တခွက်စာ ရတော့မည်။ သူ့ဘေးနာက ဗောက်ရွက်နဲ့ဖြစ်ဖြစ်၊ မလှမ်းမကန်းက မြူရွက်နဲ့ဖြစ်ဖြစ်၊ အိမ်နောက်ဘက်က ကစွန်းရွက်နဲ့ဖြစ်ဖြစ် ရောချက်ရလိမ့်မည်။ အညာချက်။ ငပိ၊ ပုစွန်ခြောက်ပါလေကာ၊ ငရုတ်သီးခြောက်မှုန့်၊ ငရုတ်သီးစိမ်းတောင့်နည်းနည်း။ ဆီးနည်းနည်း (မပါမရှိ)၊ အရည်လည်းပါ၊ သောက်လို့လည်းရ၊ ဆမ်းစားလို့လည်းရ။ ဒါပေမဲ့ ဖက်ရှင်အသုံး သောက်ဆမ်းလို့တော့ မခေါ်ပါ။ အမည်ခေါ်စရာကိုသာ သုံးဆောင်ကြတဲ့ အခုခေတ်ကလူတွေ မကြိုက်လောက်တဲ့ အညာတောဟင်းသာ။ ဒေါက်တာတင့်ဆွေ
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။