသွယ်" ဆိုပြီးဘာသာပြန်သုံးနှုန်းထားပါတယ် မြန်မာစကားမှာ အဖက်အသွယ်ဆိုတဲ့စကားလုံးရှိမရှိသိပါရစေခင်ဗျ။

ပြန်စာ

"အဖက်အသွယ်" ဟူသော အသုံးအနှုန်းသည် စံကိုက် စာပေအရေးအသားတွင် အသုံးမရှိဘဲ "အဆက်အသွယ်" ဟု ရေးသားခြင်းကသာ မူလ သတ်ပုံနှင့် အဓိပ္ပါယ်အရ မှန်ကန်ပါသည်။

"The Last Hug" ဟူသော ရုပ်ရှင်အမည်ကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် စာအဓိပ္ပါယ်အရော၊ ဇာတ်လမ်း၏ ခံစားချက်ပါ ပေါ်လွင်စေရန် အောက်ပါအတိုင်း သင့်လျော်သလို ပေးနိုင်ပါသည် -

နောက်ဆုံးပွေ့ဖက်ခြင်း (မူလ အဘိဓာန်ကျကျ တိုက်ရိုက်ပြန်ဆိုမှု ဖြစ်ပြီး ရှင်းလင်း၍ အဓိပ္ပါယ် ထင်ရှားပါသည်။)

နောက်ဆုံးရင်ခွင် (ဇာတ်လမ်း၏ ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်ကို ပိုမို ပေါ်လွင်စေသော ရုပ်ရှင်ဆန်သည့် အမည်ဖြစ်ပါသည်။)

နောက်ဆုံးတွေ့ဆုံ ပွေ့ဖက်ခြင်း (ဇာတ်လမ်းအကြောင်းအရာအရ ခွဲခွာရခါနီး အတွေ့အကြုံကို အလေးပေးလိုပါက သုံးနိုင်ပါသည်။)

ရုပ်ရှင် စာတန်းထိုး သို့မဟုတ် ဆောင်းပါး ရေးသားရာတွင် "နောက်ဆုံးပွေ့ဖက်ခြင်း" သို့မဟုတ် "နောက်ဆုံးရင်ခွင်" ဟု သုံးစွဲခြင်းက အလိုက်ဖက်ဆုံး ဖြစ်ပါမည်။

အသွယ်သွယ်¹ — ကြိဝိ / အသွယ်သွယ် / အမျိုးမျိုးအဖုံဖုံ။

အသွယ်သွယ်² — နဝိ / အသွယ်သွယ် / သွယ်တန်းလျက်ရှိသော။

သာဓက - "လမ်းပန်းအသွယ်သွယ်တို့၏ အဆင်အပြင်။" (လူမှု။ ၅၂)

— ကြိဝိ / အသွယ်သွယ် / သွယ်တန်းလျက်။

သာဓက - "မျက်ရည်တို့သည် အသွယ်သွယ်ယိုစီးပြီးလျှင်။" (ဇင်း။ ပ။ ၄၉)

အသွယ်သွယ်အဝဝ — ကြိဝိ / အသွယ်သွယ်အဝါဝါ / အသွယ်သွယ်¹ — ကြိဝိ။ နှင့် အတူတူ။

အသုံးအနှုန်းဆိုင်ရာ သုံးသပ်ချက်

အသွယ်သွယ်: "လမ်းပန်းအသွယ်သွယ်"၊ "အကြောင်းအရာ အသွယ်သွယ်" ဟု သုံးစွဲရာ၌ "အမျိုးမျိုးအဖုံဖုံ" သို့မဟုတ် "သွယ်တန်းနေသော" ဟူသည့် အဓိပ္ပါယ်ကို ဆောင်ပါသည်။

အဆက်အသွယ်: ရှေ့တွင် မေးမြန်းခဲ့သော "အဆက်အသွယ်" အသုံးတွင်မူ "အဆက်" (ဆက်သွယ်ခြင်း) နှင့် "အသွယ်" (လမ်းကြောင်း/ကွန်ရက်) တို့ ပေါင်းစပ်ထားခြင်း ဖြစ်သဖြင့် "အဖက်အသွယ်" ဟု ရေးသားခြင်းမှာ စာလုံးပေါင်း မှားယွင်းကြောင်း ဤအဘိဓာန်လာ အဓိပ္ပါယ်များကပါ သက်သေပြနေပါသည်။

(၁)

"အောင်ပင်လယ်"

ရွှေနန်းတော်ရှေ့ ရတနာပုံပြည်ဝယ်

ဇောင်းကလောကန်နဲ့နန္ဒာကန်လယ်

မွှေးထုံပျံကြွယ် ပန်းရနံ့ အသွယ်သွယ်

တောင်သမန် ရေအင်း ငွေအဆင်းသို့နှယ်

ရှေးကဆိုတယ် ဗဟိုနှယ်

အို ဘယ်ဌာန သည်ကာလဝယ်

ထွန်းပဝင်းကျယ်

လွမ်းဘွယ် အံ့ဘွယ်

ပန်းရနံ့ အသွယ်သွယ်

အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ်

(၂)

"သည်ဆောင်းဟေမန်"

သည်ဆောင်း ဟေမန်

မြောက်ပြန်လေညှင်း ဆော်တယ်ကို

ငယ်ကျွမ်းနဲ့တူနှစ်ကိုယ်

ပန်းမှုန်ကြိုင်လျှံ နမ်းမဝသကို

နတ်တော်ပြာသိုခွာညိုသည့် နှင်းနှင်းဖုံဖုံ

ရိုးတံဆင့် ဖူးငုံ ဖူးငုံ

ဝတ်မှုန် ဝတ်မှုန် ဝတ်မှုန်လေ တင့်ဆုံး

သဇင်ပန်းမြတ် ဂမုန်း ငယ်နှင့်လေး 

အသွယ်သွယ် ညွတ်ကိုင်း 

ရွှေသိုင်းညွန့် တလူလူ 

သိင်္ဂီလျှံလမ်း စိန်စီမှန်နန်းဘော်ငယ်မှာ

ပန်းဆင့်ရာ ရွှေကေသာမြန်းပါလို့

သည်ပန်းမှ ပန်းမှ မြတ်ပန်းတော် 

(၃)

"ကချေသည်"

အဟုတ်နော် တကယ်

သရုပ် ဖော်တယ် 

ရွှေပွဲလာများ ရွှင်အားရစေဖွယ်

ထင်ရှား ကျွန်မ အခြေမလွယ်

အဟုတ်နော် တကယ်

သရုပ် ဖော်တယ် 

နောင်သော် မျက်ကွယ်

စီးကျ မျက်ရည် အသွယ်သွယ်

(၄)

"မိုးဘွဲ့ (ဦးယာ)"

ညံ့နူးငယ်မှ ရုပ်ဝါ

လရောင်ထွက်သည့်နှယ်

ရွှေမျက်နှာနှင့်၊ ရွှေကြာပွင့်ချပ်

ပန်းထပ်လွှာကို၊ အသာလှပ်လို့

အပ်မိမှပင်၊ စိတ်ရှိဆင်ပါရော့

နတ်ရှင်တို့လို

မောင်လည်း မယ့်နှယ်၊ ချမ်းလိမ့်မယ်ကြောင့်

အသွယ်သွယ် လွမ်းဟန်နှင့်

တောင်းပန် ဆိုသည်

မြင့်မိုရ်ဘုံဖျားက

သနားပါကောင်း။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ